
အဆုတ်ကျန်းမာရေးက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဆီကနေ ကာကွယ်နိုင်ဖို့ အရေးပါတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကောင်းဖို့၊အဆုတ်အားကောင်းဖို့ စားသင့်တဲ့ အစားအစာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁) ဂျင်း
ဂျင်းကတော့ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်ကြောင့် အဆုတ်ကို သန့်စင်စေပါတယ်။ ဟင်းချက်တဲ့အခါ ဂျင်းကို နည်းနည်းထည့်ချက်တာကောင်းပါတယ်။ သံပုရာသီးနှင့်ပေါင်းပြီး ဂျင်းလက်ဖက်ရည်လည်းလုပ်သောက်လို့ရပါတယ်။ ဒီလိုသောက်ပေးခြင်းအားဖြင့် အသက်ရှုလမ်းကြောင်းမှာအဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးနိုင်တဲ့အပြင် လည်ချောင်းကိုလည်း ရှင်းလင်းစေပါတယ်။

၂) နနွင်း
ဟင်းချက်ရာမှာ ထည့်ပြီးအသုံးပြုတဲ့ နနွင်းကတော့ အဆုတ်ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။

၃) ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ ပန်းနာရင်ကျပ်ခြင်းကို သက်သာစေပြီး အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

၄)ပန်းသီး
ပန်းသီးမှာ ဗီတာမင်ဓာတ်စုံလင်စွာ ပါဝင်တာကြောင့် အသက်ရှုလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်။ ပန်သီးစားသုံးပေးခြင်းကြောင့် အဆုတ်ရောဂါတွေဖြစ်မလာအောင် ကာကွယ်နိုင်ပါတယ်။

၅) ဘယ်ရီသီး
ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီနှင့် ရက်စဘယ်ရီအသီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြောင့် အဆုတ်ကင်ဆာအပြင် တခြားပိုးဝင်ခြင်းနှင့် ရောဂါဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။

၆) သလဲသီး
သလဲသီးက အဆုတ်နှင့် ပတ်သက်တဲ့ ပြဿနာတွေဖြစ်ပွားမှုကို နှေးစေပြီး မြန်မြန်သက်သာစေပါတယ်။

၇) ရေ
အဆုတ်အတွက်ဖြစ်ဖြစ်၊ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းဖြစ်ဖြစ်အဆိပ်အတောကို ဖယ်ရှားသန့်စင်နိုင်တဲ့နေရာမှာ ရေက အသုံးဝင်ဆုံးဖြစ်ပါတယ်။ ဖျော်ရည်၊အချိုရည်တွေထက် ရိုးရိုးရေကိုပဲ ရွေးချယ်သင့်ပါတယ်။

Ref;HEALTHGROUP