
ကွမ်းရွက်က ကျန်းမာရေး အာနိသင်ကြွယ်ဝပေမယ့် ဆေးရွက်ကြီး၊ ကွမ်းသီး၊ဆေးအမျိုးမျိုးနဲ့ တွဲစားရင်တော့ ခံတွင်းကင်ဆာဖြစ်စေနိုင်တဲ့အထိ ကျန်းမာရေး ဆိုးကျိုးရရှိနိုင်ပါတယ်။ ဒီလိုဖြစ်ခြင်းက ကွမ်းရွက်ကြောင့် မဟုတ်ပါဘူး။ကွမ်းစားတဲ့အခါ ထည့်စားတဲ့ ဆေးတွေရဲ့ ဆိုးကျိုးကြောင့်ပါ။ ဒါကြောင့် မစားသုံးသင့်ပါဘူး။ ကွမ်းရွက်ကို သီးသန့်စားသုံးပေးမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမှာပါ။

၁) ဆီးချိုအတွက် အထောက်အကူပြုပါတယ်။
ကွမ်းရွက်မှာ ပါတဲ့ ဒြပ်ပေါင်းတွေက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်တာကြောင့် ဆီးချိုသမားတွေ စားသုံးပေးသင့်ပါတယ်။
၂) ကိုယ်အလေးချိန်ကျစေတယ်
ကွမ်းရွက်မှာ ခန္ဓာကိုယ်ရဲ့ အဆီတွေကို ကျစေနိုင်တဲ့ အာနိသင်တွေပါဝင်တာကြောင့် စားသုံးပေးသင့်ပါတယ်။
၃) ကင်ဆာဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်
ကွမ်းရွက်ကို ဝါးစားပေးမယ်ဆိုရင် ခံတွင်းမှာဖြစ်ပေါ်စေတဲ့ ခံတွင်းကင်ဆာကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့ပြင် ကွမ်းရွက်၊ ၁၀ ရွက်၊ ၁၂ ရွက်လောက်ကို ရေနွေးဆူဆူထဲထည့်ပြုတ်ပြီး ပျားရည်နည်းနည်းထည့်သောက်ပေးမယ်ဆိုရင် ကင်ဆာကာကွယ်ခြင်းကို အထောက်အပံ့ဖြစ်စေမှာပါ။
၄) အနာကျက်စေပါတယ်
အနာပေါ်ကို ကွမ်းရွက်သန့်သန့်လေး အုပ်ပြီး ပတ်တီးနဲ့ စည်းပေးမယ်ဆိုရင် အနာအကျက်မြန်စေမှာပါ။
၅) ခေါင်းကိုက်ခြင်းအတွက်
ခေါင်းအရမ်းကိုက်နေပြီဆိုရင် ကွမ်းရွက်ကို ချေပြီး ရှုပေးခြင်း၊နားထင်မှကပ်ပေးခြင်းတို့ကို လုပ်ပေးပါ။ သိသိသာသာ သက်သာစေမှာပါ။
၆) ဝက်ခြံသက်သာစေပါတယ်
ဝက်ခြံနှင့် အရေပြားပြဿနာတွေအတွက် ကွမ်းရွက်ကို ပြုတ်ပြီး ကွမ်းရွက်ပြုတ်ရေနှင့် နေ့စဉ် မျက်နှာသစ်ပေးနိုင်ပါတယ်။
၇) ဝမ်းမှန်စေပါတယ်
ဝမ်းချုပ်ခြင်းအတွက် ကွမ်းရွက်ကို ပြုတ်သောက်ပေးမယ်ဆိုရင် ရပါပြီ။
၈) နှာခေါင်းသွေးလျှံခြင်းကို သက်သာစေပါတယ်
ကွမ်းရွက်က နှာခေါင်းသွေးလျှံတာကို သက်သာစေနိုင်ပါတယ်။ အပူရှိန်များတာကြောင့် နှာခေါင်းသွေးလျှံတဲ့အခါ ကွမ်းရွက်ကို အသုံးပြုပြီး သွေးတိတ်အောင် အသုံးပြုလို့ရပါတယ်။

Ref;HEALTHGROUP