သင်အကြိုက်ဆုံး ဂဏန်းကဖော်ပြနေတဲ့ သင့်ရဲ့စရိုက်လက္ခဏာများ
lotaya.mpt.com.mm
|
2020-05-23

Shutterstock/ kurtcan

နံပါတ်တွေရဲ့နောက်ကွယ်က အဓိပ္ပာယ်တွေရှိနေတယ်ဆိုတာ သင်ယုံပါသလား။ ကိုးကွယ်ယုံကြည်တဲ့ဘာသာ လူမျိုးအလျှောက် နံပါတ်တိုင်းရဲ့နောက်ကွယ်မှာ အဓိပ္ပာယ်တွေရှိနေတတ်ပါတယ်။ ၁ ကနေ ၉ အတွင်း နံပါတ်တွေထဲမှာ သင်အကြိုက်ဆုံး နံပါတ်တစ်ခုလည်း ရှိမယ်ထင်ပါတယ်။ အဲဒီနံပါတ်က သင့်အပေါ်မှာ ဘယ်လိုထင်ဟပ်မှုရှိလဲဆိုတာ အောက်မှာ ဖတ်ကြည့်လိုက်ပါဦးနော်။

(၁) ဂဏန်း

ဒီနံပါတ်ပိုင်ရှင်တွေကတော့ ခေါင်းဆောင်တွေလို့ပြောလို့ရပါတယ်။ ၁ ဂဏန်းသမားတွေဟာ တက်တက်ကြွကြွနေတတ်တဲ့အပြင် ရန်လိုပြီး ရည်မှန်းချက်ကြီးတတ်ကြပါတယ်။ သူတို့တွေဟာ အရာရာမှာ ထိပ်ဆုံးကဖြစ်နေတာကို လိုချင်ကြပါတယ်။ ဒီလိုထိပ်ဆုံးဖြစ်ဖို့အတွက် သူတို့နှစ်သက်တဲ့အရာတွေကို စတေးပစ်ရမှာနဲ့ စွန့်လွှတ်ပစ်ရမှာကို ဝန်မလေးပါဘူး။ ဥပမာ - အချစ်ရေးလိုအရာမျိုးပါ။ ဒါကြောင့် ဒီနံပါတ်သမားတွေဟာ အာဏာရှင်တွေနဲ့ အောင်နိုင်သူတွေဖြစ်တတ်ကြပါတယ်။

(၂) ဂဏန်း

ဒီနံပါတ်ပိုင်ရှင်တွေကတော့ ပျော့ပြောင်းတဲ့စိတ်နှလုံးသားရှိပြီး ချစ်စရာကောင်းကြပါတယ်။ ဒါ့အပြင် ဘယ်လိုအခြေအနေမျိုးမှာမဆို လိုက်လျောညီထွေစွာ နေတတ်ကြပါတယ်။ သူတို့လေးတွေဟာ တစ်ဖက်သားရဲ့ ကောင်းကောင်း၊ဆိုးဆိုး ပြုသမျှကို ခံရတတ်တဲ့လူတွေလည်းဖြစ်ပါတယ်။ အရာရာကို စိတ်ထဲက အလိုလိုသိမြင်နိုင်စွမ်းရှိပေမယ့်လည်း တစ်ခါတရံသူတို့အစီအစဉ်တွေကို လက်တွေ့အကောင်အထည် ဖော်တဲ့နေရာမှာ ကျရှူံးလေ့ရှိပါတယ်။ ပြောရမယ်ဆိုရင် သူတို့လေးတွေဟာ လက်တွေ့အကောင်အထည်ဖော်ပြီး လုပ်ဆောင်ရတာထက် တွေးတောရတာကို ကြိုက်နှစ်သက်သူလေးတွေပါ။

(၃) ဂဏန်း

ဒီနံပါတ်ပိုင်ရှင်တွေဟာ လုံ့လဝီရိယရှိတဲ့အပြင် ပါရမီရှိပြီး စည်းကမ်းကြီးတဲ့လူတွေပါ။ သူတို့ရွေးချယ်ပြီး လုပ်ကိုင်နေတဲ့နယ်ပယ်အသီးသီးမှာလည်း ကြီးမားတဲ့အောင်မြင်မူတွေရရှိလေ့ရှိပါတယ်။ သူတို့တွေဟာ မာနကြီးပြီး တစ်ပါးသူအပေါ်မှီခိုစိတ်လုံးဝမရှိပါဘူး။ ဒါ့အပြင် တစ်ဖက်သားကို ထိန်းချုပ်ပြီး အမိန့်ပေး လုပ်ဆောင်ရတာမျိုးကို နှစ်သက်လေ့ရှိကြပါတယ်။

