အရက်ဖြတ်ခြင်းကို စနစ်တကျပြုလုပ်မယ်
healthcare.com.mm
|
2020-05-13


ဘယ်သူကမှတော့ အရက်ကို စွဲသောက်သူ မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ အရက်စွဲ သူတွေက ပိုများလာပါတယ်။ အမေရိကန်မှာဆိုရင် လူ ၁၃ ယောက်မှာ တစ်ယောက်က အရက်စွဲသူ ဖြစ်နေပါတယ်။ မိခင်လောင်းက အရက်သောက်ခဲ့ရင် မွေးလာတဲ့ ကလေးက အရက်စွဲနိုင်ပါတယ်။ အရက်စွဲပြီဆိုရင် ခန္ဓာစိတ်ဓာတ်နှင့် ဆက်ဆံရေးနယ်ပယ်အားလုံး ယိုယွင်းပါတယ်။ နှစ်စဉ်နှစ်တိုင်း လူ ၁၀၀၀၀၀ ကျော်ဟာ အရက်ကြောင့်သေကြပါတယ်။ အရက်အမူးလွန်လို့ အဖမ်းခံရတာ၊ ကျောင်းပျက်တာ၊ မတော်တဆဖြစ်တာတွေ၊ ခိုက်ရန်ဖြစ်ပွားတာ၊ ဆက်ဆံရေးပျက်တာတွေ ကြုံရပါတယ်။ အရက်ကိုဖြတ်ရင်လည်း ယတိပြတ်ဖြတ်တာမျိုး မလုပ်ဘဲ စနစ်တကျဖြတ်တာမျိုး ကိုပဲ သုံးသင့်ပါတယ်။ အရက်စွဲသူတွေ အနေနဲ့ အောက်ပါအချက်အလက်တွေ ကို လေ့လာသင့်ပါတယ်။ (၁) မိသားစုထဲမှာ အရက်စွဲသူပါသလား၊ (၂) တစ်နှစ်ကျော်ကျော် အရက်ကိုများများသောက်ခဲ့လား၊ (၃) အသက် (၁၅) နှစ် မတိုင်မီက အရက်မူးအောင် သောက်ခဲ့လား၊ (၄) တစ်နှစ်အတွင်း နှစ်ကြိမ်လောက် မူးအောင်သောက်ပြီး အဖမ်းခံရတာ၊ ရန်ပွဲနွှဲရတာ ကြုံခဲ့ဖူးလား၊ (၅) ဆေးလိပ်ရော သောက်သလား၊ (၆) အရက်သေစာ ပါမယ့်ပွဲတွေကို လိုလိုလားလားရှာနေသလား၊ (၇) အပေါင်းအသင်းအများစုက ကြွက်တွင်းတွေလား၊ ဒီအချက်တွေနဲ့ အကျုံ့ဝင်နေရင်တော့ စနစ်တကျ ဖြတ်ဖို့လိုပါတယ်။ အရက်ဖြတ် တဲ့ ဆေးရုံ၊ ဆေးခန်းတွေနဲ့ အရက်ဖြတ်အဖွဲ့တွေ ရှိကြပါတယ်။ ယနေ့ လူ့အသိုင်းအဝိုင်း ကလည်း အရက်ကို မူးယစ်စေတဲ့ အရာလို့ သတ်မှတ်လိုက်ပါပြီ။ ကိုယ့်ဘဝကို ထိန်းသိမ်းဖို့ ကိုယ့်ဟာကို ဆုံးဖြတ်ရမှာပါ။ မလွှဲမရှောင်သာလို့ ပါတီပွဲတွေ ကြုံရင်အောက်ပါ အတိုင်း လေ့ကျင့်ပါ။ ၁။ ဥပဒေသ (ဝ-၁-၃) ကို လိုက်နာပါ။ (ရှေ့ပိုင်းတွင်ဖော်ပြပြီး) ၂။ အပေါင်းအသင်းဆုံပွဲ၊ ထမင်းစားပွဲတွေမှာ အရက်ကင်းမဲ့ဇုန်ဖြစ်ရန် စီစဉ်ပါ။ ၃။ သောက်မည်ဆိုပါက အစာကိုအရင်စားပါ၊ သောက်နေစဉ်မှာ အစာကိုစားပါ။ ၄။ သောက်မယ့်အရက်ကို သိထားရပါမည်။ မသိမဲ့ အရက်ကိုမသောက်ပါနဲ့။ ၅။ အသက်ငယ်ရွယ်စဉ်မှာ အရက်မသောက်ပါနဲ့။ ၆။ သောက်ပြီး ကားမမောင်းပါနဲ့။ ၇။ သင့်အရက်ခွက်ကို အမြဲဖုံးထားပါ။ ၈။ အမြန်မသောက်ပါနှင့် တစ်မြုံချင်းသောက်ပါ။ တစ်ခွက်ကို တစ်နာရီခန့် အချိန်ယူပါ။ ၉။ သောက်ဖော်သောက်ဖက် မူးလဲခဲ့သော် ပြုစုနိုင်ရန် လေ့လာထားပါ။ Credit: ဒေါက်တာကြည်အောင်ထွန်း သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..