ကလေးစားချင်စိတ်ရှိလာအောင် ဘာတွေလုပ်ပေးရမလဲ
hellosayarwon.com
|
2018-12-05

ကလေးတစ်ယောက်က ငယ်တဲ့အရွယ်မှာဆိုအစားထက်အဆော့ကိုသာပိုမက်ကြလို့  မေမေတို့အနေနဲ့ ထမင်းကျွေးတိုင်းအမြဲခေါင်းခဲရပါတယ်။ စားတယ်ဆိုရင်တောင်

း၊အသီးအရွက်တို့ထက်

ကို ကြိုက်တဲ့ ကလေးက ပိုများပါတယ်။ ကလေးတစ်ယောက်

မျှတအောင်စားဖြစ်ဖို့ဆိုတာ မေမေတို့နဲ့အများကြီး သက်ဆိုင်နေပါတယ်။ ဒါကြောင့် ထမင်းကျွေးတိုင်း ကလေးတွေ စားချင်အောင် ဘယ်လို ပြင်ဆင်ရမလဲဆိုတာ ခေါင်းခဲနေတဲ့ မေမေတို့အတွက် ဒီလိုမျိုးလေးတွေ လုပ်ကြည့်ဖို့အကြံပေးချင်ပါတယ်။

ထမင်းကျွေးချိန် သတ်သတ်မှတ်မှတ်ထားပါ။ ။
ကလေးတစ်ယောက်ဟာ တစ်နေ့ကို ထမင်း၃ နပ်၊ သရေစာ ၂ နပ်စားရမယ့်အပြင် ရေများများသောက်ဖို့ လိုအပ်ပါတယ်။အစားကိုအချိန်မှန်စားဖို့ ဆိုတာ သိပ်ကိုအရေးကြီးပါတယ်။

ရဲ့ သဘာဝကိုက ဒီနေ့ဒီအချိန်စားထားရင် နောက်နေ့ဒီအချိန်ပြန်ရောက်တာနဲ့ ဗိုက်ဆာတတ်တာမျိုးပါ။ ဒါကြောင့်အချိန်မှန်မှန်စားပြီးအစာအိမ်ကို လေ့ကျင့်ပေးလို့ ရပါတယ်။ ဒါမှအချိန်ကျလာတာနဲ့

းတွေ ဗိုက်ဆာလာကြမှာဖြစ်ပြီးအစားကို သိပ်ကြေးများ မနေတော့မှာဖြစ်ပါတယ်။

၂နာရီခြားတစ်ခါ ကျွေးကြည့်ပါ။
ထမင်းတစ်နေ့ ၃ နပ်အချိန်မှန်ကျွေးတာ မရဘူးဆိုရင် ၂ နာရီခြား တစ်ခါကျွေးကြည့်ပါ။ တစ်နေ့ ၃ နပ်တောင် မရပါဘူးဆိုမှ ၂ နာရီခြားတစ်ခါ စားဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှုာလဲလို့ မေးစရာရှိပါတယ်။ ၂နာရီခြားတစ်ခါဆိုတာ နည်းနည်းစီပဲကျွေးခိုင်းတာပါ။ ဒါဟာ ကလေးရဲ့

ကို လှုံဆော်ပေးသလိုဖြစ်ပါတယ်။အစားဝင်လာပြီဆိုတာနဲ့

အချက်ပြစနစ်ကအစာစားချင်စိတ်ကို လှုံ့ဆော်ပေးပါတယ်။အဲ့ဒီအချိန်မှာအစာလုံလုံလောက်လောက် ဝင်မလာရင် ဗိုက်ဆာတဲ့ စိတ်က ပိုပြီးကြီးစိုးလာပါတယ်။  

