
ပုရွက်ဆိတ်တွေဟာ ကျွန်တော်တို့ စားသုံးလိုက်လို့ ကျန်ရစ်ခဲ့တဲ့ စားကြွင်းစားကျန်တွေကို စားသုံးဖို့အတွက် ရောက်ရှိလာတတ်ကြပါတယ်။အနည်းငယ်လောက်က စိတ်အနှောင့်အယှက် မဖြစ်ပေမယ့်လည်း များပြားလာတဲ့ အခါမှာတော့ စိတ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ပုရွက်ဆိတ်တွေကို အသက်မသေစေဘဲ အိမ်ထဲကို မလာစေမယ့် နည်းလမ်းကောင်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ပန်းကန်ဆေးဆပ်ပြာ
ပန်းကန်ဆေးဆပ်ပြာကလည်း ပုရွက်ဆိတ်တွေမလာစေဖို့ တားဆီးပေးနိုင်ပါတယ်။ပန်းကန်ဆေးဆပ်ပြာ အဆီကို ရေနှင့် စနစ်တကျ ဖျော်ပေးပြီး ပုရွက်ဆိတ်တွေလာနိုင်တဲ့ နေရာတွေမှာ လောင်းချထားပေးလိုက်ပါ။ဒီနည်းနှင့်လည်း ပုရွက်ဆိတ်တွေ မလာစေဖို့ တားဆီးပေးနိုင်ပါတယ်။
၂။ငရုတ်ကောင်းမှုန့်
ငရုတ်ကောင်းမှုန့် ရဲ့ အနံ့ကို ပုရွက်ဆိတ်တွေ မကြိုက်ကြပါဘူး။ဒါကြောင့် ပုရွက်ဆိတ်တွေပြေးစေဖို့အတွက် ငရုတ်ကောင်းမှုန့်ကို လည်း အသုံးပြုနိုင်ပါတယ်။ပုရွက်ဆိတ်တွေ လာနေကျ နေရာကို ငရုတ်ကောင်း အနက်စေ့ ကို ထောင်းထားတဲ့ အမှုန့်ကို ဖြူးထားလိုက်ရုံပါပဲ
၃။ရှာလကာရည်
ရှာလကာရည်ဟာ ပုရွက်ဆိတ်တွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ဒါကြောင့် အိမ်သန့်ရှင်းရေး လုပ်တဲ့ အခါတိုင်း ရှာလကာရည်အနည်းငယ်ကို ပက်ဖျန်းပေးရုံနှင့် ပုရွက်ဆိတ်တွေကို မလာစေဖို့အတွက် တားဆီးပေးနိ်ုင်ပါတယ်။
၄။ရေနွေးပူ
ပုရွက်ဆိတ်တွေ ထိန်းမနိုင်အောင် များပြားလာနေတယ်ဆိုရင်တော့ ရေနွေးပူ နည်းလမ်းကိုလည်း သုံးနိုင်ပါတယ်။ပုရွက်ဆိတ်တွေ လာနေတဲ့ လမ်းကြောင်းကို ရေနွေးပူပူလေး လောင်းချလိုက်ရုံပါပဲ။
၅။ကော်ဖီကြမ်းမှုန့်
ကော်ဖီကြမ်းမှုန့်တွေကို ပုရွက်ဆိတ်တွေ လာနေကျ လမ်းကြောင်းနှင့် ပုရွက်ဆိတ်တွေ လာနိုင်တဲ့ နေရာများကို ဖြူးပေးထားရမှာပဲဖြစ်ပါတယ်။