အသက်ရှူကျပ်ခြင်း ဖြစ်ရတဲ့ အဓိကအကြောင်းရင်းများနှင့် ဖြေရှင်းနည်းများ
lifestylemyanmar.com
|
2020-06-01



အသက်ရှူခက်ခဲမှုကို ဆေးပညာမှာ Dyspnea ဟုသိကြပြီး အကြောင်းအမျိုးမျိူးကြောင့် ဖြစ်နိုင်ပါတယ်။ ထို့အပြင် အလွန်ဆိုးရွားတဲ့ နောက်ခံကျန်းမာရေးပြဿများရှိကြောင်းဖော်ပြနေတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ အသက်ရှူကျပ်ခြင်းက SARS-CoV-2 ကိုရိုနာဗိုင်းရပ်ရောဂါကူးစက်မှုရဲ့ လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။ ထို့ကြောင့် သင်ခံစားနေရပါက ဘာလုပ်မလဲဆိုတာကို သိဖို့ အရေးကြီးပါတယ်။

အသက်ရှူမဝခြင်းက ဘာလဲ?

အပေါ်မှာပြောပြီးခဲ့သလိုပဲ အသက်ရှူမဝတာကို Dyspnea ဟုသိကြပါတယ်။ ဒါက အသက်ရှုဖို့ အခက်အခဲရှိခြင်းနှင့် အဆုတ်ထဲသို့ လေရောက်သင့်သလာက် မရောက်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အသက်ရှူခြင်းကို မရည်ရွယ်ဘဲနဲ့ မသိစိတ်ဖြင့် ပြုလုပ်ပါတယ်။ တစ်စုံတစ်ယောက်မှာ အသက်ရှူမဝရင် ဖြစ်ပေါ်လာတဲ့ မသက်မသာ အခြေအနေက ထိုသူအား အရမ်းကြောက်အောင် လုပ်နိုင်ပြီး အခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။

အသက်ရှူကျပ်ခြင်းရဲ့ အဓိကအကြောင်းရင်းတွေက ဘာတွေလဲ?

၁။ စိုးရိမ်ပူပန်မှု

အခြားကျန်းမာရေးပြဿနာမရှိသူတွေမှာ အသက်ရှူကျပ်ခြင်းရဲ့ အဓိကအကြောင်းရင်းက စိုးရိမ်စိတ်ကြောင့် ဖြစ်ပါတယ်။ စိုးရိမ်ထိတ်လန့်ခြင်း၊ ထိတ်လန့်ခြင်းနှင့် အရမ်းစိတ်ဖိစီးမှုဖြစ်စေတဲ့ အခြေအနေတွေနှင့် ကြုံတွေ့ရတဲ့အခါ အသက်ရှူကျပ်ခြင်း ဝေဒနာကို ခံစားမိနိုင်ပါတယ်။




ဒီဖြစ်ရပ်တွေမှာ အဓိကသော့ချက်က ဒီတိုက်ခိုက်မှုတွေကို ဘယ်လိုခွဲခြားမယ်ဆိုတာကို လေ့လာဖို့ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ စိုးရိမ်ဖွယ်ရာ တိုက်ခိုက်မှုတစ်ခု ကြုံတွေ့ရတဲ့အခါ စိတ်အေးအေးထားရန် ပထမဆုံး ထိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ထို့နောက် အခြေအနေကို ထိန်းချုပ်ဖို့ ပုံမှန်အသက်ရှူရပါမယ်။

၂။ လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်း

တစ်ခါတစ်ရံ လေ့ကျင့်ခန်းအများကြီးလုပ်ခြင်း၊ လေ့ကျင့်ခန်းကို မှားယွင်းစွာ လုပ်ဆောင်ခြင်းက အသက်ရှူကျပ်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒီဟာက အားကစားလေ့ကျင့်တဲ့သူတွေနှင့် ပုံပန်းသဏ္ဍာန် ညံ့တဲ့သူတွေမှာ ဖြစ်ပေါ်နိုင်ပါတယ်။ အထိုင်များတဲ့ လူနေမှုဘဝနှင့် အဝလွန်သူတွေမှာ ပိုတွေ့ရပါတယ်။




ဒီအခြေအနေတွေမှာ အဓိကသော့ချက်က ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့နှင့် စွမ်းရည်တိုးတတ်လာတာနှင့်မျှ ပြင်းထန်မှုကို တိုးမြှင့်ဖို့ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ပိုမိုအားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းတွေကို လုပ်လာနိုင်မှာပါ။

၃။ နှလုံးပြဿနာများ

သင့်နှလုံးဟာ သင့်ခန္ဓာကိုယ်တစ်လျှောက်ကို သွေးလည်ပတ်စေပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နှလုံးဟာ ပုံမှန်အလုပ်လုပ်ခြင်းမရှိရင် သွေးစီးဆင်းမှုကို မှန်ကန်စွာ လုပ်ဆောင်နိုင်လိမ့်မှာ မဟုတ်ပါဘူး။ နှလုံးရောဂါခံစားနေရသူတစ်ယောက်ဟာ နှလုံးခုန်နှုန်းမြန်စေတဲ့ လှုပ်ရှားမှုတစ်ခုကို လုပ်မိတဲ့အခါတိုင်း အသက်ရှူမဝတာ ဖြစ်ပေါ်တတ်ပါတယ်။




