အသားရေနူးညံ့ပျော့ပျောင်းစေဖို့ ထောပတ်သီးကို အလှဆီအဖြစ်သုံးကြမယ်
healthcare.com.mm
|
2020-06-21


ထောပတ်သီး လက်ကျန်တွေ ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေတယ်မဟုတ်လား။ မိမိကိုယ်တိုင် ဖန်တီးလုပ်ယူရသော လွယ်ကူရိုးရှင်းတဲ့ ထောပတ်သီးဖတ် သုတ်လိမ်းနည်းလေးက ခြောက်သွေ့ကြမ်းထော်တဲ့ မိမိလက်တွေကို စိုပြေလှပစေဖို့ လျင်မြန်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးများ ၁။ ထောပတ်သီးမှာ အင်တီအောက်ဆီဒင်း၊ အဆီအက်ဆစ်၊ ဗီတာမင် စီ နဲ့ အီးတွေ အပြည့်ပါဝင်တယ်။ ၂။ ထောပတ်သီးမှာ အသားရေခြောက်သွေ့ခြင်းအတွက် ကောင်းမွန်သော biotin အရင်းမြစ်တစ်ခုဖြစ်ပါတယ်။ ၃။ ထောပတ်အဆီကို အရေပြားမှ အလွယ်တကူ စုပ်ယူပြီး အသားရေထိန်းသိမ်းပစ္စည်းများနဲ့ နှုတ်ခမ်းဆိုးဆေးတွေမှာ အတွေ့ရဆုံးဖြစ်ပါတယ်။ လက်အား ထောပတ်သီးဖတ် သုတ်လိမ်းဆေးနည်း ပါဝင်ပစ္စည်းများ အုတ်ဂျုံစေ့ ထမင်းစားဇွန်း (၁) ဇွန်း သံပုယိုရည် ထမင်းစားဇွန်း (၁) ဇွန်း ကြက်ဥအဖြူ (၁) လုံး ထောပတ်သီး တစ်ဝက် လမ်းညွန်ချက် ၁။ ကြက်ဖြူ၊ ထောပတ်သီး၊ အုတ်ဂျုံစေ့နဲ့ သံပုယိုရည်ကို ပန်းကန်တစ်လုံးတွင် ရောစပ်ပါ။ ၂။ အဲဒီအရောအနှောနဲ့ လက်တွေကို နှိပ်နယ်ပေးရပါမယ်။ ၃။ အနည်းဆုံး မိနစ် ၂၀ ခန့်ထားပါ။ ၄။ ရေနွေးဖြင့် ပြန်ဆေးကြောပေးရပါမယ်။ Credit : Trend Myanmar မှတ်ချက်။ ။ ဤဆောင်းပါးနှင့် ပတ်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment (သို့မဟုတ်) message box ထဲတွင် ဝင်ရောက်မေးမြန်းနိုင်ပါသည်။ ရုံးချိန်အတွင်း ဆရာဝန်များ ကိုယ်တိုင် ပြန်လည်ဖြေကြား ပေးနေပါသည်။





Some text some message..