Tea Tree Oilရဲ့ အကျိုးကျေးဇူးနဲ့ အသုံးပြုလို့ရတဲ့ နည်းလမ်းများ
lifestylemyanmar.com
|
2020-04-26



လက်ဖက်ပင်အဆီကို အသားအရေ၊ ဆံပင်နဲ့ လက်သည်းကျန်းမာရေးတို့အပြင် အမျိုးမျိုးသော ရည်ရွယ်ချက်တွေအတွက် အသုံးပြုနိုင်ပါတယ်။ သူရဲ့ အကျိုးကျေးဇူးတွေကို သိပ္ပံနည်းကျလေ့လာထားပြီ ဈေးကြီးမားမှုလည်းမရှိတာကြောင့် ဘေးထွက်ဆိုးကျိုးနည်းပါးစွာနဲ့ အသုံးပြုနိုင်ပါတယ်။

လက်ဖက်ပင်အဆီဆိုတာ ဘယ်လိုမျိုးလည်း၊ ဘယ်လိုထုတ်လုပ်ရတာလဲ




လက်ဖက်ပင်အဆီကို Queensland နှင့် New South Wales ပြည်နယ်မှာ ပေါက်ရောက်တဲ့ Melaleuca alternifolia ၏အရွက်မှ ရရှိပါတယ်။ Melaleuca alternifolia ကိုလက်ဖက်ပင်အဖြစ်လူသိများသော်လည်း ၎င်းကိုအနက်ရောင်၊ အစိမ်းရောင်နှင့် oolong လက်ဖက်ရည်ထုတ်လုပ်သည့် လက်ဖက်ရွက်များနဲ့ ရောထွေးမသွားဖို့လိုပါတယ်။ လက်ဖက်ပင်အဆီကို ရာစုနှစ်များစွာကတည်းက အဘိုရီဂျင်းလူမျိုးများက ရိုးရာဆေးတစ်ခုအဖြစ်အသုံးချခဲ့ပါတယ်။ ဒီဩစတေးလျ အဘိုရီးဂျင်းများက လက်ဖက်ပင်များ၊ အရွက်များကို ကြိတ်ခွဲပြီး ဆီကို ထုတ်ယူပါတယ်။ ၎င်းကို ချောင်းဆိုးခြင်းနဲ့ အအေးမိခြင်းများကို ကုသဖို့ ဒါမှမဟုတ် အရေပြားရောဂါတွေကို ကုသဖို့ အသုံးပြုပါတယ်။ လက်ဖက်ပင်အဆီမှာTerpinen-4-ol အပါအ ၀ င်ဒြပ်ပေါင်းများစွာပါ ၀ င်ပြီး အချို့ဗက်တီးရီးယားများ၊ ဗိုင်းရပ်စ်များနှင့်မှိုများကိုသတ်ဖြတ်ပေးနိုင်စွမ်းရှိပါတယ်။ erpinen-4-ol သည် သွေးဖြူဆဲလ်များ၏လှုပ်ရှားမှုများကို တိုးပွားစေပြီး ၎င်းသည်ပိုးမွှားများကို တိုက်ဖျက်ဖို့ ကူညီပေးပါတယ်။

လက်သန့်ဆေးရည်အဖြစ် အသုံးပြုနိုင်ပါတယ်




လေ့လာမှုများအရ ၎င်းသည် E. coli, S. pneumoniae နှင့် H. influenzae (1Trusted Source) အပါအဝင်ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားများနှင့် ဗိုင်းရပ်စ်များစွာကိုသေစေကြောင်းလေ့လာတွေ့ရှိခဲ့ပါတယ်။ လက်သန့်ဆေးအမျိုးအစားများကို စမ်းသပ်လေ့လာမှုများအရ လက်ဖက်ပင်အဆီ ထည့်ပြီး အသုံးပြုပါက ပိုပြီး ထိရောက်မှုရှိတာကို တွေ့ရှိခဲ့ပါတယ်။

အင်းဆက်ပိုးမွှားများကို ဖယ်ရှားပေးပါတယ်




လေ့လာမှုများအရ လက်ဖက်ပင်အဆီသည် သေးငယ်သောအင်းဆက်ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ လက်ဖက်ပင်အဆီဟာ ခြင်ဆေးခွေများ၊ အင်းဆက်ဖြန်းဆေးများထက် ပိုပြီး ခြင်ပြေးစေကြောင်းတွေ့ရှိခဲ့ပါတယ်။

