
ပါးစပ်မှာအနာပေါက်တာ လူအတော်များများဖြစ်ခဲ့ဖူးမှာပါ။ အစာစားတိုင်းမှာ ခံတွင်း၌ပူစပ်ပူလောင်ဖြစ်ပြီး နာကျင်မှု့အတော်လေးခံစား ရပါတယ်။ တချို့လူတွေမှာ မကြာခဏဖြစ်တတ်ပြီး တချို့မှာကတော့ သိပ်မဖြစ်ပါ။
ပါးစပ်အနာပေါက်တာ ဘာကြောင့်ဖြစ်သလဲ၊ ဖြစ်လာရင် အမြန်ဆုံးသက်သာပျောက်ကင်းအောင်
ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းရမလဲဆိုတာ လေ့လာကြည့်ကြရအောင်…။
ပါးစပ်အနာပေါက်ခြင်းဆိုတာဘာလဲ
ပါးစပ်အနာပေါက်ခြင်း (Aphthous Ulcers (သို့) Mouth Ulcers) ဆိုသည်မှာ ပါးစပ်အတွင်းရှိ Mucosa
ရောင်ရမ်းသောလက္ခဏာဖြစ်ပါတယ်။ တစ်ခါတစ်ရံ ၎င်းသည် နက်ရှိုင်းသောအနာမျိုးလည်းဖြစ်နိုင်ပြီး၊
ပါးစောင်၊ အာခေါင်၊ သွားဖုံး၊ လျှာ အစရှိတဲ့ ခံတွင်းအတွင်းနေရာတလျှောက်၌ပေါက်နိုင်ပါတယ်။
ဖြစ်စေနိုင်သော အကြောင်းရင်းများမှာလည်း အမျိုးမျိုးရှိပါတယ်။ ဥပမာ -
• ကိုယ်ခံအားစနစ်အပြောင်းအလဲရှိခြင်း
• အမျိုးသမီးများ ဓမ္မတာရာသီလာစဉ်၌ ခန္ဓာကိုယ်အတွင်းရှိဟော်မုန်းများအပြောင်းအလဲရှိခြင်း
• စိတ်ဖိစီးမှုများပြားခြင်း
• ရေသောက်နည်းခြင်း
• အိပ်စက်အနားယူမှုမလုံလောက်ခြင်း
• တပ်ဆင်ထားသော သွားအတုများချောင်၍ ပွတ်တိုက်မှုရှိခြင်း (သို့) သွားနှင့်အံဝင်ခွင်ကျသိပ်မရှိသော
Braces တပ်ဆင်ထားခြင်း