(၄) ဂဏန်း

ဒီနံပါတ်ပိုင်ရှင်တွေကတော့ အရာရာကိုနှစ်ဖက်မျှကြည့်ပေးခြင်းမရှိပဲ ကိုယ့်အမြင်နဲ့ကိုယ် တယူသန်ကြည့်လေ့ရှိပါတယ်။ ပြောရမယ်ဆိုရင် ဒီဂဏန်းသမားတွေဟာ များသောအားဖြင့် တစ်ခြားသူတွေနဲ့ စိတ်သဘောထားခြင်း မတိုက်ဆိုင်တတ်တဲ့အတွက် အများနဲ့တစ်ယောက်လိုမျိုး ဖြစ်နေတတ်ပါတယ်။ သူတို့တွေဟာ အောင်မြင်ဖို့ခဲယဉ်းတတ်ကြပြီး လူတွေနဲ့ရောရောထွေးထွေးမနေတတ်တာကြောင့် တစ်ယောက်တည်း အထီးကျန်လေ့ရှိပါတယ်။

(၅) ဂဏန်း

ဒီနံပါတ်ပိုင်ရှင်တွေဟာ အရမ်းကို ဆက်ဆက်ထိမခံတတ်တဲ့ လူအမျိုးအစားတွေပဲဖြစ်ပါတယ်။ သူတို့တွေဟာ သွက်သွက်လက်လက်နေတတ်ပေမယ့် စိတ်လိုက်မာန်ပါလုပ်တတ်လေ့ရှိပါတယ်။ ဒါ့အပြင် ကိစ္စတစ်ခုကို အလေးအနက်မထားပဲ ပေါ့ပျက်ပျက်လုပ်တတ်တဲ့အတွက် ပြဿနာတွေလည်း ဖြစ်လေ့ရှိပါတယ်။ အဆိုးဆုံးကို ပြောရမယ်ဆိုရင် သူတို့တွေဟာ စိတ်လှုပ်ရှားလွယ်တဲ့အတွက် ဒီစိတ်ကြောင့်ပဲ ပြဿနာတွေဖြစ်ရတာပါ။ ဒီဂဏန်းသမားတွေဟာ စီးပွားရေးမှာ အောင်မြင်ဖို့လွယ်ကူပြီး ရှူံးနှိမ့်ခဲ့ရင်တောင် ပြန်လည်ထူထောင်ဖို့လွယ်ကြပါတယ်။

(၆) ဂဏန်း

ဒီနံပါတ်ပိုင်ရှင်တွေဟာ လူတွေနဲ့လိုက်လျောညီထွေဖြစ်အောင် နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံချက်ချက်ရှိပေမယ့်လည်း တစ်ခါတစ်လေ အရမ်းခေါင်းမာတတ်ကြပါတယ်။ သူတို့လေးတွေဟာ တစ်ဖက်သားကို အလွန်ချစ်တတ်ပြီး မိသားစုနဲ့အိမ်မူကိစ္စတွေမှာလည်း မလစ်ဟင်းအောင် ဂရုစိုက်တတ်တဲ့သူမျိုးတွေပါ။

(၇) ဂဏန်း

ဒီနံပါတ်သမားတွေဟာ ကံကောင်းမူတွေနဲ့လွှမ်းခြုံထားပြီး ဆန်းကြယ်တဲ့အတွေးအခေါ်နဲ့ ဗဟုသုတတွေရှိပါတယ်။ သူတို့ရဲ့အတွေးတွေဟာ တစ်ခြားသူတွေနဲ့မတူညီပဲ ကွဲပြားနေတတ်ပါတယ်။ ဒီဂဏန်းသမားတွေဟာ အောင်မြင်မူကို လွယ်လွယ်ကူကူရတတ်သူတွေလို့ ပြောနိုင်ပါတယ်။

(၈) ဂဏန်း

ဒီနံပါတ်ပိုင်ရှင်တွေမှာ စိတ်စွမ်းအင်တွေရှိနေတတ်ပါတယ်။ သူတို့တွေကို ဆက်ဆံရေးကြဲတဲ့လူတွေလို့ ထင်ရပေမယ့် တကယ်တမ်းတော့ ခင်ဖို့ကောင်းတဲ့သူတွေပါ။

(၉) ဂဏန်း

ဒီနံပါတ်ပိုင်ရှင်တွေ သွက်သွက်လက်လက်နေတတ်တဲ့အပြင် သတ္တိရှိပြီး ရည်မှန်းချက်ကြီးမားကြပါတယ်။ ဒါပေမယ့် ၉ ဂဏန်းသမားတွေဟာ အချစ်ရေးမှာ ကံမကောင်းတဲ့လူတွေလို့ ပြောလို့ရပါတယ်။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..