
ရှားပါးကင်ဆာရောဂါတစ်မျိုးဖြစ်ပြီး နို့သီးခေါင်းနှင့် ၎င်း၏ပတ်ဝန်းကျင်တွင် ပြောင်းလဲမှုများ စတင်ဖြစ်ပွားတတ်သည်။ Paget’s disease of breast သည် Paget’s disease of bone နှင့် ဆက်စပ်မှုမရှိပါ။အသက် ၅၀ ကျော်အမျိုးသမီးများတွင်အဖြစ်များပြီး မူလကပင် နို့်ပြွန်ကင်ဆာရှိနေသူများတွင် ပို၍အဖြစ်များသည်။လက္ခဏာများနို့သီးခေါင်းနှင့် နို့သီးခေါင်းဝန်းကျင်တွင်သာ ဖြစ်ပွားတတ်ပြီး ရင်သားပေါ်ရှိအရေပြားများရောင်ရမ်းလာတတ်သည်။Paget’s disease of the breast ၏ လက္ခဏာများအဖြစ်· နို့သီးခေါင်းထိပ်တွင်အရေခွံများတွန့်ခြင်း၊အကြေးခွံကွာသကဲ့သို့ ဖြစ်ခြင်း· နို့်သီးခေါင်းနှင့် ပတ်ဝန်းကျင်ရှိအရေပြားများ ကွဲကျေခြင်း၊အရေစိမ့်ထွက်ခြင်း၊ မာကျောလာခြင်း· ယားယံခြင်း· ထုံကျင်ခြင်း၊ ပူစပ်စပ်ဖြစ်ခြင်း· နို့မှ ဝါကျင်ကျင်ရောင် (straw- colour) / သွေးရောင်အရည်များ ထွက်ခြင်း· နို့သီးခေါင်းပြားသွားခြင်း/အတွင်းသို့ ပြန်ဝင်သွားခြင်း· ရင်သားတွင်အလုံးစမ်းမိခြင်း· ရင်သားပေါ်ရှိအရေပြားများ ထူလာခြင်း တို့ကို ကြုံတွေ့ရတတ်သည်။အရေပြားပြောင်းလဲမှုများမှာ သူ့အလိုအလျောက်ပြန်လည်ကောင်းမွန်သွားနိုင်သည်။ သို့မဟုတ် ဆေးလိမ်းပေးခြင်းဖြင့် ပြန်လည်ကောင်းမွန်သွားနိုင်သည်။အများအားဖြင့်အမျိုးသမီးများတွင် ရောဂါအမည်မပေါ်မီ လများစွာအလိုကပင် ရောဂါလက္ခဏာများကို ခံစားနေတတ်ကြရသည်။ဆရာဝန်နှင့် ပြသသင့်သောအချက်များရင်သားတွင်အလုံးစမ်းမိခြင်း၊ ရင်သားပေါ်ရှိအရေပြားတွင် ယားယံခြင်းတို့ဖြစ်ပွားပါက ဆရာဝန်နှင့် ပြသကာ ကုသမှုခံယူသင့်သည်။ဖြစ်ပွားရသောအကြောင်းရင်းများဖြစ်ပွားရသောအကြောင်းရင်းကို သေချာစွာမသိရသေးသော်လဲ မူလကပင် နို့်ပြွန်ကင်ဆာရှိနေခြင်း နှင့် သက်ဆိုင်သည်ဟု လေ့လာမှုများက ဆိုထားသည်။အဖြစ်များသူများ· အသက်အရွယ်ကြီးသူများ· ရင်သားကင်ဆာဖြစ်ဖူးများ၊ ရင်သားတွင်အကျိတ်အလုံးစသည်တို့ ဖြစ်ဖူးသူများ· အလားတူရောဂါဖြစ်ဖူးသော မျိုးရိုးရှိသူများ· မွေးရာပါ မျိုးရိုးဗီဇချို့ယွင်းသူများ· ဓာတ်ရောင်ခြည်နှင့် ထိတွေ့မှုရှိသူများ· ရင်သားတစ်ရှူး များပြားသိပ်သည်းသူများ· အဝလွန်သူများ· ဟော်မုန်းအစားထိုးဆေးများ သောက်သုံးနေသူများ· လူဖြူအမျိုးသမီးများ· အရက်သောက်သူများတွင်အဖြစ်များသည်။စစ်ဆေးမှုများ· ဆရာဝန်နှင့်တိုင်ပင်ကာ ရင်သားကို စမ်းသပ်စစ်ဆေးခြင်း· ရင်သားဓာတ်မှန်ရိုက်ခြင်း ( Mammogram )· ရင်သားမှအသားစယူ စစ်ဆေးခြင်း· ပြန်ရည်ကျိတ်များမှအသားစယူစစ်ဆေးခြင်း တို့ကိုပြုလုပ်နိုင်ပါသည်။ကုသခြင်းPaget’s disease of the Breast ဖြစ်ပွားပါက ခွဲစိတ်ကုသရန်လိုအပ်သည်။ ခွဲစိတ်နည်းများမှာ ဖြစ်ပေါ်နေသော ရောဂါအခြေအနေ၊ မူလရှိနေသော ကင်ဆာအနေအထားတို့ကို လိုက်၍ ရင်သားတစ်ခုလုံးကို လှီးထုတ်ခြင်း၊အကျိတ်ကို ထုတ်ပစ်ခြင်းဟူ၍ နှစ်မျိုးခွဲခြားနိုင်ပါသည်။ထို့ပြင် ဓာတ်ရောင်ခြည်ပေးခြင်း၊ ကင်ဆာဆေးများပေးခြင်း၊ ဟော်မုန်းဆေးများ ပေးခြင်းတို့ကိုလည်း တွဲဖက်လုပ်ဆောင်ရန် လိုအပ်ပါသည်။ရင်သားကင်ဆာ ဖြစ်ပွားနေသည်ဆိုပါက· ရောဂါနှင့် ပတ်သက်သော သိသင့်ဖွယ်ရာများကို လေ့လာပါ· အခြား ကင်ဆာဝေဒနာရှင်များနှင့် စကားပြောပါ· မိမိအခက်အခဲများကို ယုံကြည်ရသူအား ရင်ဖွင့်ပါ· မိသားစုများ၊ သူငယ်ချင်းများနှင့် ချစ်ချစ်ခင်ခင်နေထိုင်ပါ· စိတ်ဓာတ်မကျပါနဲ့· ကိုယ်ကျန်းမာရေးကို ယခင်ကထက်ပို၍ ဂရုစိုက်ပါ။ကာကွယ်ခြင်းPaget’s disease of the Breast ရင်သားကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ရန်နျင့် စောစီးစွာသိရှိနိုင်ရန်· ရင်သားစစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်ပါ· မိမိကိုယ်တိုင်စစ်ဆေးနိုင်သော နည်းလမ်းများကို လေ့လာထားပါ· အရက်လျှော့သောက်ပါ· လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ· သွေးဆုံးပြီးနောက်ပိုင်း ဟော်မုန်းအစားထိုးဆေးများ စားသုံးခြင်းကို ရှောင်ကျဉ်ပါ· ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ· အာဟာရပြည့်ဝသောအစာများကို စားသောက်ပါ Lei ( Healthcare.com.mm )Ref: Mayo Clinic သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။