ဆေးလိပ်သောက်ခြင်းအကျင့်ဆိုးကို ဖြတ်တောက်ပစ်နိုင်မယ့် နည်းလမ်းများ
myanmaplatform.com
|
2020-06-08

ဆေးလိပ်သောက်ခြင်းကနေ ရရှိလာနိုင်တဲ့ဆိုးကျိုးတွေကို သိရှိထားတာကြောင့် ဆေစလိပ်ကို ဖြတ်ပစ်ဖို့ ကြိုးစားကြသူတွေအတော်များပါတယ်။ ဆေးလိပ်ဖြတ်ရတာဟာ တကယ်တော့ အပြောနှင့်သာ လွယ်ကူပြီး လက်တွေ့မှာ ယတိပြတ်ဖြတ်ပစ်ဖို့ ခက်ခဲတာကို ဆေးလိပ်ဖြတ်ဖို့ ကြိုးစားဖူးသူတိုင်းသိကြမှာပါ။အခု မြန်မာ့ပလက်ဖောင်းကနေပြီးတော့ ဆေးလိပ်ဖြတ်ချင်တဲ့သူတွေအတွက် ဆေးလိပ်ကိုလုံးဝဖြတ်ပစ်နိုင်စေမယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်

၁။ ရက်သတ်မှတ်ပြီး ကြိုတင်ပြင်ဆင်ထားပါ။




ဆေးလိပ်ဖြတ်တော့မယ်ဆိုတာနှင့် နေ့ရက်တစ်ခုကို ရွေးချယ်ပြီး စတင်ဖြတ်တောက်သင့်ပါတယ်။ ထိုရက်မတိုင်ခင်မှာ ရက်များမှာတော့ ကြိုတင်ပြင်ဆင်ထားသင့်တာများရှိပါတယ်။ မိသားစုနှင့် သူငယ်ချင်းမျာကို ဆေးလိပ်ဖြတ်မယ့်ရက်ကို အသိပေးထားပါ။အိမ်မှာ ရှိတဲ့ ဆေးလိပ်များကို မသောက်မိစေဖို့ ကြိုတင်လွှင့်ပစ်ပါ။ဆေးလိပ်အစားထိုး စားနိုင်တဲ့ ပီကေ၊သကြားလုံး စတာများ ကြိုတင်ဝယ်ယူထားပါ။ဒါ့အပြင် မိတ်ဆွေ၊သူငယ်ချင်းများကိုလည်း ကိုယ့်ရဲ့အနီးအနားမှာ ဆေးလိပ်မသောက်ဖို့ ကြိုတင်တောင်းဆိုထားပါ။

၂။ပီကအေစားထိုး စားပါ။




ဆေးလိပ်ဖြတ်ရာမှာ ပီကေအစားထိုးစားတာဟာ ဆေးလိပ်ဖြတ်ခြင်းကို အထောက်အကူပြုပါတယ်။ပူရှိန်း အရသာရှိတဲ့ ပီကေတို့ကို ဆေးလိပ်သောက်ချင်စိတ်ဖြစ်တိုင်း ဝါးပေးရပါမယ်။

၃။စီးကရက်အစားထိုး အီး စီးကရက်များကို မသောက်သုံးပါနှင့်။




တစ်ချို့ ဆေးလိပ်သောက်သုံးသူများဟာ ဆေးလိပ်ဖြတ်တဲ့အခါတွေမှာ အီးစီးကရက်ကို အစားထိုးသောက်သုံးကြလေ့ရှိပါတယ်။တကယ်တော့ အီးစီးကရက် သောက်သုံးခြင်းဟာ ရိုးရိုး စီးကရက် သောက်သုံးခြင်းထပ် ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း လေ့လာချက်တွေအရ သိရှိရပါတယ်။

၄။ ဝါသနာတစ်ခုကိုမွေးမြူပါ။




အားလပ်ချိန်မှာ ဆေးလိပ်သောက်ရတာကို ဝါသနာပါသူတွေအနေနှင့် ဆေးလိပ်ဖြတ်ရတာသိပ်ကိုခက်ခဲမှာပါ။ ဒါကြောင့်ဆေးလိပ်ဖြတ်တော့မယ်ဆိုရင် အားလပ်ချိန်မှာ ဆေးလိပ်သောက်သုံးမယ့်အစား ဝါသနာပါရာ အလုပ်တစ်ခုနှင့် အလုပ်ရှုပ်နေဖို့အတွက် ဝါသနာအသစ်တစ်ခုကို ရှာဖွေမွေးမြူသင့်ပါတယ်။

၅။စိတ်ပိုင်းဖြတ်ပါ။




ဆေးလိပ်ဖြတ်တော့မယ်လို့ ဆုံးဖြတ်ကတည်း က ပြိုင်ပွဲကို တစ်ဝက်နိုင်နေပါပြီ။ဒါပေမယ့်လည်း လမ်းတစ်ဝက်မှာပဲ ဆေးလိပ်ဖြတ်ဖို့ မကြိုးစားတော့ဘဲ ပြန်လည်သောက်သုံးတော့မယ် ဆိုရင် အကျိုးဆုတ်ယုတ်သွားနိုင်ပါတယ်။ဒါကြောင့် ဒီတစ်ကြိမ်မှာ ဆေးလိပ်ရအောင် ဖြတ်မယ်လို့ ဆုံးဖြတ်ပြီးရင် ရအောင် ဖြတ်ပစ်ဖို့ တိုက်တွန်းလိုက်ပါတယ်။




Some text some message..