သင်ဝိတ်မကျရခြင်းရဲ့အဓိကအကြောင်းအရင်းများ
mystylemyanmar.com
|
2020-06-01

တစ်ခါတစ်လေကျရင် ကိုယ်နေထိုင်မှုပုံစံမှားယွင်းနေတာကြောင့်လည်း ဝိတ်မကျတာမျိုး ဖြစ်လေ့ရှိပါတယ်။ အများဆုံးဖြစ်လေ့ရှိတဲ့ ဝိတ်မကျရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေကတော့…..

အိပ်စက်ချိန်နည်းလို့

အိပ်ရေးပျက်တာများရင်၊ အိပ်စက်ချိန်လုံလောက်မှုမရှိရင်လည်း ဝိတ်မကျနိုင်ပါဘူး။




Stress များလို့

Stress တွေ အရမ်းများတဲ့အခါ၊ စိတ်ဖိစီးမှုနဲ့ Stress တွေကို ခံစားရတဲ့အချိန် ကြာမြင့်လာတဲ့အခါမျိုးမှာဆိုရင်လည်း အရင်ထက်အများကြီးပိန်သွားတာမျိုး၊ အရမ်းဝလာတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။




အရမ်းစားလို့

အစားအသောက်မဆင်ခြင်ပဲ အရမ်းစားနေရင်တော့ ဝိတ်ကဘယ်တော့မှကျလာမှာ မဟုတ်ပါဘူး။ ပိန်ဆေးသောက်ပြီး အစားမရှောင်ရင်လည်း အဆင်မပြေပါဘူး။




လေ့ကျင့်ခန်းမလုပ်လို့

လေ့ကျင့်ခန်းလုပ်ရမှာ မပျင်းပါနဲ့။ အချိန်မပေးနိုင်ရင် အိမ်မှာပဲလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေ လုပ်ကြည့်ပါ။ လေ့ကျင့်ခန်းမလုပ်ပဲ အထိုင်များနေရင်လည်း ဝိတ်ကျဖို့ ခက်ခဲပါတယ်။




အရမ်းအနားယူလွန်းလို့

အရမ်းအနားယူလွန်းတယ်ဆိုတာကတော့ အိပ်ယာထဲမှာပဲ တစ်နေကုန် ခွေခေါက်နေတာ၊ ရုပ်ရှင်တွေကြည့်၊ ဖုန်းသုံးပြီး ထိုင်ရာမထပဲ စားလိုက်သောက်လိုက် အမြဲလုပ်နေတာ၊ ကိုယ်လက်လှုပ်ရှားမှုသိပ်မရှိတာတွေကလည်း သင့်ကိုဝိတ်မကျစေတဲ့အပြင် ပိုတောင်ဝိတ်တက်လာစေပါတယ်။




ကျန်းမာရေးအခြေအနေ

အပေါ်ကအချက်တွေနဲ့လည်း မကိုက်ညီပဲ ဝိတ်မကျတာဆိုရင်တော့ ကျန်းမာရေးစစ်ဆေးမှုလုပ်ကြည့်ပါ။ ကျန်းမာရေးအခြေအနေနဲ့လည်း သက်ဆိုင်တာမျိုး ဖြစ်လေ့ရှိပါတယ်။




Photo Source: www.freepik.com


The post

သင်ဝိတ်မကျရခြင်းရဲ့အဓိကအကြောင်းအရင်းများ appeared first on

MyStyle Myanmar .




Some text some message..