Oral Candidiasis ( မက်ခရု )
healthcare.com.mm
|
2018-12-05

ပါးစပ်တွင်း မက်ခရုပေါက်ခြင်းသည် မှိုရောဂါတမျိုးဖြစ်ပြီး Candida albicans ဆိုသောရောဂါဖြစ်စေသော မှိုပိုးတမျိုးကြောင့်ဖြစ်သည်။ ထိုမှိုပိုးသည် ပါးစပ်တွင်းတွင် ပုံမှန်ရှိနေတတ်ပြီးအန္တရာယ်မပေးတတ်ပါ။ တခါတရံတွင် ထိုပိုးပေါက်ပွားမှုများပြီး ရောဂါလက္ခဏာများပြနိုင်သည်။လက္ခဏာများကလေးများနှင့် လူကြီးများ- နို့နှစ်ကဲ့သို့အဖြူရောင်အဖတ်များကို လျှာ၊ ပါးစောင်၊အာခေါင်၊ သွားဖုံးနှင့်အာသီးတွင်   တွေ့ရတတ်သည်။- ရောင်ခြင်း၊ ရဲခြင်းများဖြစ်လာပါကအစာစားရာတွင်လည်းကောင်း၊အစာမျိုချရာတွင်လည်းကောင်း   ခက်ခဲနိုင်သည်။- ထိုအဖြူဖတ်များကို ပွတ်မိပါက သွေးထွက်နိုင်သည်။- ပါးစပ်တွင် ဝါဂွမ်းဖတ်များရှိနေသကဲ့သို့ ခံစားရတတ်ပြီးအရသာခံနိုင်မှုအား နည်းလာသည်။- ပါးစပ်ထောင့်တွင်အက်ကွဲခြင်း၊ နီရဲခြင်းများဖြစ်နိုင်သည်။- ရောဂါအခြေအနေပို၍ဆိုးလာပါက ပါးစပ်ကတဆင့်အစာမျိုပြွန်ထိရောဂါပျံ့နှံ့နိုင်ပြီး   အစာမျိုချ၍မရနိုင်သည်အထိဖြစ်နိုင်သည်။  နို့စို့ကလေးငယ်များနှင့် နို့တိုက်မိခင်များ- နို့စို့ကလေးငယ်များတွင် မက်ကရုဖြစ်ပါက ကလေးငယ်၏ပါးစပ်မှတဆင့် မိခင်၏ရင်သားဆီကို   ရောဂါကူးစက်နိုင်သည်။ ရောဂါကို ပျောက်ကင်းအောင်မကုသပါက ကလေးငယ်၏ပါးစပ်မှ   မိခင်၏ရင်သား၊ မိခင်ရင်သားမှ ကလေးငယ်ဆီသို့အပြန်အလှန်ကူးစက်နိုင်သည်။- နို့တိုက်မိခင်များတွင် ရောဂါကူးစက်ပါကအောက်ပါရောဂါလက္ခဏာများ ခံစားရတတ်သည်။   - နို့သီးခေါင်း ရဲခြင်း၊ နို့သီးခေါင်းအက်ခြင်း၊ ကွဲခြင်း၊ ယားယံခြင်း   - နို့သီးခေါင်းနားတဝိုက်တွင်အရေပြားလန်ခြင်း   - နို့တိုက်၍ မရနိုင်အောင် နာကျင်ခြင်း   - ရင်သားအောင့်ခြင်ဖြစ်ပွားရသောအကြောင်းရင်းများ- မက်ကရုနှင့် ခန္ဓာကိုယ်တွင် မှိုရောဂါပိုးစွဲကပ်ခြင်းသည် ခန္ဓာကိုယ်၏ခုခံအားစနစ်ကျဆင်းနေချိန် သို့   ခုခံအားစနစ်ကို ကျဆင်းစေသော ဆေးများ (ဥပမာ - စတီးရွိုက်ဆေးများ၊ စပ်ဆေးများ)   အလွန်အကျွံသုံးစွဲသောအခါတွင် ဖြစ်နိုင်သည်။-အောက်ပါရောဂါများရှိပါက မက်ကရုဖြစ်နိုင်ချေပိုများသည်။   - HIV/AIDS ခုခံအားကျဆင်းမှုရောဂါခံစားနေရသူများ   - ကင်ဆာရောဂါခံစားနေရသူများ   - ဆီးချိုရောဂါဝေဒနာရှင်များ   - မိန်းမကိုယ်မွေးလမ်းကြောင်းတွင် မှိုရောဂါပိုးရှိသူများဖြစ်နိုင်ချေများသူများ- နို့စို့အရွယ်ကလေးများ-အသက်အရွယ်ကြီးသူများ- ခုခံအားကျဆင်းနေသူများ-အံကပ်တတ်ထားသူများ- ရောဂါအခံတခုခုရှိသူများ (ဆီးချို၊ ကင်ဆာ စသောရောဂါများ)- စတီးရွိုက်ဆေးများ၊ ပိုးသတ်ဆေးများကို ရေရှည်စွဲသောက်နေသူများ- ကင်ဆာရောဂါအတွက် ဆေးသွင်း၊ ရောင်ခြည်ပြ၍ ကုသမှုခံယူနေရသူများနောက်ဆက်တွဲ ပြဿနာများ- ရောဂါကို ထိရောက်စွာကုသမှုမခံယူပါက နောက်ဆက်တွဲပြဿနာများဖြစ်လာနိုင်သည်။  -အစာမျိုပြွန်လမ်းကြောင်းကို ကူးစက်နိုင်ခြင်း  -အစာချေလမ်းကြောင်း၊အဆုတ်၊အသည်းနှင့် နှလုံးအဆို့ရှင်များကို ကူးစက်နိုင်ခြင်း  -အူလမ်းကြောင်းကို ကူးစက်ပါက လိုအပ်သောအာဟာရကို စုပ်ယူနိုင်မှုအားလျော့နည်းသွားနိုင်သည်။ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များသင် သို့မဟုတ် သင့်ကလေးငယ်၏ပါးစပ်တွင်အဖြူဖတ်များတွေ့ပါက တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့်ပြသပြီး ဆေးကုသမှုခံယူသင့်ပါသည်။စစ်ဆေးမှုများ- မြင်တွေ့ရုံဖြင့် မက်ကရုကို ခွဲခြားနိုင်သည်။- ကလေးကြီးများနှင့် ဆယ်ကျော်သက်များတွင် ဖြစ်ပါက ရောဂါအခံတခုခု ရှိ၊ မရှိကို   သေချာစမ်းသပ်စစ်ဆေးမှုခံယူသင့်ပါသည်။      -အစာမျိုပြွန်တွင် ရောဂါဖြစ်ပါက လည်ချောင်းမှအချျွဲကိုယူပြီး ပိုးမွေးခြင်း၊   အစာမျိုပြွန်မှန်ပြောင်းကြည့်ခြင်းစသည်တို့ ပြုလုပ်နိုင်သည်။        ကုသခြင်း- သင်၏ဆရာဝန်မှ သင့်လျော်သော မှိုပိုးသတ်ဆေးအမျိုးအစားကို ညွှန်ကြားပေးမည်။- ကလေးငယ်များတွင် ရောဂါဖြစ်ပါက ပြင်းအားပျော့သော မှိုပိုးသတ်ဆေး (ဥပမာ - လိမ်းဆေး)ကို   ညွှန်းပေးမည်။- ရောဂါတခုခုကြောင့်ဖြစ်သော မက်ကရုဖြစ်လျှင် ထိုရောဂါကိုလည်း ထိထိရောက်ရောက်ကုသရန်   လိုအပ်သည်။- တကိုယ်ရည်သန့်ရှင်းမှုသည်လည်း ရောဂါကုသရာတွင်အရေးကြီးသောအချက်ဖြစ်သည်။ကာကွယ်ခြင်း- သွားနှင့်ခံတွင်းသန့်ရှင်းရေးကိုအထူးဂရုပြုပါ။- စတီးရွိုက်ရှူဆေးများအသုံးပြုပါကအသုံးပြုပြီးတိုင်း ပါးစပ်ကို ပလုတ်ကျင်းပေးပါ။- တနေ့ နှစ်ခါ သွားကို နေ့စဉ်တိုက်ပါ။- သွားရောဂါကုဆရာဝန်နှင့် ၆လတခါပြသပါ။- ဆီးချိုရောဂါရှိပါက သွေးတွင်းအချိုဓာတ်ကို ပုံမှန်ပမာဏတွင်ထိန်းနိုင်အောင် ကြိုးစားပါ။- မိန်းမကိုယ်မှအဖြူဆင်းခြင်း၊ ယားယံခြင်းဖြစ်ပါက ကုသမှုခံယူပါ။Dr.Khine.W.Y.SanRef: Mayo clinicသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..