ဖိနပ်ပေါက်တဲ့အနာအမာရွတ်မကျန်စေဖို့ ဒါတွေကို သတိထားပါ
hellosayarwon.com
|
2018-12-05




ပ်အသစ်လေးများဝယ်လာရင် ကိုယ်တွေကြုံနေကျပြဿနာက စတော့တာပဲ။

စီးသွားတုန်းကအကောင်း၊ နည်းနည်းသွားလာပြီးတာနဲ့ ခြေလှမ်းတွေက သိပ်မသွက်နိုင်တော့ဘူး။ ဖိနပ်ကပေါက်နေပြီကိုး။



အရင်ဆုံးပြေးလုပ်နိုင်တဲ့ တစ်ခုတည်းသောအလုပ်က တွေ့ရာဆိုင်မှာ

ာပြေးဝယ်တော့တာပဲ။

တဲ့နေရာလေးကို ပလာစတာကပ်ပြီး ဆက်စီးရင်စီး၊ ဒါမှမဟုတ် ဖိနပ်လဲစရာရှိလဲရတော့တယ်။ ဒါပေမယ့် နောက်နေ့ကျအဆင်ပြေသွားမှာပဲဆိုပြီး အောင့်အည်းပြီး သည်းခံစီးကြပါတယ်။ ဖိနပ်အသစ်လေးကို မစွန့်လွှတ်နိုင်ဘူးလေ။


ဒါပေမယ့်ပြဿနာက တချို့အနာတွေက

လးတွေဖြစ်လာရာကနေ ပေါက်ပြဲကုန်လို့အနာတွေဖြစ်ကုန်တာ၊အသားမာတက်၊အမာရွတ်ဖြစ်ကျန်တာ။အဲဒီလိုဖြစ်ကျန်ခဲ့တဲ့အခါ

းတွေအရုပ်ဆိုးရပြီပေါ့။အနာကနေ

ရင်လည်း နောက်ဆက်တွဲတွေက လာဦးမယ်ဆိုတော့ ကိုယ့်ဘက်က ကြိုးစားကြည့်လို့ရမယ့်အကြံဉာဏ်လေးတွေ ဒီဆောင်းပါးမှာပြောပြပေးချင်ပါတယ်။ အရမ်းကျပ်တဲ့ဖိနပ်ကို မစီးပါနဲ့။ ကိုယ့်ခြေထောက်နဲ့ ကွက်တိတော်တာပဲစီးပါ။ ဆိုင်မှာက စီးကြည့်လို့ရနေတာပဲလေ။ စီးကြည့်ပြီး သက်တောင့်သက်သာရှိမှစီးပါ။ လှပေမယ့်

ကိုဒုက္ခပေးသလိုဖြစ်စေတာမျိုးက ရေရှည်အတွက်မကောင်းပါဘူး။
အရည်အသွေးကောင်းတဲ့ဖိနပ်တွေပဲ စီးပါ။ ဈေးပေါပြီးအရည်အသွေးညံ့တဲ့ ဖိနပ်တချို့က ခြေထောက်အရေပြားအတွက် ရန်သူပါပဲ။ ပျော့ပျောင်းမှုမရှိ၊ မာတောင့်တောင့်ကြီးလည်းဖြစ်နေနိုင်တော့ ပွန်းပဲ့လွယ်တယ်။
နောက်တစ်နည်းက ဖိနပ်ရဲ့အနားသတ်ကို castor oil သုတ်ထားပါ။ မာနေတဲ့ ဖိနပ်ရဲ့အသားကိုပျော့ပျောင်းစေတဲ့အတွက် ဖိနပ်မပေါက်တော့ဘူးပေါ့။
ဖိနပ်အတွင်းပိုင်းကို petroleum jelly နည်းနည်းသုတ်ပြီး တစ်ညထားပါ။ နောက်တစ်နေ့ စီးလို့အဆင်ပြေနေပါလိမ့်မယ်။ မနက်ကျအဝတ်စလေးနဲ့ သုတ်ပစ်လိုက်ပေါ့။ မစီးခင် ဖိနပ်ရဲ့အတွင်းဘက်ကို သုံးညဆက်တိုက်

နည်းနည်းသုတ်ထားပေးပါ။ (သုတ်လို့ရတဲ့ဖိနပ်အသားဆိုရင်ပေါ့)
အထိခိုက်မခံနိုင်တဲ့ ဒါမှမဟုတ် ပျက်စီးမှာစိုးရိမ်ရတဲ့ တန်ဖိုးကြီးဖိနပ်ဆိုရင်တော့ ဖိနပ်ကိုပျော့အောင်လုပ်ဖို့ထက် ကိုယ့်ခြေထောက်ကို ကာကွယ်ကုသဖို့ပဲ ဂရုစိုက်လိုက်ပါတော့။
ခြေမနဲ့ခြေညှိုးကြား လိုမျိုး၊ဖိနပ်ပေါက်တတ်တဲ့ နေရာတွေကို ရွေးပြီး petroleum jelly လိမ်းထားပါ။ ပေါင်ဒါနည်းနည်းလူးထားပါ။

