
အရေပြားကင်ဆာအများစုဟာ ကြိုတင်ကာကွယ်နိုင်ပါတယ်။အောက်ဖေါ်ပြပါအချက်တွေကတော့အရေပြားကင်ဆာကနေ ဘယ်လိုကာကွယ်မလဲဆိုတဲ့ ဖေါ်ပြချက်တွေပဲ ဖြစ်ပါတယ်။ နေ့လည်ခင်းမှာ နေအပူဒဏ်ကို ရှောင်ကျဉ်ခြင်း လေ့လာမှုတွေအရ နေအပူချိန်ဟာ ၁၀နာရီကနေ ၄ နာရီအတွင်းမှာအဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်အပြင်ထွက်မယ်ဆိုရင် နေရောင်ခြည်အပြင်းထန်ဆုံးဖြစ်ချိန်မှာ ထိတွေ့မှု ရှောင်ကျဉ်နိုင်ဖို့အတွက် ဆောင်းရာသီ ဖြစ်ရင်တောင် (သို့) မိုးအုံ့နေရင်တောင်အခြားအချိန်တွေကို ရွေးသင့့်ပါတယ်။ UVrays တွေကိုအရေပြားက တစ်နှစ်ပတ်လုံး စုပ်ယူနေတာ ဖြစ်ပါတယ်။ မိုးတိမ်တွေဟာ UVB raysအများစုကိုသာ တားမြစ်နိုင်ပြီးတော့ UVA rays တွေကို တားမြစ်နိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် နေအပူဆုံးအချိန်မှာ နေလောင်ခြင်းနဲ့ နေကြောင့်အသားရောင်ညိုခြင်းတွေဟာအရေပြားကိုပျက်စီးစေပြီးအရေပြားကင်ဆာ ဖြစ်ပွားနှုန်းကို မြင့်တက်စေပါတယ်။အချိန်အကြာကြီး နေပူဒဏ်ခံမိပြီဆိုရင် စုပြုံလာတဲ့ ပျက်စီးခြင်းတွေဟာအရေပြား ကင်ဆာကို ဖြစ်စေပါတယ်။ နေပူခံလိမ်းဆေးကို တစ်နှစ်ပတ်လုံး လိမ်းပေးသင့်ပါတယ်။ နေပူခံလိမ်းဆေးတွေဟာအန္တရာယ်ရှိတဲ့ UV rays တွေအကုန်လုံးကိုတော့ စစ်ထုတ်မပေးနိုင်ဘူးဆိုတာ သိထားဖို့အရေးကြီးပါတယ်။အထူးသဖြင့် melanoma ကို ဖြစ်စေတဲ့ UV rays တွေကို မစစ်ထုတ်ပေးနိုင်ပါဘူး။ ဒါပေမယ့် သူတို့ဟာအကြမ်းမျဉ်း နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။ SPFအနည်းဆုံး ၁၅ (သို့) ၃၀ နဲ့အထက်ပါရှိပြီး UVA ရော UVB ရောကို ကာကွယ်ပေးနိုင်တဲ့ နေပူဒဏ်ခံ လိမ်းဆေးတွေကိုအသုံးပြုသင့်ပါတယ်။ နေပူခံလိမ်းဆေးကိုအများအပြားသုံးပြီးအပြင်မထွက်ခင် ၁၅ မိနစ်လောက်ကြိုတင် လိမ်းပေးသင့်ပါပြီး နှစ်နာရီ တစ်ခါ ပြန်လည် လိမ်းပေးသင့်ပါတယ်။ ရေကူးမယ်ဆိုရင် (သို့) ချွေးထွက်မယ်ဆိုရင် ပြန်လည်လိမ်းပေးသင့်ပါတယ်။ ကာကွယ်ပေးတဲ့အဝတ်အစားတွေကိုလည်း ဝတ်ဆင်သင့်ပါတယ်။အထက်မှာ ပြောခဲ့သလိုပဲ နေပူခံလိ်မ်းဆေးတွေဟာ UV rays တွေကနေအပြည့်အဝ ကာကွယ်မပေးနိုင်ပါဘူး။ဒါကြောင့်အသားအရည်ကိုအရောင်ရင့်တဲ့အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေကို ဝတ်ဆင်သင့်ပြီး နားပန်းကြီးတဲ့ ဦးထုတ်နဲ့ နေကာမျက်မှန်တွေကိုလည်းအသုံးပြုသင့်ပါတယ်။အချို့ကုမ္ပဏီတွေဟာ နေကာနိုင်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို ထုတ်လုပ်ပါတယ်။ ဒါဟာအချို့လူတွေအတွက်အသုံးဝင်နိုင်ပါတယ်။ သင့်ဆရာဝန် (သို့)အရေပြားဆရာဝန်ကို သင့်တော်တဲ့ တံဆိပ်ကို မေးမြန်းနိုင်ပါတယ်။ နေကာမျက်မှန်တွေဟာလည်း မမေ့လျော့သင့်တဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ UVA ရော UVB ရောကို တားပေးတဲ့ နေကာမျက်တွေကို ရွေးချယ်သုံးစွဲသင့်ပါတယ်။အသားညိုစေတဲ့အိပ်ယာတွေကို ရှောင်ကျဉ်သင့်ပါတယ်။ သူဟာအရေပြားရောဂါကို ဖြစ်စေတဲ့အချက်တစ်ခုဖြစ်ပြီး UV rays တွေကို ထုတ်လွှတ်ပေးပါတယ်။ လေ့လာမှုတွေက tanning bedsအသုံးပြုသူတွေဟာအသုံးမပြုသူတွေထက်အရေပြားကင်ဆာဖြစ်ပွားနှုန်းပိုမို မြင့်တက်စေတယ်လို့ ဆိုပါတယ်။အရေပြားကို နေရောင်ခြည်ကို ပိုမိုခံစားနိုင်စေတဲ့ ဆေးတွေကို ရှောင်ကျဉ်ပါ။အချို့ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေနဲ့ ဆေးဆိုင်မှာ ဝယ်နိုင်တဲ့ ဆေးတွေဖြစ်တဲ့ ပိုးသတ်ဆေးနဲ့အလှအပ ပစ္စည်းတွေဟာ နေရောင်ခြည်ဒဏ်ကို ပိုမို ခံစားရစေပါတယ်။ ဆေးသောက်သုံးပြီး ဘေးထွက်ဆိုးကျိုးတွေကို မသိဘူးဆိုရင် ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။ ဆရာဝန် က သင့်ကို ဘေးထွက်ဆိုးကျိုးတွေအကြောင်း ပြောပြပြီး ပြဿနာကို ဖြေရှင်းပေါ်နိုင်ပါတယ်။ တကယ်လို့သူတို့ဟာ နေပိုလောင်စေနိုင်တယ်ဆိုရင် နေပူဒဏ်ကနေ ရှောင်ကျဉ်ဖို့နဲ့အကာအကွယ် ပစ္စည်းတွေ သုံးဖို့ကို ပိုမိုဂရုစိုက်သင့်ပါတယ်။ သင်ကိုယ်တိုင် လစဉ် စစ်ဆေးပါ။အရေပြားဆရာဝန်အတော်များများကတော့ လက်တစ်ဘက်မှာ မှန်ကိုကိုင်ပြီး မျက်နှာ၊ လည်ပင်း၊ နားရွက်၊ ဦးရေပြားတွေကိုအလင်းကောင်းစွာ ရတဲ့အခန်းထဲမှာ တစ်လတစ်ခါ စစ်ဆေးကြည့်သင့်ပါတယ်။ သင့်နောက်ပိုင်းကို ကြည့့်ပေးဖို့လည်း partner ကို တောင်းဆိုသင့်ပါတယ်။ ပုံမှန်မဟုတ်တဲ့အရာတွေ၊အရေပြားအဖုတွေနဲ့ နဂိုရှိပြီးသား မှဲ့တွေ၊ တင်းတိပ်တွေ၊အဖုတွေ၊ မွေးရာပါအမှတ်တွေရဲ့ ပြောင်းလဲမှုတွေကို စစ်ဆေးသင့်ပါတယ်။ ပုံမှန်မဟုတ်တဲ့ မှဲ့တစ်ခုတွေ့ပြီဆိုရင် ဆရာဝန်ကို ပြသသင့်ပါတယ်။ နှစ်စဉ် စစ်ဆေးပြသသင့်ပါတယ်။အရေပြားကင်ဆာ ရှာဖွေမှုကို တစ်နှစ်တစ်ခါ ပြုလုပ်ဖို့အရေးကြီးပါတယ်။ လူအချို့မှာ ဆရာဝန်တွေဟာ လူနာရဲ့ ရောဂါဖြစ်ပွားနှုန်းပေါ် မူတည်ပြီး ပုံမှန်ထက်ပိုပြီးအကြိမ်ရေတိုး ခေါ်တတ်ကြပါတယ်။အရေပြား ကင်ဆာကို စောစီးစွာ တွေ့ရှိခြင်းဟာ သင့်အသက်ကို ကယ်တင်နိုင်ပါတယ်။ ဒါကြောင့် သင့်အရေပြားကို တစ်လတစ်ခါ ကြည့်ရှုစစစ်ဆေးသင့်ပါတယ်။အသစ်ပေါ်လာတဲ့ (သို့) ပြောင်းလဲသွားတဲ့အရာတွေတွေ့ရင် ဆရာဝန်ကို ပြသစစ်ဆေးစေသင့်ပါတယ်။
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