
လိမ္မော်ရောင် ခါကြက်ဥ (သို့) မုန်လာဥနီဟာ ကျန်းမာရေးအတွက် အလွန်ကို အရေးပါလှပါတယ်။ ခါကြက်ဥ (သို့) မုန်လာဥနီဟာ ဟင်းအဖြစ်ချက်စားလည်း ကောင်းမွန်သလို ဖျော်ရည်အနေနဲ့ သောက်မယ်ဆိုရင်လည်းအလွန်မှ အရသာရှိလှပါတယ်။ ဒါ့အပြင် ကျန်းမာရေးကို ဘယ်လိုအထောက်အကူတွေပြုသေးလဲဆိုတာကိုပြောပြပေးလိုက်ပါတယ်နော်။
၁။ အစာကြေလွယ်ခြင်း
ခါကြက်ဥ(သို့) မုန်လာဥနီမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေက အူသိမ်အူမတွေကို လှုပ်ရှားမှု အားကောင်းစေတဲ့အပြင် ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ ပျော်ဝင်ဖိုင်ဘာဟာ သွေးတွင်းကိုလက်စထရောအဆင့်ကိုလျှော့ချပေးနိုင်တဲ့အပြင် အစာကြေလွယ်စေနိုင်ပါတယ်။
၂။ နှလုံးသွေးကြောများကို ကျန်းမာစေခြင်း
ခါကြက်ဥ (သို့) မုန်လာဥနီမှာ antioxidants များပါရှိခြင်းက နှလုံးကို ဒိုင်းလွှားကဲ့သို့ နှလုံးရောဂါဖြစ်နိုင်ချေများကို လျှော့ချပေးသည်။ antioxidants များသည် နှလုံးနှင့် သွေးကြေားများကို အကျိုးသက်ရောက်မှုများနှင့် ကိုယ်လက်စထရောမြင့်ခြင်းများကို တိုက်ဖျက်ပေးပါတယ်။ ဒါ့ကြောင့် လေဖြတ်ခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ချေကိုလျှော့ချပေးပါတယ်။ နှလုံးသွေးကြောနဲ့ နှလုံးကျန်းမာဖို့အတွက်ခါကြက်ဥ (သို့) မုန်လာဥနီကို စားသုံးပေးသင့်ပါတယ်။
၃။ အရိုးကျန်းမာစေခြင်းနှင့် အသားအရေကောင်းမွန်စေနိုင်ခြင်း
ခါကြက်ဥ (သို့) မုန်လာဥနီမှာ တွေ့ရတဲ့ သတ္တုဓာတ်တွေက အရိုးများကို ပိုမိုခိုင်ခံ့စေပါတယ်။ ပိုတက်စီယမ်ဓာတ်ချို့တဲ့ခြင်းက အသားအရေကို ခြောက်သွေ့စေနိုင်ပါတယ်။ ကံကောင်းတာက မုန်လာဥနီ (သို့) ခါကြက်ဥမှာ က ပိုတက်စီယမ်ဓာတ်တွေ ပါဝင်ခြင်းကြောင့် အသားအရေကိုစိုပြေစေတဲ့အပြင်အရိုးတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။
၄။ အနာအကျက်မြန်ခြင်း
ခန္ဓာကိုယ်မှာ အကောင်ကိုကလို့ ဖြစ်စေ၊ အနာဒဏ်ရာတွေကို လျင်မြန်စွာ သက်သာစေနိုင်ပါတယ်။ ဗီတာမင်စီနဲ့ Beta caroteneတို့က အနာကို အကျက်မြန်စေတဲ့အပြင် ရောင်ရမ်းခြင်ကိုလည်း သက်သာစေနိုင်ပါတယ်။ ခါကြက်ဥ(သို့) မုန်လာဥနီက ကိုယ့်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်တဲ့ အကောင်းဆုံးအစားအစာတစ်မျိုးဖြစ်ပါတယ်။
၅။ ဆံပင်ကျွတ်ခြင်းကိုသက်သာစေနိုင်ခြင်း
မုန်လာဥနီ (သို့) ခါကြက်ဥက ဆံပင်ကျွတ်ခြင်းကို သက်သာစေနဓိုင်တဲ့ သတ္တုဓာတ်တွေ များစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်သူများအနေနဲ့ဖြင့် မုန်လာဥနီဖျော်ရည်ကို သောက်သုံးပေးသင့်ပါတယ်။