
သပြေသီးကို စားလိုက်တဲ့အချိန်မှာ လျှာနဲ့ လက်တွေမှာ ခရမ်းရောင်စွန်းပြီးကျန်းနေတတ်တာကို မှတ်မိမယ်ထင်ပါတယ်။ သပြေသီးက တော်တော်လေးမှည့်လာတဲ့အခါမှာ ခရမ်းရောင်ထက်ကိုလွန်ပြီ အနက်ရောင်ဘက်ကိုတောင်ပြောင်းလာပါတယ်။ သပြေသီးမှာက အာဟာရတွေ ကြွယ်ဝစွာ ပါဝင်ပြီး ကျန်းမာရေးအတွက်အလွန်ကို အကျိုးရှိလှပါတယ်။ သပြေသီးကို စားခြင်းကြောင့် ဘယ်လိုကျန်းမာရေးကို ထိရောက်စွာ ကုသနိုင်သလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်နော်။
၁။ သပြေသီးအစေ့သည် ဆီးချိုကုသရာတွင် အထောက်အကူပြုခြင်း
သပြေသီးအစေ့များသည် ဆီးချိုရောဂါတိုက်ဖျက်ရေးတွင် သဘာဝအရ အဓိကသွေးတွင်းသကြားဓာတ်ပမာဏာကို ကျဆင်းစေပါတယ်။ မျက်စိအတွင်းတိမ်နှင့်အာရုံကြောဆိုင်ရာရောဂါ ဆီးချိုရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါများကိုပင် လျှော့ချပေးနိုင်ကြောင်း လူသိများလှပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချု ကာကွယ်ဖို့အတွက် စားသုံးပေးလို့ ရသလို ကုသမှု တစ်ရပ်အနေဖြင့်လည်း စားသုံးပေးလို့ ရပါတယ်။
၂။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ခြင်း
သပြေသီးမှည့်မှာ ရောဂါပိုးတွေကိုတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ပါရှိပါယ်။ အရေပြားအပါအဝင် ခန္ဓာကိုယ်ကိုရောဂါပိုးတွေ ကူးစက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားနည်းခြင်းကြောင့်ဖြစ်တဲ့ ရောဂါပိုးတွေကိုလည်း သေစေနိုင်တဲ့အပြင် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။
၃။ ကင်ဆာရောဂါ ကာကွယ်ပေးခြင်း
သပြေသီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေက ကင်ဆာဖြစ်ပွားမှုကို တားဆီးပေးနိုင်သည် စွမ်းရည်ရှိရုံသာမကခန္ဓာကိုယ်တွင်းရှိ ကင်ဆာဆဲလ်များကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ ပိုလီဖင်နိုလစ်များသည် ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးပါတယ်။ ဒါ့အပြင် သပြေသီးမှည့်တွင်တွေ့ရတဲ့ flavonoids, ellagic acids , gallic acids တို့သည် ခန္ဓာကိုယ်တွင်းရှိ ကင်ဆာကိုကာကွယ်ပေးပြီး ကင်ဆာဆဲလ်များကို တားဆီးပေးနိုင်စွမ်းရှိပါတယ်။
၄။ နှလုံးရောဂါ ကာကွယ်ပေးခြင်း
သပြေသီးမှည့်ကို စားသုံးပေးခြင်းက သွေးပေါင်ချိန်မြင့်တတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သပြေသီးမှာပိုတက်ဆီယမ်ဓာတ်ပါဝင်တာကြောင့် သွေးကြောတွေကို ကျယ်ဝန်းစေပြီး ဖြေလျော့ပေးတာကြောင့် လေဖြတ်ခြင်း၊ နှလုံးဖောက်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။