
ဖောရောင်ခြင်း ဆိုသည်မှာ ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်း နေရာတွင်မဆိုအရည်များ စုလာပြီး ဖောင်းလာခြင်း ဖြစ်သည်။အမျိုးအစားများဖောရောင်ခြင်းအမျိုးအစားများမှာ- ခြေထောက်နှင့် ခြေချင်းဝတ်တွင် ဖြစ်လျှင်- Peripheral oedema- ဦးနှောက်တွင် ဖြစ်လျှင် - Cerebral oedema-အဆုတ်တွင် ဖြစ်လျှင် - Pulmonary oedema- မျက်လုံးတွင် ဖြစ်လျှင် - Macular oedema- ရောဂါအကြောင်းရင်း မရှိဖောရောင်နေလျှင် - Idiopathic oedema တို့ဖြစ်သည်။လက္ခဏာများ အရေပြား ဖောရောင်ခြင်းနှင့်အတူအရေပြားအရောင်ပြောင်းလာခြင်း၊ ဖောင်းနေသော နေရာကို လက်မနှင့် ဖိကြည့်လိုက်လျှင် ချိုင့်ဝင်သွားခြင်း၊အရိုးများ နာကျင်ကိုက်ခဲခြင်း၊အဆစ်များ တောင့်တင်းခြင်း၊ ကိုယ်အလေးချိန် တိုးလာခြင်း/ လျော့သွားခြင်း၊ သွေးဖိအားနှင့်သွေးခုန်နှုန်း တိုးလာခြင်းတို့ ဖြစ်စေနိုင်သည်။ဖြစ်ပွားရသောအကြောင်းရင်းများ အကယ်၍အချိန်အကြာကြီး ထိုင်ခြင်း/မတ်တပ်ရပ်ခြင်းရှိလျှင် ခြေထောက်ဖောရောင်ခြင်းမှာ ပုံမှန်သဘာဝကြောင့်ဖြစ်သော်လည်းအောက်ပါ ရောဂါများ၏ လက္ခဏာ တစ်ခုအဖြစ်လည်း ဖောရောင်ခြင်း ဖြစ်နိုင်သည်။- ကိုယ်ဝန်ဆောင်များ- ကျောက်ကပ်ရောဂါ - နှလုံးအလုပ်မလုပ်နိုင်ခြင်း (Heart Failure)- နာတာရှည်အဆုတ်ရောဂါ ဖြစ်ခြင်း (Chronic Lung Diseases)- Thyroid ရောဂါ-အသည်းရောဂါ-အာဟာရဓာတ် မပြည့်ခြင်း- Corticosteroid / သွေးကျဆေးများ သောက်နေရခြင်း- သန္ဓေတားဆေးများ သုံးစွဲခြင်းကြောင့်လည်း ဖောရောင်နိုင်သည်။ ခြေထောက်တွင် သွေးခဲခြင်း၊သွေးကြောများ ထုံးခြင်း၊ခြေထောက် ထိခိုက်ဒဏ်ရာ ရခြင်း/ခြေထောက် ခွဲစိတ်မှု ပြုလုပ်ရခြင်းနှင့်အရေပြား မီးလောင်ခြင်းများကြောင့် ခြေထောက်ဖောရောင်ခြင်း ဖြစ်နိုင်သော်လည်းအချိန်အတော်ကြာ မတ်တပ်ရပ်ခြင်းနှင့်မလှုပ်မရှားနေခြင်းကြောင့် ခြေထောက် ဖောရောင်ခြင်းမှာမူအများဆုံးဖြစ်သည်။နောက်ဆက်တွဲ ပြဿနာများဖောရောင်ခြင်း၏ နောက်ဆက်တွဲ လက္ခဏာများအနေဖြင့် - နာကျင်မှု ပိုဆိုးလာခြင်း၊- လမ်းလျှောက်ရ ခက်ခဲလာခြင်း၊ - တောင့်တင်းလာခြင်း၊ပိုးဝင်နိုင်ခြင်း၊ -အမာရွတ်ဖြစ်လာခြင်း၊ - သွေးလည်ပတ်မှု နှေးလာခြင်းနှင့် -အရေပြားတွင်အနာများဖြစ်လာနိုင်သည်။ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များဖောရောင်ခြင်းသည်အရမ်းမဆိုးလျှင် သူ့အလိုလို ပြန်သက်သာသွားသော်လည်း တဖြည်းဖြည်း ပိုဆိုးလာလျှင်၊ (သို့) တခြားရောဂါ လက္ခဏာများ ခံစားရလျှင် ဆေးရုံဆေးခန်းသို့အမြန်ဆုံး သွားရောက်ပြသသင့်ပါသည်။စစ်ဆေးမှုများဖောရောင်သည့် နေရာကို လက်နှင့်ဖိကြည့်ခြင်း၊အာထရာဆောင်းရိုက်ခြင်းအပြင် ဖောရောင်စေသော ရောဂါအကြောင်းရင်းကို ရှာဖွေရန်အတွက်လည်း - ကျောက်ကပ်ဓာတ်များ စစ်ခြင်း၊- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊- သွေးစစ်ခြင်း၊- ဆီးစစ်ခြင်းနှင့် -အသည်းဓာတ်များ စစ်ခြင်းဖြင့်လည်း ရောဂါကို ရှာဖွေနိုင်ပါသည်။ကုသခြင်း-အဝလွန်နေပါက ကိုယ်အလေးချိန် လျှော့ချခြင်း- လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်းအစရှိသော လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပေးခြင်း- ခြေထောက်သွေးလည်ပတ်မှု ကောင်းစေရန် တစ်ရက်လျှင် ၃ကြိမ်/၄ကြိမ် မြှောက်ပေးခြင်း-အချိန်အကြာကြီး မတ်တပ်ရပ်ခြင်းမှ ရှောင်ကြဉ်ခြင်းဖြင့် ခြေထောက်ဖောရောင်ခြင်းကို သက်သာစေနိုင်သည်။ ပြန်ရည်ကြော ပိတ်ခြင်း (သို့) Milroy’s disease ဟုခေါ်သော မွေးရာပါ ပြန်ရည်ကြောများ ပုံစံအနေအထား မမှန်ခြင်းတို့ကြောင့် ခြေလက်များ ဖောရောင်ပါက ကုုသ၍ မပျောက်ကင်းနိုင်သော်လည်းခြေထောက်မြှောက်ပေးခြင်း၊ နှိပ်နယ်ပေးခြင်း၊အရေပြား ထိန်းသိမ်းပေးခြင်းနှင့် Compression stockings ဟုခေါ်သော ခြေစွပ်စွပ်ပေးခြင်းဖြင့် သက်သာစေနိုင်သည်။ ဖောရောင်ခြင်းသည် နှလုံးရောဂါ၊ကျောက်ကပ်ရောဂါအစရှိသော ရောဂါများကြောင့် ဖြစ်ပါကအဆိုပါ ရောဂါများကို သက်ဆိုင်ရာ ဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင် ကုသခြင်းဖြင့်လည်း ဖောရောင်ခြင်း သက်သာစေနိုင်သည်။ သို့ဖြစ်ပါ၍ ဖောရောင်ခြင်းမှ ကာကွယ်နိုင်ရန် ကိုယ်အလေးချိန်လျှော့ခြင်း၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်း၊ နှလုံး၊ သွေးတိုး၊ ဆီးချို မဖြစ်စေရန် ဆင်ခြင်နေထိုင်သင့်ပါသည်။Ref: NHS Choices, UKသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။