ခြေစွယ်ငုတ်ခြင်းမှဘယ်လိုကာကွယ်မလဲ
trend.com.mm
|
2020-04-28

မကြာမီမိုးရာသီရောက်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် မိုးရာသီမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ခြေစွယ်ငုတ်ခြင်းမှကာကွယ်ဖို့နဲ့ ဖြစ်ခဲ့ရင်ဘယ်လိုသက်သာအောင်ပြုလုပ်ရမယ်ဆိုတာကို ပြောပြပေးလိုက်ပါတယ်။


၁) ဟိုက်ဒရိုဂျင်ပါ အောက်ဆိုဒ်
ဇလုံ(သို့) အင်တုံထဲကို ရေနွေးနွေးလေးထည့်ပါ။ ပြီးလျှင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကို ခွက်တစ်ဝက် ၃ ရာခိုင်နှုန်းလောက်ထပ်ရောထည့်ပါ။ ထိုရေထဲသို့ ခြေထောက်ကို နှိုက်နှိုက်ချွတ်ချွတ် သုတ်ပေးပါ။ ရောဂါပျောက်တဲ့အထိ ဒီနည်းအတိုင်း တစ်နေ့ကို ၂ ကြိမ်လောက်ပြုလုပ်သင့်ပေးပါတယ်။


၂) ခြေသည်းညှပ်တဲ့အခါ V – shape ပုံစံညှပ်ပေးပါ။
ခြေစွယ်မငုတ်အောင် ခြေသည်းညှပ်တဲ့အခါ V-shape ပုံစံညှပ်ပေးတာက ခြေသည်းရှည်လာတဲ့အခါ ခြေစွယ်ငုတ်ခြင်းကို မဖြစ်ပေါ်စေတဲ့ အကောင်းဆုံး နည်းလမ်းလေးပဲဖြစ်ပါတယ်။


၃) သွားကြားမှ စားကြွင်းစားကျန်ရှင်းတဲ့ သွားကြားရှင်းကြိုး
ခြေစွယ်ငုတ်တဲ့ခြေထောက်ကို မိနစ် ၂၀ လောက် ရေနွေးနွေးလေးဖြင့် စိမ်ထားပေးပါ။ ပြီးလျှင် သေသေချာချာပုဝါစဖြင့် သုတ်သင်ပြီး ခြေစွယ်ငုတ်တဲ့ ခြေသည်းထောင့်ပေါ်ကို လေးညှင်းဆီ တစ်စက်နှစ်စက်လောက် ချပေးပါ။ ပြီးလျှင် ခြေစွယ်ငုတ်တဲ့ ခြေသည်းစအောက်သို့ သွားကြားရှင်းတဲ့ ကြိုးကို ထားပြီး ဖြည်းဖြည်းချင်း တိုက်ဖြတ်ပေးပါ။ တစ်ပတ်အတွင်း ပျောက်သွားတဲ့အထိ အကြိမ်ကြိမ်ပြုလုပ်နိုင်ပါတယ်။


၄) ကြက်ဆူပင်
ဝါဂွမ်းစပေါ်သို့ ကြက်ဆူဆီလောင်းချပြီး ခြေစွယ်ငုတ်တဲ့နေရာတစ်ဝှိုက်ကို သေသေချာချာ သုတ်လိမ်းပေးပါ။ ခြေစွယ်ငုတ်တဲ့ အနာပျောက်ကင်းသည်အထိ နေ့စဉ် ပြုလုပ်ပေးနိုင်ပါတယ်။


၅) ခြေစွယ်အောက်မှာ ဂွမ်းစထားခြင်း
ပူနွေးသောရေဖြင့် ခြေစွယ်ငုတ်တဲ့ ခြေထောက်ကို စိမ်ထားပေးပါ။ သေသေချာချာဆေးကြောသုတ်သင်ပြီးတဲ့အခါ မှေးညှပ်လေးဖြင့် ခြေစွယ်ငုတ်တဲ့ ခြေသည်းစကို လှန်ပြီး ထိုအောက်မှ ဂွမ်းစသေသေးလေးကို ခံထားပေးလိုက်ပါ။ အစပိုင်းမှာ ခံရခက်ပေမယ့် အနာကိုတော့ လျင်လျင်မြန်မြန် ပျောက်ကင်းစေပါတယ်။

Ref;LIFESTYLE-MYANMAR





Some text some message..