နည်းလမ်းမှန်နဲ့ လေ့ကျင့်ခန်းလုပ်ဖို့ ဒီနည်းလမ်းလေးတွေကို ရှောင်ကြစို့
trend.com.mm
|
2020-05-29

အခုလိုမျိုး အိမ်မှာနေရတဲ့ အချိန်လေးမှာ လေ့ကျင့်ခန်းလုပ်ဖို့ အသင့်တော်ဆုံးအချိန်ပဲဖြစ်ပါတယ်။ဒါပေမယ့် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ အချိန်အကုန်ပြီး အကျိုးမရှိမဖြစ်ရအောင် ဒီနည်းလမ်းလေးတွေကို မလုပ်မိစေဖို့ လိုအပ်ပါတယ်နော်။


၁) သွေးပူလေ့ကျင့်ခန်းမလုပ်ခြင်း
လေ့ကျင့်ခန်းမစခင်မှာ သွေးပူလေ့ကျင့်ခန်းလုပ်ပေးခြင်းက သွေးလည်ပတ်မှုကို အားကောင်းစေရုံသာမက ကြွက်သားတွေရဲ့ ကျုံ့နိုင်ဆန်နိုင်စွမ်းနှင့် ခံနိုင်ရည်ကို ပိုတိုးတတ်စေလို့ လေ့ကျင့်ခန်းမလုပ်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ မမေ့သင့်ပါဘူးနော်။



၂) တစိုက်မက်မက် gym မဆော့ခြင်း
လေ့ကျင့်ခန်းကို တစိုက်မက်မက်နဲ့ အချိန်မှန်မှန်လေးမလုပ်ပဲနဲ့ စိတ်ပါမှထလုပ်တတ်တာမျိုးတွေက လိုချင်တဲ့ ခန္ဓာကိုယ်ရဖို့က အတော်လေးကို ခက်ခဲစေမှာပါ။ အဲ့ဒါကြောင့် စိတ်ပါမှထလုပ်တတ်တဲ့အကျင့်လေးကို အခုပဲ ပြင်ဆင်လိုက်ပါ။


၃) ကိုယ့်ကိုကိုယ် ညှာခြင်း
လေ့ကျင့်ခန်းလုပ်ရာမှာ ကိုယ်သက်သာမယ့် လွယ်ကူတဲ့ လေ့ကျင့်ခန်းတစ်မျိုးထဲကို နေ့တိုင်းလုပ်ခြင်းက ကြွက်သားဖွံ့ဖြိုးမှုကို နှောင့်နှေးစေတာကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ကိုယ့်ကိုကိုယ်ညှာမနေပဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ လေ့ကျင့်ခန်းတွေအကုန်လုံးကို ညီတူညီမျှ လုပ်ပေးဖို့ လိုအပ်ပါတယ်။



၄) ရေမသောက်ခြင်း
ရေဓာတ်ခန်းခြောက်ခြင်းက ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်ကို ကျစေပါတယ်။ရေသောက်တဲ့အခါ အရိုးအဆစ်တွေကို ရေဓာတ်ပို့ပေးပြီး ရောင်ရမ်းခြင်းတွေကို သက်သာစေလို့ workout လုပ်တဲ့အခါ ရေများများသောက်ပေးဖို့ မမေ့ပါနဲ့နော်။



၅) စွမ်းအင်မလုံလောက်ခြင်း
အစားမစားပဲ လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်ကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် workout မလုပ်ခင် ၄၅ မိနစ်ခန့် ကြိုပြီး အစားစားထားရပါမယ်။
အခုလိုမျိုး လေ့ကျင့်ခန်းတွေမလုပ်ခင်မှာ အိပ်ရေးဝ ဝအိပ်ဖို့လိုအပ်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ရင် သင့်ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိခိုက်စေပါလိမ့်မယ်။
Ref;HEALTH GROUP




Some text some message..