ဖိနပ်ပေါက်တဲ့အနာဖြစ်လာပြီဆိုရင်တော့



အနာကို ဂရုမစိုက်လို့ ပိုပြီးပေါက်ပြဲလာရင်၊ ဖိနပ်နဲ့ပွတ်တိုက်ရင်း ဆက်

လာရင် ဖြစ်လာနိုင်တာက ပိုးဝင်ပြီး

တာရယ်၊အနာကျက်ပြီးအမာရွတ်ကျန်တာရယ်၊အသားမာတက်တာရယ်။




ကပ်ထားပါ။ ဖိနပ်ပေါက်တဲ့အခါ လုပ်နိုင်တာက ပေါက်ပြဲအနာဖြစ်မလာအောင်အစောတည်းက ပလာစတာကပ်ထားလိုက်ဖို့ပါ။ ထပ်မပွန်းပဲ့တော့ဘူးပေါ့။ ဒါပေမယ့် ပလာစတာကို ညစ်ပေတိုင်း၊ လိုအပ်တိုင်းအသစ်လဲပေးဖို့လိုပါတယ်။

ဖစ်လာရင် မဖောက်ပါနဲ့၊ မပေါက်ပါစေနဲ့။ သူ့အလိုလိုချပ်ရပ်သွားမှသာအနာကျက်မြန်စေပြီးအမာရွတ်မဖြစ်စေပါဘူး။


နောက်တစ်ချက်ကတော့ ဖိနပ်စီးတာအသားကျလာလို့အနာကျက်ပြီဆိုရင်

မကျန်အောင် ဂရုစိုက်ဖို့ပါ။ လုပ်လို့ရတဲ့နည်းလေးတချို့ပြောပြမယ်နော်။


ဆန်အနည်းငယ်ကိုအမှုန့်ကြိတ်ပြီး(ဆန်စိမ်းမှုန့်သုံးလည်းရပေမယ့်ကိုယ်တိုင်လုပ်တာက ပိုလတ်ဆတ်ပါတယ်) ရေနဲ့အနှစ်ဖျော်ပါ။ ဖိနပ်ပေါက်တဲ့နေရာကို လိမ်းပါ။ ခြောက်တဲ့အထိထားပါ။ကြက်သီးနွေး ရေလေးနဲ့ ညင်သာစွာဆေးကြောပါ။


သံလွင်ဆီ ကအရေပြားအစိုဓာတ်ထိန်းတဲ့နေရာမှာအကောင်းဆုံးဆေးတစ်လက်ပါ။

နဲ့သံလွင်ဆီပေါင်းရင် ရောင်ရမ်းမှုနဲ့အနာကိုသက်သာစေနိုင်စွမ်းရှိပါတယ်။ သူတို့နှစ်မျိုးကို ဆတူရောပြီး ပျစ်လာအောင်မွှေပါ။ ဖိနပ်ပေါက်တဲ့နေရာကို လိမ်းပြီး မိနစ် ၃၀ သက်တောင့်သက်သာထားပါ။ လုံးဝပျောက်ကင်းတဲ့အထိအိမ်ပြန်ရောက်တိုင်း နေ့တိုင်းလုပ်ပေးရင်နာကျင်မှုသက်သာတဲ့အပြင်အမာရွတ်မဖြစ်အောင်လည်း ကာကွယ်နိုင်ပါလိမ့်မယ်။


ရှားစောင်းလက်ပပ် က

စတဲ့စွမ်းအင်ကြောင့် ဖိနပ်ပေါက်တဲ့အနာနဲ့အမာရွတ်တွေကို ကုသရာမှာ သိသာတဲ့ရလဒ်ရှိစေနိုင်ပါတယ်။ ဖိနပ်ပေါက်တဲ့နေရာကို ရှားစောင်းရဲ့အတွင်းနှစ် သို့မဟုတ် ရှားစောင်းသဘာဝဂျယ်လ်(ဘူး) လိမ်းပေးနိုင်ပါတယ်။အနာကျက်တဲ့အခါလည်း

ကျန်ရင်တောင် တဖြည်းဖြည်းပါးသွားအောင် ကူညီပေးနိုင်ပါတယ်။


ဖိနပ်ပေါက်တဲ့ဒုက္ခက စစီးစီးချင်း နှစ်ရက်ကနေ တစ်ပတ်လောက်တော့ခံစားရတတ်တယ်ဆိုတော့အနာသက်သာဖို့နဲ့အမာရွတ်ကျန်ပြီး ခြေထောက်အလှမပျက်ဖို့ ကြိုးစားကြည့်ရအောင်နော်။ ခြေလှမ်းတိုင်းမှာ ယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းလိုက်ပါတော့။









 

သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။






Some text some message..