ကို ဆွပေးတဲ့ သဘောမျိုးပေ့ါ။

မစားခင်အရင် သရေစာတွေကျွေးကြည့်ပါ။
အနောက်တိုင်း နိုင်ငံတွေရဲ့ စားသောက်မှု ပုံစံဟာ

အရင်စားပြီးမှအဓိကဟင်းပွဲကို စားလေ့ရှိတဲ့ ပုံစံမျိုးပါ။ သရေစာတွေအရင်စားလိုက်တာကြောင့်အစားစားချင်စိတ်တွေပိုဖြစ်လာပြီး နောက်စားတဲ့အစားတွေ ပိုမြိန်စေပါတယ်။ သင့်ကလေးကိုလည်း ဒီလိုမျိုးလေးလုပ်ကြည့်လို့ရပါတယ်။ ထမင်းမကျွေးခင် ပေါင်မုန့်အသားညှပ်လေးကျွေးတာမျိုး၊အခွံမာသီးလေးတွေ ကျွေးတာမျိုးတွေ လုပ်ကြည့်ပါ။ သရေစာဆိုပြီးအမြန်ရတဲ့ ကွတ်ကီးတို့အာလူးချောင်းကြော်တို့တော့အရင်မကျွေးနဲပေါ့။

ကလေးကို နွားနို့အများကြီး မတိုက်ပါနဲ့။


က ကောင်းတယ်၊အာဟာရတွေအများကြီးပါတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့်အစားမစားချင်တဲ့ ကလေးတစ်ယောက်အာဟာရကောင်းကောင်းမရမှာစိုးလို့ နို့်ပဲဖိတိုက်တာမျိုးက ကလေးနဲ့ ထမင်းနဲ့ကို ပိုပြီး ဝေးသွားစေပါတယ်။ ထမင်းမစားခင် နို့ကို သရေစာအနေနဲ့ စားထားတဲ့ ကလေးတစ်ယောက်က  ဗိုက်ပြည့်နေတတ်ပါတယ်။ ဒါကြောင့် နို့ကိုအိပ်ရာဝင်ခါနီး တိုက်တာကသာ ကလေးအတွက်အသင့်တော်ဆုံးပါ။

ကလေးကြိုက်တတ်တာလေးတွေနဲ့အရင်စကြည့်ပါ။
ကလေးကြိုက်တာကိုအရင်ကျွေးပြီး ကလေးရဲ့

ကို နှိုးဆွပေးလိုက်ပါ။ ဒါမှ နောက်စားမယ့်အစားတွေကို လွယ်လွယ်ကူကူကျွေးလို့ရမှာပါ။ စားသင့်တာလေးတွေ ကျွေးလိုက် ကလေးကြိုက်တာလေးတွေ ကျွေးလိုက်နဲ့ ကလေးစိတ်ပြောင်းအောင်တစ်လှည့်စီ လှည့်ကျွေးပါ။

အနံ့ပြင်းတဲ့အစားအစာတွေ ကလေးတွေကို မကျွေးပါနဲ့။
ကလေးတော်တေ်ာများများကအနံ့ပြင်းတဲ့အစားအသောက်တွေနဲ့အရသာပြင်းတာတွေကို မကြိုက်တတ်ကြပါဘူး။အစားမစားချင်ပါဘူးဆိုမှအနံ့ကပါ ဆိုးနေရင် ထမင်းကျွေးလို့ကို ရတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကလေးကိုကျွေးမယ့်ဟင်းထဲမှာ မဆလာတွေ၊ ကြက်သွန်ဖြူအနံ့တွေအများကြီးထည့်တာမျိုးကိုတော့ ရှောင်ရပါလိမ့်မယ်။ တချို့အဆီများတဲ့ ဟင်းတွေဆိုလည်း ကလေးတွေက မြင်တာနဲ့တင်စားဖို့ ငြင်းဆန်ပါလိမ့်မယ်။ ကလေးတွေဆိုတာ ကြက်သားဆီပြန်အစား၊ ကြက်ေြက်ာမှ ကြိုက်တတ်ကြသူတွေလေ။

