Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ) ရနေတဲ့လူတွေမှာတွေ့ရတတ်တဲ့ လက္ခဏာများ
lifestylemyanmar.com
|
2020-06-10



ဒီနေ့ပြောပြချင်တာကတော့ Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ) ဆိုပြီးနာမည်ပေးထားကြပေမယ့် စိတ်ကျန်းမာရေးဆရာဝန်တွေကတော့ Schizo phrenia ဆိုပီးပဲ ဝေါဟာရသတ်မှတ်ထားပါတယ်။ ဒီရောဂါဟာ ၁၈ရာစုမတိုင်ခင်တည်းက ရှိခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တွေတုန်းက ဒီရောဂါဟာ ဝိညဉ်လောကနဲ့တခြားသော အယူအဆတွေကြောင့်ဖြစ်တယ်ဆိုပြီး မှတ်ယူခဲ့ကြပါတယ်။ ဒီရောဂါကို ၁၈ရာစုအကျော်မှာတော့ အင်္ဂလန်နိုင်ငံက စိတ်ပညာရှင်ဘရိုင်လာက အမည်ကို တိတိကျကျ တပ်ခဲ့ပါတယ်။ ဒီတော့ ဒီSchizophrenia ဆိုတာ ဘယ်လိုရောဂါမျိုးလဲဆိုတာ အောက်မှာဆက်ဖတ်ကြည့်လိုက်ရအောင်..


Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ) ဆိုတာဘာလဲ



စိတ်ကစင့်ကလျားရောဂါဆိုတာ နာတာရှည်(နှစ်ပေါင်းများစွာ) စိတ်မကျန်းမာခြင်းတစ်မျိုးဖြစ်ပြီးတွေးခေါ်ခြင်းကိုဆိုးရွှားစွာအနှောင့်အယှက်ပေးပါတယ်။ လူနာရဲ့ တွေးခေါ်ခြင်းတွေဟာ ရှုပ်ထွေးနေပြီးတစ်ကယ့်လက်တွေ့အဖြစ်အပျက်တွေက ကွဲထွက်နေတတ်ပါတယ်။


အဲ့ဒီရောဂါကို လွယ်လွယ်ပြောရရင် မရှိတဲ့အရာကိုရှိနေတယ် မြင်နေတယ် လို့ ထင်နေတဲ့ရောဂါပါ။ သူ့စိတ်ထဲမှာမြင်နေတာတွေကို တစ်ကယ့်ကို အစစ်အမှန်ထင်ပြီး စကားတွေပြောနေတာ လျောက်သွားတာ မျိုးတွေလုပ်နေတာပါ။ ပြောရရင် တွေးတောမှု ဆိုင်ရာ ဖြစ်စဉ်တွေနဲ့ စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုတွေ ကစဉ့်ကလျား ဖြစ်နေတဲ့ ပြင်းထန်တဲ့ စိတ်မူမမှန်ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။

ဒီရောဂါဝေဒနာ ခံစားနေရတဲ့သူတွေက မရှိတဲ့ အသံတွေကို ကြားနေရတာ၊ အကြောင်းမဲ့ ကြောက်ရွံ့တာ သို့မဟုတ် ထူးဆန်းသော ထင်ယောင်ထင်မှားမှုများ ဖြစ်နေတတ်ပါတယ်။ လူတစ်ယောက်တည်းမှာကိုပဲ စိတ်ကဟိုဘက်ရောက်လိုက် ဒီဘက်ရောက်လိုက် ဖြစ်နေတဲ့ နှစ်စိတ်နဲ့တစ်ကိုယ်ပုံစံမျိုးပါပဲ။ တချို့မှာ ၃စိတ်နဲ့ ၁ကိုယ် အခြေအနေမျိုးတောင်ရှိနေနိုင်တယ်လို့လည်းဆိုကြပါတယ်။