ဆိုလိုတာက အချို့သော ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဟာ သူတို့လိုအပ်တဲ့ သွေးနဲ့ အောက်စီဂျင်ကို ရရှိလိမ့်မှာ မဟုတ်ပါဘူး။ ရလဒ်အနေနဲ့ ၎င်းတို့က ဗဟို အာရုံကြောစနစ်သို့ အချက်ပြပေးပို့မည်ဖြစ်ပြီး ၎င်းက အသက်ရှူမဝတဲ့ ခံစားမှုတစ်ခုဖြစ်ကြောင်း ဖော်ပြပါလိမ့်မယ်။ ရင်ဘတ်အောင့်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဒီကိစ္စတွေမှာ အထူးကုဆရာဝန်နှင့် သွားတွေ့ဖို့ အရေးကြီးပါတယ်။

၄။ ကိုယ်ဝန်ဆောင်

အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ရင့်လာတဲ့ အဆင့်ရောက်တဲ့အခါ အချင်းနှင့် ကလေးရှိနေခြင်းကြောင့် မိခင်ရဲ့ (diaphragm)ရင်ဘတ်နှင့် ဝမ်းဗိုက်အကြားရှိ ကြွက်သားစိုင်မှာ ချဲ့ထွင်ဖို့ နေရာနည်းပါးသွားပါတယ်။ ရလဒ်အနေနဲ့ အဆုတ်ဟာ ကောင်းမွန်စွာ ချဲ့ထွင်နိုင်ခြင်းမရှိတာကြောင့် မိခင်အသက်ရှူမဝတာကို ဖြစ်ပေါ်စေပါတယ်။




ဒါက ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုမှာ ပုံမှန်ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် ငြိမ်ငြိမ်လေးနေဖို့ အရေးကြီးပါတယ်။ ၄၅ဒီဂရီထောင့်ချိုးဖြင့် ကူရှင်တွေတွေပေါ်မှာ ထိုင်ခြင်းက ဒီခံစားမှုတွေကို ထိန်းချုပ်ဖို့ ကူညီနိုင်ပါတယ်။ ထိုင်ပြီးတာနဲ့ ထိတ်လန့်ခြင်းမရှိဘဲ ပုံမှန်အသက်ရှူဖို့ ကြိုးစားသင့်ပါတယ်။

အိပ်ချိန်မှာလည်း အလားတူပါပဲ ။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ horizontally အနေအထားအိပ်ခြင်းကို ရှောင်သင့်ပါတယ်။ အလျားလိုက်အနေအထားက အသက်ရှူကျပ်တာကို ပိုမိုဆိုးရွားစေပါတယ်။ အကြောင်းက မြေထုဆွဲအားကြောင့် ရင်ဝမ်းခေါင်းကြွက်သားပေါ်ကို ဖိအားပိုများနေတာကြောင့် ဖြစ်ပါတယ်။

၅။ အသက်ရှူပြဿနာများ

ဓါတ်မတည့်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ လည်ချောင်းနာခြင်း၊ COPD ၊ အဆုတ်ရောင်ရောဂါ (သို့) လေလမ်းကြောင်းအခြေအနေတွေက အသက်ရှူမဝခြင်းကို ဖြစ်စေနိုင်ပါတယ်။




ဒီအမျိုးအစားများ ကျွန်တော်တို့ဟာ ကိုရိုနာဗိုင်းရပ်ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျရှုံးမှုတွေလည်း ပါဝင်နိုင်ပါတယ်။ Dyspnea (သို့) အသက်ရှူကျပ်ခြင်းက SARS-CoV-2 coronavirus ကူးစက်မှုရဲ့ ကက္ခဏာတစ်ခုဖြစ်ပါတယ်၊ ဘယ်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါမဆို ကုသဖို့လိုအပ်ပါတယ်။ သင့်လျော်တဲ့ ကုသမှုအတွက် ဆရာဝန်နှင့် ပြသရပါမယ်။

၆။ အဝလွန်ခြင်း

အဝလွန်ခြင်းက ကိုယ်ဝန်ဆောင်ခြင်းနှင့် ဆင်တူပါတယ်။ ဝမ်းဗိုက်ဧရိယာမှာ အဆီစုဆောင်းမိပါက diaphragmကို ဖိမိစေပြီး ချဲ့ထွင်ရန် ခက်ခဲစေပါတယ်။

ဒီကိစ္စတွေမှာ ကိုယ်အလေးချိန်၊ ကျန်းမာရေးနှင့် ပတ်သတ်ပြီး လမ်းညွှန်ချက်တစ်ချို့ပေးနိုင်မယ့် အာဟာရဆိုင်ရာ အထူးကု ဆရာဝန်နှင့် သွားပြဖို့ အကြံပြုပါတယ်။

၇။ Neuromuscular ရောဂါများ

အာရုံကြောနှင့် ကြွက်သားဆိုင်ရာ ရောဂါအမျိုးမျိုးက ရင်ဝမ်းခေါင်းကြွက်သား diaphragm နှင့် ရင်ခေါင်းပိ်ုငးအခေါင်း ကြွက်သားတွေကိုပါ သက်ရောက်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာစနစ်ကို မှန်ကန်စွာ အလုပ်လုပ်နိုင်ခြင်းမရှိတော့ပါဘူး။ ဒီကိစ္စတွေမှာ သင့်လျော်တဲ့ ကုသမှုကိုခံယူဖို့ အထူးကုဆရာဝန်ကို သွားပြဖို့ လိုပါလိမ့်မယ်၊

Lifestyle_Myanmar
LM_Nandar


Source-steptohealth




Some text some message..