ဗီတာမင် ချို့တဲ့တာကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဗီတာမင်ချို့တဲ့ရင် ဖျားနာတာတွေ၊ နေလို့ထိုင်လို့မကောင်းတာတွေ၊ ပင်ပန်းတာတွေ ပုံမှန်မဟုတ်သလို ခံစားရတာတွေဖြစ်တတ်ပါတယ်။ ဗီတာမင်လုံလုံလောက်ကို ခန္ဓာကိုယ်ကမရရှိဘူးဆိုရင် နေ့စဉ်လုပ်ဆောင်ချက်တွေကိုလည်း ကျဆင်းနိုင်ပါတယ်။
ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အစားအစာတွေကို မစားဘူး၊ အာဟာရမျှတတဲ့မစားဘူးဆိုရင် မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်ချို့တဲ့တာမျိုးတွေဖြစ်လာတတ်ပါတယ်။ ဒီလိုဖြစ်နေတာကို ဿမန်အားဖြင့် မသိနိုင်ပေမယ့် သင့်ခန္ဓာကိုယ်ကို ဂရုစိုက်စောင့်ကြည့်ရင်တော့ သင့်ခန္ဓာကိုယ်က ဘာတွေလိုအပ်နေလဲဆိုတာ သိလာနိုင်ပါတယ်။ ခုဖော်ပြမှာက အချိန်ကာလများစွာ ဗီတာမင် ချို့တဲ့တဲ့ မိန်းကလေးတွေဖြစ်လာမယ့်ဆိုးကျိုးတွေပဲဖြစ်ပါတယ်.ဖတ်ကြည့်လိုက်ကြရအောင်
ပါးစပ်ကျန်းမာရေးကျဆင်းလာမယ်
ပါးစပ်နဲ့ခံတွင်းပိုင်းဆိုင်ရာကျန်းမာရေး ကျဆင်းလာခြင်းဟာ ဗီတာမင်ချို့တဲ့ခြင်းရဲ့ တိုက်ရိုက်လက္ခဏာဖြစ်ပါတယ်။ ဘယ်လိုတွေဖြစ်နိုင်လဲဆိုတော့ ပါးစပ်မှာအနာတွေဖြစ်မယ်။ ပါးစပ်ကွဲမယ်၊ သွေးထွက်မယ်။ ဒါတွေဖြစ်လာရင် ရေများများသောက်ပြီး ဗီတာမင် Bပါတဲ့အစာတွေများများစားပါ။
သံဓါတ်ကြွယ်တာတွေစားပေးပါ.နောက်သွားဖုံးပြဿနာတွေလည်းဖြစ်တတ်ပါတယ်။ ဒါက ဗီတာမင် အလွန်နည်းနေတာကိုပြပါတယ်။ ဒါကတော့ ဗီတာမင် Cချို့တဲ့နေတာကိုပြပါတယ်။ ဗီတာမင်စီ က ခန္ဓာကိုယ်ကိုယ်ခံအားကိုကောင်းစေလို့ သူချို့တဲ့ရင် ကျန်းမာရေးလည်းချို့တဲ့စေနိုင်ပါတယ်။ အန်နာဗွန်စီလို ဗီတာမင်စီပါတာတွေစားပေးပါ။
ခြေထောက်တွေလှုပ်ရှားရတာမကောင်းဖြစ်မယ်
ဒီဟာက အာရုံကြောနဲ့သွားစပ်ဆပ်နေပါတယ်။ အဆင်မပြေတဲ့သွားလာမှုတွေကိုခံစားရတတ်ပါတယ်။ ဒီရောဂါက နည်းနည်းကျယ်ပြန့်လို့ ဆရာဝန်နဲ့စစ်ဆေးတာပိုကောင်းပါတယ်။ တတ်နိုင်ရင်တော့ ဗီတာမင် Cများများစားပေးပါ။ ဒါကနာတာရှည်ဗီတာမင်ချို့တဲ့ခြင်း လက္ခာတစ်ခုလို့သတ်မှတ်လို့ရပါတယ်။
နောက်သံဓါတ်ကြွယ်တာတွေများများစားပေးပါ။ ဆိုလိုတာက အသား၊ပဲ၊ ငါး၊ အစေ့၊ အစိမ်းရောင် အသီးအရွက်တွေပေါ့။ ဗီတာမင် Cကြွယ်ချင်ရင်တော့ လတ်ဆတ်တဲ့ အသီးအရွက်တွေများများစားပါ။
မျက်စိကျန်းမာရေးချို့တဲ့လာမယ်