ဒီရောဂါကြောင့် လူမှုရေးနဲ့ အလုပ်အကိုင်ဆိုင်ရာမှာ ကမောက်ကမတွေ ဖြစ်နေတတ်ပါတယ်။ စိတ်ပညာရှင် ဆစ်ဂမန်ဖရိုဒ်ကစပြီး စိတ်ပညာရှင်တွေရဲ့ တွေ့ရှိချက်တွေအရတော့ ကလေးဘဝစိတ်ဖွံဖြိုးမှုဖြစ်စဉ်တွေပုံမှန်မဟုတ်ပဲ ချို့ယွင်းမှု၊ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးမှုဖြစ်စဉ်မှာ ချို့ယွင်းချက်များရှိနေမှုတို့ကြောင့် အသက်ကြီးလာတဲ့အခါ ကိုယ်ရည်ကိုယ်သွေး စံချိန်မမှီတာမျိုးဖြစ်လာပြီး မျှော်လင့်ချက်နဲ့လက်တွေ့ဘဝ ကွာဟ လွန်းလာတဲ့အတွက် အရာရာကို အံ့ဝင်ခွင်ကျဖြစ်အောင်မလုပ်တတ်တော့တဲ့အခြေအနေမျိုးတွေဖြစ်လာတယ်။

ပုံမှန်ကိုယ်ရည်ကိုယ်သွေးနဲ့ ပုံမမှန်ကိုယ်ရည်ကိုယ်သွေးကို ခွဲခွဲခြားခြား မဆုံးဖြတ်နိုင်တော့ဘူး။ ဒီလိုအခြေအနေတွေဖြစ်နေတာကို Schizophreniaလို့သတ်မှတ်ခဲ့ပါတယ်။


Schizophrenia ဘာကြောင့်ဖြစ်သလဲ




ဒီရောဂါနဲ့ပက်သက်ပြီး အကြောင်းရင်းတိတိကျကျ မသိရသေးပေမယ့် သိပ္ပံပညာရှင်တွေကတော့မျိုးရိုး(မိသားစုတွင်း ဒီရောဂါရှိ)၊ ဦးနှောက်ရဲ့ ဖွဲ့စည်းတည် ဆောက်မှု နှဲ့ ဓါတုဗေဒသဘောမှာ ကွဲပြားခြင်းကြောင့်ဖြစ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ၁၉၅၀ကျာ်မှာတော့ ဦးနှောက်ထဲက ဓာတုပစ္စည်းတစ်မျိုးဖေ ာက်ပြန်မှုဟာ ဒီရောဂါလက္ခာဖြစ်စေတယ်လို့တွေ့ရှိခဲ့ပါတယ်။

နောက်ထပ်ဒီရောဂါဖြစ်လာစေနိုင်တာတွေက စိတ်ဒဏ်ရာပြင်းပြင်းထန်ထန်ရလာတဲ့ကလေး၊ မိဘတွေသေဆုံးတာ ဒါမှမဟုတ် ကွဲကွာတာကိုခံစားခဲ့ရတဲ့က လေး၊ မလိုချင်ပဲဆေးတွေသောက်ရက် တားရက်နဲ့ ရလာတဲ့ကလေး၊ မူးယစ်ဆေးနဲ့အရက်၊ မျိုးရိုးဗီဇ လူမှုရေးပြဿနာတွေကြောင့် လည်းဒီစိတ်ရောဂါဖြစ်စေနိုင်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦးဖြစ်ပုံချင်းတော့မတူနိုင်သလို ရောဂါအနုအရင့် ကွာခြားမှုတွေလည်းရှိနိုင်ပါတယ်။


ဒီရောဂါခံစားနေရရင် ဘယ်လိုလက္ခဏာတွေပြလဲ?


hallucinations (စိတ်အာရုံချောက်ချားခြင်း)




