
အရေပြားပေါ်တွင် ပုလဲရောင် သို့မဟုတ်အသားရောင်ရှိသောအဖုငယ်များဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးကူးစက်မှု ဖြစ်ပါသည်။အဖုငယ်များသည် ကြည်နေတတ်ပြီးအလယ်တွင် ချိုင့်နေတတ် ပါသည်။ နီနေခြင်း၊ ရောင်ရမ်းနေခြင်းများလည်း တစ်ခါတစ်ရံ တွေ့နိုင်ပါသည်။ ဤဗိုင်းရပ်စ်ပိုးသည် လွယ်ကူစွာ ပြန့်ပွားသော်လည်းအန္တရာယ်မရှိပါ။ များသောအားဖြင့်အရေပြားထိတွေ့ခြင်းမှ ကူးစက်ပျံ့နှံ့ပါသည်။ လိင်ဆက်ဆံမှု၊အဖုများကို ထိတွေ့ပြီး သို့မဟုတ် ကုတ်ခြစ်ပြီး ထိုလက်ဖြင့်အရေပြားကို ထိတွေ့ခြင်းဖြင့် ကူးစက်နိုင်ပါသည်။ ထိတွေ့ကိုင်တွယ်သော ပစ္စည်းများ (မျက်နှာသုတ်ပုဝါ စသည်) တွင် ဗိုင်းရပ်စ်ပိုးရှိနေလျှင်လည်း ကူးစက်နိုင်ပါသည်။ ကိုယ်ခန္ဓာ၏အစိတ်အပိုင်းတစ်ခုမှ တစ်ခုသို့ ကူးစက်နိုင်သကဲ့သို့အခြားသူတစ်ဦး သို့လည်း ကူးစက်နိုင်ပါသည်။ မူကြိုများနှင့် ကျောင်းများတွင် ကလေးငယ်များအကြား ကူးစက်မှု ဖြစ်ပွားပါသည်။အဖုများ ရိုနေသရွေ့ ကူးစက်မှု ဖြစ်နိုင်ပါသည်။အဖုများကို မကုသဘဲထားလျှင် ၆ လ သို့မဟုတ် ထို့ထက်ပို၍ ကြာနိုင်ပါသည်။ ဘယ်လိုကုမလဲကျန်းမာနေသောသူများတွင် ကုသရန် မလိုအပ်ပါ။ ၂ လ မှ ၄ လ လအတွင်း( ထို့ထက်လည်း ကြာနိုင်ပါသည်)အလိုအလျောက်ပျောက်သွားတတ်၍ ဖြစ်ပါသည်။အချို့သူများသည် ငါးမျက်စိအဖု များကို ဖယ်ရှားလိုကြသည်။ ရှက်၍ သို့မဟုတ်အခြားသူများကို ကူးမည်စိုး၍ ဖြစ်ပါသည်။ လိင်အင်္ဂါ တစ်ဝိုက်ရှိ ငါးမျက်စိများကို ဖယ်ရှားရန် ဆရာဝန်မှ တိုက်တွန်းလေ့ရှိပါသည်။အခြားသူများကို ကူးစက်မည်စိုး၍ ဖြစ်ပါသည်။ ရွေးချယ်နိုင်သော ကုသနည်းများမှာ -အဖု၏အလယ်ရှိ ဗိုင်းရပ်စ်အား လျှင်မြန်စွာခြစ်ထုတ်ခြင်းဖြင့် ဖယ်ရှားနိုင်ပါသည်။ -အဖုအား နိုက်ထရိုဂျင်အရည်ဖြင့်အေးခဲစေခြင်းဖြင့် ဖယ်ရှားနိုင်ပါသည်။ - လိမ်းဆေးလိမ်းခြင်းဖြင့် ဖယ်ရှားနိုင်ပါသည်။ ၁၃၀ Salicylicအက်ဆစ်လိမ်းခြင်းမျိုး ဖြစ်ပါသည်။ မနာကျင်တတ်ဘဲ ပထမဆုံးအသုံးပြုသင့်သော ပထမဆုံးအသုံးပြုသင့်သော ကုသမှုအဖြစ် ယူဆကြသည်။ Imiquimod, podofilox, tretinoin စသည်တို့လည်း လိမ်းနိုင်ပါသည်။ - ဆေးသောက်ခြင်းဖြင့် ဖယ်ရှားနိုင်ပါသည်။ - လေဆာကုထုံးဖြင့်လည်း ကုသနိုင်ပါသည်။ ကုသမှုသည်အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနှင့် ဖြစ်ပွားသောနေရာများပေါ်တွင် တည်၍ ပြောင်းလဲနိုင်ပါသည်။ ကလေးများတွင်အဖုအား ဖယ်ရှားခြင်း၊အေးခဲစေခြင်းဖြင့် ဖယ်ရှားခြင်း နှင့် လိမ်းဆေးလိမ်းခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ လိင်အင်္ဂါတစ်ဝိုက်ရှိ ငါးမျက်စိများကို ဖယ်ရှားရန်အေးခဲစေခြင်းဖြင့် ဖယ်ရှားခြင်း၊ ခြစ်ထုတ်ခြင်းဖြင့် ဖယ်ရှားခြင်းနှင့် Imiquimod လိမ်းဆေး လိမ်းခြင်း ဖြင့် ဖယ်ရှားခြင်းတို့ ပြုလုပ်နိုင်ပါသည်။Ref: ဒေါက်တာခိုင်ခိုင်ဇော်အရေပြားရောဂါအကြောင်းတစေ့တစောင်း သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။