သဘာဝချွေးနံ့ပျောက်ဆေး



လူ့ခန္ဓာကိုယ်က ထွက်လာတဲ့ ချွေးတွေဟာ သူ့ချည်းသာဆို အနံ့အသက်မရှိပါဘူး။ ချွေးဂလင်းများမှာထွက်လာသော ချွေးများဟာ အရေပြားပေါ်မှာရှိတဲ့ ဘတ်တီးရီးယားတွေနဲ့ ပေါင်းစပ်မိတဲ့ အခါမှာတော့ အနံ့အသက်တွေ ထွက်ပေါ်လာပါတယ်။
ချွေးထွက်တဲ့ ဂလင်းများပြားပြီး ဘတ်တီးရီးယားအများအပြားခိုအောင်းတတ်တဲ့ “ချိုင်း” လိုနေရာမျိုးမှာ ဘတ်တီးရီးယားတွေကို တိုက်ဖျက်နိုင်စွမ်းရှိတဲ့ လက်ဖက်ပင်အဆီကို သုတ်လိမ်းပြီး သဘာဝချွေးနံ့ပျောက်ဆေးအဖြစ်အသုံးပြုလို့ရပါတယ်။

ပိုးသတ်ဆေး




လက်ဖက်ပင်အဆီကို အသေးစားဖြတ်တောက်ခြင်းနဲ့ အရေပြားထိခိုက်ရှနာတို့အတွက် ပိုးသတ်ဆေးအဖြစ်လည်း အသုံးပြုလို့ရပါတယ်။ ထိခိုက်ရှနာတွေကို ရေဖြင့် သေချာဆေးကြောပြီး လက်ဖက်ပင်အဆီ တစ်စက်နှစ်စက်ကို အုန်းဆီ လ္ဘက်ရည်တစ်ဇွန်းမှာ ရောနှောပြီး ဒဏ်ရာကို သုတ်လိမ်းပေးနိုင်ပါတယ်။ ဤလုပ်ဆောင်မှုကို ဒဏ်ရာအနာဖေးမတက်ခင်အချိန်ထိ တစ်ရက်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် လုပ်နိုင်ပါတယ်။ ဒါ့အပြင် သုတေသနပြုချက်များအရ လက်ဖက်ပင်အဆီသည် ရောင်ရမ်းခြင်းကိုလျော့နည်းစေပြီး ကုသမှုလုပ်ငန်းစဉ်တွင်အရေးပါသောသွေးဖြူဥများ၏ လုပ်ဆောင်မှုကိုမြှင့်တင်ပေးတယ်လို့ သိရှိရပါတယ်။

ဝက်ခြံနဲ့ လက်သည်းမှိုကပ်ခြင်း




လက်ဖက်ပင်အဆီသည် လေ့လာမှုများအရ ဝက်ခြံကို ထိရောက်စွာ ကာကွယ်ပေးပြီး ဝက်ခြံပေါက်မှုပမာဏကို လျော့ချပေးနိုင်ကြောင်းသိရပါတယ်။ ဒါ့အပြင် လက်သည်းမှိုကပ်ခြင်းများအတွက် လက်ဖက်ပင်အဆီကို အုန်းဆီနဲ့ ဆတူရောစပ်ကာ မှိုကပ်ရာနေရာများကို သုတ်လိမ်းပေးပြီး လက်သည်းမှိုများကို ကုသဖို့အသုံးပြုနိုင်ပါတယ်။

ခံတွင်းသန့်ဆေးရည်



လေ့လာစမ်းသပ်ချက်များအရ လက်ဖက်ပင်အဆီသည် သွားများယိုယွင်းခြင်းနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်လို့သိရပါတယ်။ လက်ဖက်ပင်အဆီသည် သာမာန်ခံတွင်းသန့်ဆေးရည်တွေထက် ပိုမိုကောင်းမွန်တယ်လို့ တွေ့ရှိရပါတယ်။ လက်ဖက်ပင်အဆီကို ၏သဘာဝခံတွင်းသန့်ဆေးရည်လို လွယ်ကူရိုးရှင်းစွာ အသုံးပြုနိုင်ပါတယ်။ လက်ဖက်ပင်အဆီနည်းနည်းကို ရေနွေးနွေးထဲတစ်ခွက်ထဲထည့်ပြီး နှံ့အောင်မွှေကာ သာမာန်ခံတွင်းသန့်ဆေးရည်တွေလို အသုံးပြုလို့ရပါတယ်။ တစ်ခုသတိထားရမှာက အခြားခံတွင်းသန့်ဆေးရည်များနည်းတူ မျိုချလို့ မရပါဘူး။ မျိုချမိပါက အဆိပ်
ဖြစ်နိုင်ပါတယ်။

လက်ဖက်ပင်အဆီကို အရေပြားယားယံနာများ၊ ကြွက်သားနာကျင်ယောင်ယမ်းမှုများ၊ ဟင်းသီးဟင်းရွက်များတွင် ပါဝင်သောမှိုများကို သန့်ရှင်းရန်နဲ့ ဗောက်သတ်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ လက်ဖက်ပင်အဆီဟာ သောက်သုံးမိပါက အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် မတော်တဆမှုများ မဖြစ်ပေါ်စေရန် လက်ဖက်ပင်အဆီကို ကလေးသူငယ်နဲ့ အိမ်မွေးတိရိစ္ဆာန်တို့ လက်လှမ်းမမှီနိုင်တဲ့နေရာမှာထားသင့်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Lifestyle_myanmar

#Dmo_aung

#Ref-healthline




Some text some message..