စိတ်အာရုံချောက်ချားခြင်း (hallucination)ဆိုတာ လက်တွေ့ပြင်ပမှာ အမှန်တကယ်မရှိတဲ့အရာ၊ မရှိတဲ့ အသံတွေ လူတွေကို မြင်ခြင်း၊ ကြားခြင်းကြောင့် စိုးရိမ်ကြောက်ရွှံ့စိတ် (anxiety) တွေဖြစ်လာပြီး ယုံမှားသံသယ (paranoia) ဖြစ်လာတတ်တာမျိုးပါ။ အထူးသဖြင့် ယောင်္ကျားသံ၊ မိန်းမသံတွေ၊ သူစိမ်းသံတွေ ကို ပြတ်သားစွာ ကြားနေရတတ်ပါတ ယ်။ အဲ့ဒီ အသံတွေက သူတို့ကို သေကြောင်းကြံဖို့နဲ့ အခြားသူတွေကို သတ်ခိုင်းတဲ့ ထိတ်လန့်ဖွယ် အသံတွေကို ကြားနေရတတ်ပါတယ်။ တစ်ပါးသူရန်မူမည်ကိုကြောင့်ကြလွန်သော စိတ်ဖောက်ပြန်မှုတွေဖြစ်တတ်ကြပါတယ်။


ထင်ယောင်ထင်မှားဖြစ်ခြင်း (Delusions)




hallucination နဲ့တူတယ်ထင်ရပေမယ့် Delusions ကမှားယွင်းနေတဲ့ယုံကြည်မှုတွေဖြစ်ပါတယ်။ Schizophrenia ဝေဒနာရှင်တွေဟာသူတို့ကိုတစ်ယောက် ယောက်က စောင့်ကြည့်နေသလို၊ နှောင့်ယှက်နေသလိုမျိုးတွေကိုတစ်ကယ်အစစ်အမှန်ထင်နေကြပါတယ်။ သူတို့မှာ နတ်ဘုရားတွေလို ထူးကဲတဲ့စွမ်းရည်တွေရှိနေသလို စူပါဟီးရိုးကြီးတွေလို ထင်နေတတ်ကြပါတယ်။ အဲ့ဒါကို အတုအယောင်ပါလို့သွားရှင်းပြလို့မရပါဘူး။သူတို့စိတ်ထဲမှာကိုမှ အစစ်အမှန်လို့နှစ်ပေါင်းများစွာသေသည်အထိယုံကြည်သွားတတ်ကြပါတယ်။


အတွေးချော်ခြင်းနဲ့စကားပြောဆိုမှုအစီအစဉ်မကျခြင်း




ဒီရောဂါခံစားနေရသူရဲ့ တွေးခေါ်နိုင်နှုန်းကလည်း မြန်ချင် မြန်နေတတ်သလို နှေးချင်နှေးနေတတ်ပါတယ်။ သူတိုဟာ ဿမာန်အတွေးအခေါ်ထက်ကို နက်နက်နဲနဲ အတွေးချော်နေကြကြီး ဒီအတွေးအခေါ်မူမမှန်မှုဖြစ်စဉ်ကြောင့် စကားပြောနှုန်းသည်လည်း မြန်ခြင်း နှေးခြင်းစကားထစ်ခြင်းတို့ဖြစ်လာသလို အကြောင်းအရာနဲ့ မဆီလျော်ပဲ တောင်စဉ်ရေမရတွေပြောတတ်ကြပါတယ်။ ဒီရောဂါက လူနာကိုတွေးခေါ်နိုင်စွမ်း နှင့် ပြဿနာကိုနားလည်သဘောပေါက်နိုင်မှုကို ဆုံးရှုံးစေပါတယ်။


ပုံမှန်မဟုတ်တဲ့အပြုအမူတွေရှိခြင်း




ဒီဝေဒနာသည်တွေဟာ သူတို့စိတ်ထဲရှိရာလိုက်လုပ်တတ်ကြပါတယ်။ ရှက်ရကြောက်ရမှန်းသူတို့မသိကြပဲ ကလေးတစ်ယောက်လို ပြုမူနေထိုင်တတ်ကြပါတယ်။ သူတို့ငြိမ်သက်သွားရင်လည်း သူတို့အပြုအမူကို ခန့်မှန်းရက်ခက်သွားပြန်ပါတယ်။ ပြန့်ကြဲနေတဲ့ စနစ်တကျမရှိတဲ့ အပြုအမူတွေကို နေ့စဉ်နဲ့အမျှလုပ်နေတတ်ပါတယ်။


