စိုင်ယာတီကာအကြောနာအတွက်အစွမ်းထိရောက်သော ကုသမှုများ
hellosayarwon.com
|
2018-12-05

စိုင်ယာတီကာအကြောနာ ကုသမှုသည် ရောဂါလက္ခဏာထက် ဖြစ်သောအကြောင်းရင်းကို ကုသမှုအပေါ်အဓိက ဦးတည်ချက်ထားသည်။ သို့သော် ခွဲစိတ်မှုမပါသော ကုသမှု နှင့် ကိုယ်လက်လေ့ကျင့်ခန်း ပူးတွဲကုသမှုသည် နာကျင်မှုကို ပိုမိုသက်သာစေပါသည်။ စိုင်ယာတီကာအကြောနာ ကုသမှု၏ ဦးတည်ချက်မှာ နာကျင်မှုကို သက်သာစေပြီး လှုပ်ရှားမှု ကောင်းမွန်စေရန်ဖြစ်သည်။ ကုသမှုနည်းလမ်းများတွင်အောက်ပါတို့ ပါဝင်ပါသည်။

ဆေးဝါးကုသမှု
NSAID (Aspirin၊ Ibuprofen၊ Naproxenအပါအဝင်) ကဲ့သို့သောအကိုက်အခဲပျောက်ဆေး နှင့်အရောင်ကျဆေးများသည် နာကျင် တောင့်တင်းမှုကို သက်သာစေပါသည်။ ထို့ကြောင့် လေ့ကျင့်ခန်းလုပ်ခြင်း နှင့် ကိုယ်လက်လှုပ်ရှားမှုကို တိုးတက်စေပါသည်။ ကြွက်သားဖြေလျော့စေသော ဆေးများ ဥပမာ။   ။ Cyclobenzaprine (Flexeril) သည် ကြွက်သားတောင့်တင်ခြင်း ရုန်းခြင်းနှင့် ဆိုင်သော မအီမသာ ဖြစ်မှုကို သက်သာစေသည်။ သို့သော် ကြွက်သား ဖြေလျော့ဆေးများသည် သက်ကြီးရွယ်အိုများတွင် စိတ်ရှုပ်ထွေးခြင်း ကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် နာကျင်မှု ပမာဏပေါ်မူတည်ပြီးအကိုက်အခဲပျောက်ဆေးများကို ကုသမှုအစပိုင်းတွင်အသုံးပြုကောင်းပြုနိုင်သည်။

ရုပ်ပိုင်းဆိုင်ရာ ကုထုံး
ဤကုထုံး၏ ရည်ရွယ်ချက်မှာအာရုံကြောပေါ်တွင် သက်ရောက်သော ဖိအားကို လျော့နည်းစေသည့် ကိုယ်လက်လှုပ်ရှားမှုကို ပြုကျင့်ခြင်းဖြစ်သည်။ လေ့ကျင့်ခန်းတွင် တင်းတောင့်နေသော ကြွက်သားများ ပျော့ပျောင်းလာစေသောအကြောလျော့လေ့ကျင့်ခန်းများ နှင့်အေရိုးဗစ်လေ့ကျင့်ခန်းများ (သို့) လမ်းလျှောက်ခြင်းများ ပါဝင်ပါသည်။ ကုထုံးကျွမ်းကျင်ပညာရှင်က သင်ခါး၊ ဝမ်းဗိုက်နှင့် ခြေထောက် ကြွက်သားများ သန်မာစေသော လေ့ကျင့်ခန်းအချို့ကို ပြောပြပါလိမ့်မယ်။

ခါး ဆေးထိုးခြင်း
အရောင်ကျဆေး (ဥပမာ ။  ။  cortisone ကဲ့သို့)ကို ခါးအတွင်းသို့ ဆေးထိုးခြင်းသည်အာရုံကြောအမြစ်များ ရောင်ရမ်းခြင်းကို လျော့ကျစေရန် ကူညီပေးသည်။ ဤနည်းဖြင့် လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေသည်။

ခွဲစိတ်မှု
ခွဲစိတ်မှုသည် ဆေးကုထုံးနှင့် မသက်သာသော လူနာများ (သို့)  ရောဂါလက္ခဏာပိုဆိုးလာသူများ နှင့် ပြင်းထန်သော နာကျင်မှုကို ခံစားရသူများအတွက်အသုံးပြုသည်။ ခွဲစိတ်မှုနည်းလမ်းများတွင် Microdiscectomy ဟုခေါ်သည့် ကျွံနေသော ကျောရိုးအဆစ်ပြားအစိတ်အပိုင်းကို ဖယ်ထုတ်သော ခွဲစိတ်မှု နှင့် Laminectomy ဟုခေါ်သော ကျောရိုးအာရုံကြောမကြီး ပတ်လည်အုပ်ထားသောအရိုး နှင့် စိုင်ယာတစ်အာရုံကြောကို ဖိထားသော တစ်ရှုး ကို ဖယ်ရှားသော ခွဲစိတ်မှုတို့ဖြစ်သည်။ လူအများစုသည် ယောဂ သို့မဟုတ်အပ်စိုက်ကုထုံးသည် စိုင်ယာတီကာအကြောနာကို သက်သာစေသည်ဟု ယုံကြည်ကြသည်။အနှိပ်ကုထုံးသည်လည်း စိုင်ယာတီကာအကြောနာဖြစ်သည့် တစ်လျှောက် ကြွက်သားတောင့်တင်းခြင်း၊ ကြွက်သားရုန်းခြင်းကိုလည်း များစွာအကူအညီဖြစ်ပါသည်။ Biofeedback ဟုခေါ်သည့် လျှပ်စစ်ကိရိယာနှင့် ခန္ဓာကိုယ်၏အလိုအလျောက်စနစ်များကို စောင့်ကြည့်သည့် နည်းလမ်းသည်လည်း နာကျင်မှုနှင့် စိတ်ဖိစီးမှုများကို သက်သာစေပြီး နာကျင်မှုဒဏ်ကို ခံနိုင်စွမ်းရှိစေသည်။ ဤနည်းများကို ရိုးရာကုထုံးများဟု ခေါ်သည်။အထက်တွင် ဖော်ပြထားသော စာရင်းသည်အပြည့်အစုံမဟုတ်သေးပါ။ သို့သော် စိုင်ယာတီကာအကြောနာ ဖြစ်စေသောအကြောင်းရင်းအခြေခံကို သိဖို့အရေးကြီးပါသည်။ ရောဂါအကြောင်းရင်းပေါ်မူတည်ပြီး ကုသမှုများသည် ကွဲပြားသွားပါသည်။

သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..