မျက်စိတွေကြည့်ရတာမကောင်းတော့ဘူးဆိုတာ ဗီတာမင်ချို့တဲ့လာတဲ့ လက္ခဏာပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဗီတာမင် Aကြောင့် အမြင်အာရုံပြဿနာတွေဖြစ်လာတာဖြစ်နိုင်ပါတယ်။ ဒီလိုတွေ အမြင်အာရုံနဲ့ပက်သက်ပြီးဖြစ်လာတာတွေကို ပစ်ထားလိုက်ရင် မျက်ကြည်လွှာကိုတောင် ပျက်စီးစေလာနိုင်ပြီး မျက်စိကွယ်တဲ့အထိဖြစ်စေနိုင်ပါတယ်။
ဖြစ်နိုင်ရင် မျက်စိအထူးကုဆရာဝန်နဲ့ပြကြည့်တာကောင်းပါတယ်။ ဒါပေမယ့် အကောင်းဆုံး သင်ကိုယ်တိုင် လုပ်နိုင်တာကတော့ ဗီတာမင် Aလိုအပ်မှုကို ကောင်းကောင်းဖြည့်စွက်တာပါပဲ။ ဒီလိုဖြစ်လာပြီဆို ဗီတာမင် A ကြွယ်ဝတဲ့ နို့ထွက်ပစ္စည်းတွေ၊ ဥ၊ အဝါရောင် ဟင်းသီးဟင်းရွက်၊ လိမ္မော်ရောင် ဟင်းသီးဟင်းရွက်၊ ငါး စတာတွေစားပေးပါ။
ဒါပေမယ့် ဘယ်အရာမှ အလွန်အကျွံစားတာတော့မကောင်းဘူးနော်။ ဗီတာမင် Aချို့တဲ့ရင် ခေါင်းကိုကိတာတွေ၊ အရေပြားယား ယံတာတွေ၊ ပျို့ချင်အန်ချင်တာတွေ၊ အရိုးအဆစ်နာကျင်မှုတွေဖြစ်တတ်ပါတယ်။
လက်သည်းနဲ့ဆံပင်မှာပြဿနာတွေဖြစ်လာမယ်
လက်သည်းတွေကွဲမယ်၊ ဆံပင်ကျွတ်မယ် ပါးမယ် စတာတွေဖြစ်မယ်ဆို ရင် ဒါဟာအာဟာရချို့တဲ့တာကို ပြနေတာပဲဖြစ်ပါတယ်။ တိတိကျကျ ပြောရရင် ညံဖျင်းပီးမမှန်ကန်တဲ့အဟာရကြောင့် ဗီတာမင် B7ချို့တဲ့နေတာဖြစ်ပါတယ်။ ဒါကို Biotinချို့တဲ့မှုလို့လည်းခေါ်ဆိုကြပြီး မသိပဲ ဒီတိုင်းပစ်ထားလိုက်မယ်ဆို နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။
Biotinချို့တဲ့မှုကြောင့် ကြွက်တတ်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတွေဖြစ်တတ်ပါတယ်။ လက်သည်းတွေကွဲတာ၊ ဆံပင်တွေအကြောင်းမရှိ ကျွတ်တာမျိုးတွေလည်းအဖြစ်များပါတယ်။ ဒါကြောင့်Biotin ကြွယ်ဝတဲ့
အခွံမာ
အသား
ငါး
အစေ့
ဟင်းနုနွယ်ရွက်
အာလူး
ငှက်ပျောသီး
ပန်းဂေါ်ဖီ
တဆေး
နို့ထွက်ပစ္စည်း စတာတွေကိုစားပေးဖို့လိုပါတယ်။
ဗီတာမင်ချို့တဲ့မှုကြောင့်ဖြစ်နိုင်တဲ့ ဆံပင်ဆိုးကျိုးတွေမှာ ဦးရေပြားအလွှာတွေပေါ်လာစေတာ၊ မကြာခနယားယံတာမျိုးတွေဖြစ်တတ်ပါတယ်။ အထက်က ပြောပြခဲ့တာတွေအားလုံးက ကာလကြာရှည် ဗီတာမင် ချို့တဲ့ရင်ဖြစ်လာတတ်တဲ့ လက္ခဏာတွေဖြစ်ပြီးတော့ ပစ်ထားမိရင်နောက်ဆက်တွဲဆိုးကျိုးတွေရလာတတ်ပါတယ်။ အကောင်းဆုံးကတော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ပြသကြည့်တာအကောင်းဆုံးပါ.
#Lifesttyle_Myanmar
#Mg_Htet
REF_Power Of Possitivity