
ကျန်းမာပြီး နေ့တစ်နေ့ကို ပိုင်ဆိုင်ဖို့ဆိုရင် နံနက်စာစားပေးခြင်းကလဲ အားလုံးထဲကမှ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လူအတော်များများက နံနက်စာဆိုရင် သေချာစားလေ့မရှိဘဲ ကော်ဖီ၊ပေါင်မုန့် စတာ တွေကိုစားကြတာများပါတယ်။အခုပြောပြမယ့်အကြောင်းအရာလေးတွေကို ဖတ်ပြီးသွားရင်တော့ နံနက်စာကို အသေချာလေးပြုလုပ်ပြီး စားသုံးကြပါလို့ အကြံပြုလိုက်ပါတယ်နော်။
၁) ကိုယ်အလေးချိန်ကို မလျှော့ချနိုင်ပါဘူး
ကိုယ်အလေးချိန်လျှော့ချဖို့ မနက်စာကို လျှော့စားမယ်လို့ သင်တွေးနေရင်တော့ အဲ့ဒီအတွေးကို အခုပဲ ရပ်တန့်လိုက်ပါ။ဗိုက်ဆာတဲ့အချိန်မှာ မစားလိုက်ရတဲ့အခါမှာ တနေကုန် ဆာလောင်စေပြီး လိုအပ်တဲ့ ကယ်ရီပမာဏထက် ပိုမိုစားမိစေနိုင်ပါတယ်။ဒါကြောင့် မနက်စာ စားလိုက်ရတဲ့အချိန်မှာ ပရိုတင်းနဲ့ အမျှင်ဓာတ်က ဆာလောင်ခြင်းကို လျှော့ချပေးနိုင်လို့ ဝိတ်ချဖို့ အတွက်အသုံးဝင်ပါတယ်။
၂) မှတ်ဉာဏ်စွမ်းရည်တွေကို လျှော့ကျစေပါတယ်။
မနက်ပုံမှန်မစားဖြစ်တဲ့အခါ သွေးတွင်းပမာဏတွေ ကမောက်ကမဖြစ်ပြီး ဦးနှောက်အတွက် လိုအပ်တဲ့ အာဟာရဓာတ် မရနိုင်တာကြောင့် ကြာလာရင် မှတ်ဉာဏ်နှင့် အာရုံစူးစိုက်မှုအားနည်းလာပါတယ်။မနက်စာကို ပုံမှန်စားပေးခြင်းအားဖြင့် ဦးနှောက်ရဲ့ ပုံမှန်လုပ်ငန်းတွေကို လုပ်ဆောင်ဖို့အတွက် အထောက်အကူဖြစ်စေပြီး သွေးတွင်းသကြားဓာတ်ကိုလည်း အလုံအလောက်ရရှိပါတယ်။
၃) ဆီးချိုဖြစ်နိုင်ခြေများပါတယ်။
မနက်စာမစားပဲ နေလာတဲ့အခါ ကိုယ်တွင်းသကြားဓာတ် ကမောက်ကမ ဖြစ်ကုန်တဲ့အပြင် နေ့ခင်းဘက် ကိုယ်အများကြီးစားတဲ့အခါ ဝင်လာတဲ့ သကြားဓာတ်ကို အလုံးအရင်းကို အင်ဆူလင်က မထိန်းနိုင်တဲ့အခါ ဆီးချိုဖြစ်လာစေနိုင်ပါတယ်။

Ref;BEAUTYBLOG