ကလေးကို ပေးဆော့ပါ။
အပြင်ထွက်ပြီးဆော့ရင် ထိခိုက်မိမှာစိုးလို့၊အပေါင်းအသင်းမှားမှာစိုးလို့ ဆိုပြီးအိမ်ထဲမှာပဲ ဂိမ်းကစားခိုင်း၊ စာပဲလုပ်ခိုင်းတာမျိုးက မေမေတို့အနေနဲ့ မလုပ်သင့်တဲ့အရာတစ်ခုပါ။ ကလေးကို တစ်ခြားသူငယ်ချင်းတွေနဲ့အတူအပြင်ထွက် ပြေးလွှားဆော့ခိုင်းလိုက်ပါ။ ဒါမှ လူတွေနဲ့ ပေါင်းသင်းတတ်ပြီး

မင့်မားလာမယ့်အပြင် လှုပ်လှုပ်ရှားရှားလုပ်ရတော့ ဗိုက်လည်းခဏခဏဆာလို့အစာကြေးများမယ့်အချိန်တောင်ရှိမှာ မဟုတ်တော့ပါဘူး။

ကလေးတွေလည်းအလှကြိုက်ပါတယ်။
လူကြီးတွေ ပဲအလှကြိုက်တယ် မထင်ပါနဲ့။ ကလေးတွေလည်းအလှကြိုက်တတ်ပါတယ်။ ရိုးရိုးထမင်းပန်းကန်ထက်စာရင်အရုပ်လေးတွေပါတဲ့ ထမင်းပန်းကန်နဲ့ဆို ကလေးတွေက ပိုစားချင်ကြပါတယ်။ ဒါကြောင့် ကျောင်းထမင်းဘူးလှလှလေးတွေ၊အရုပ်လေးတွေပါတဲ့ ရေဘူးလေးတွေ၊ ထမင်းကိုလည်း စားချင်စရာကောင်းအောင်အရုပ်ပုံလေးတွေဖော်ပြီး ထမင်းဘူးထည့်ပေးလိုက်သင့်ပါတယ်။

ဆုပေး၊ ဒဏ်ပေးစနစ်ကျင့်သုံးပါ။
ကလေးဆိုတာအရုပ်တွေဆိုအင်မတန်မှ ကြိုက်တတ်တဲ့သူတွေဆိုတော့အရုပ်ပြပြီး ဆွဲဆောင်သင့်ပါတယ်။ ထမင်းကုန်အောင်စားရင်အရုပ်ရမယ်ဆိုတာမျိုးပေါ့။ ဒါကအလိုလိုက်တဲ့နည်းပါ။အမြဲတမ်းတော့ သူတို့လိုချင်တာတွေအကုန် လိုက်ဝယ်ပေးနေလို့ မရဘူးလေ။ တစ်ခါတစ်လေလည်း ထမင်းမကုန်ရင် ရိုက်မယ်ဆိုပြီး ခြောက်ပေးပါ။ ချော့တစ်ခါ ခြောက်တစ်လှည့်ပေါ့။

အားဆေးတိုက်ပါ။
နောက်ဆုံးအနေနဲ့အစာစားချင်စိတ်ကို ဖြစ်စေတဲ့အားဆေးတွေနဲ့

ပည့်ဝတဲ့ ဖြည့်စွက်စာတွေ တိုက်လို့ရပါတယ်။ ဘာဆေးပဲသောက်သောက် မြန်မာနိုင်ငံဆေးဝါးကွပ်ကဲရေးဌာနရဲ့ ထောက်ခံချက်အမှတ်ကိုတော့ တစ်ချက်စစ်ကြည့်ဖို့ လိုတယ်နော်။ ငယ်ရွယ်တဲ့ကလေးတို့ သဘာဝအရအဆော့ပဲသန်ပြီးအစားမမက်တတ်ကြတာ ထုံးစံပါ။အစားစားချိန်ရောက်ပြီဆို ကြေးများတတ်လို့ ခေါင်းခဲနေရတဲ့ မေမေတို့အနေနဲ့ခုပြောတဲ့ နည်းလေးတွေ စမ်းကြည့်ပါ။ ကိုယ့်ကလေးအာဟာရပြည့်ဝပြီး ဉာဏ်ရည်ဖွံဖြိုးဖို့က မေမေတို့အပေါ်မှာအများကြီးမူတည်နေတယ်နော်။    ။

 သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။  ။




Some text some message..