အိပ်မပျော်ခြင်း(INSOMNIA)




သူတို့ဟာ စိတ်အာရုံချောက်ချားမှုတွေ သူတို့ကိုတစ်ယောက်ယောက်က နှောင့်ယှက်မှုတွေ စောင့်ကြည့်မှုတွေ ရှိနေတယ်လို့ယုံကြည်တဲ့အတွက် အိပ်စက်ဖို့ခက်ခဲပါတယ်။ နောက်ဆုံးမှာ အကြောက်လွန်ပြဿနာကြောင့် ရက်ဆက် အိပ်မပျော်ခြင်းတွေဖြစ်လာပါတယ်။


ရွေ့လျားမှုဆိုင်ရာပြဿနာ




ပုံမှန်မဟုတ်တဲ့သွားလာလှုပ်ရှားပြောဆိုမှုတွေဖြစ်လာတယ်။ သူတို့က ရက်အတန်ကြာစကားပြောဆိုတာမျိုးတွေမရှိတော့ဘူး။ သူတို့အခန်းလေးထဲမှာပဲနေမယ်။ နောက်တစ်ခုဖြစ်နိုင်ချေရှိတာက သူတို့စိတ်ပျက်လာရင် သူတို့ကိုယ်သူတို့မထိန်းချုပ်နိုင်တော့ပဲ လျောက်သွားနေတာ လှုပ်ရှားနေတာတွေကို မရပ်တန့်နိုင်တော့ပါဘူး။


လူမှုရေးနယ်ပယ်မှာမပါဝင်တော့ဘူး




ဒီရောဂါရဲ့ အစောပိုင်း လက္ခဏာ အစပိုင်းအဆင့်မှာ သူတို့ပုံမှန်ပြောနေလုပ်နေ ခင်နေတဲ့သူတွေနဲ့ ဆက်ဆံရေးတွေကိုရပ်တန့်ပစ်လိုက်ပါတယ်။ စိတ်အပြောင် းအလဲတွေနဲ့ အာရုံချောက်ခြားမှုတွေကြောင့် စိတ်တိုလွယ်တာ တက်ကြွစိတ်ပျောက်ဆုံးတာမျိုးတွေဖြစ်လာပါတယ်။ ပတ်ဝန်းကျင်က သူတို့နဲ့မဆိုင်သလိုနေထိုင်ပါလိမ့်မယ်။ ဒါတွေကတော့ Schizophreniaရောဂါခံစားနေရရင် ပြသတတ်တဲ့ လက္ခဏာတွေဖြစ်ပြီးတော့ဒီရောဂါရလာရင်ဘယ်လိုကုသနိုင်မလဲဆိုတာပါဖော်ပြပေးချင်ပါတယ်။


Schizophreniaရောဂါကိုဘယ်လိုကုသမလဲ?




Schizophreniaရောဂါခံစားနေရသူက လူအယောက် ၁၀၀မှာ ၁ယောက်နှုန်းဖြစ်နေတယ်လို့ဆိုပါတယ်။ အပေါကလက္ခဏာတွေခံစားနေရပြီဆို စိတ်ကျန်းမာ ရေးဆရာဝန်နဲ့သွားရောက်တွေ့ဆုံသင့်ပါတယ်။ ဆေးရုံဆေးခန်းတွေကို ခေါ်ရင် လူနာက အကြောက်အကန် ငြင်းနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့လိုအပ်ပါတယ်။ အိမ်တွင်းကုထုံးတွေကတော့ သိပ်အဆင်မပြေလှပါဘူး။ ဒီSchizophreniaရောဂါဟာ မြန်မြန်သိလေ မြန်မြန်ကုသသင့်လေဖြစ်ပြီးတော့ဒီလူနာ အများစုဟာနောက်ဆုံးမှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်တာမျိုးတွေ(Sucide)လုပ်သွားနိုင်ပါတယ်။

#Lifestyle_Myanmar

#Mg_Htet

REF_Power Of Possitivity/ Thoughtcatlog.com/The Mind Journal




Some text some message..