သင်မျက်လုံးဘယ်လောက်လျင်သလဲ
lotaya.mpt.com.mm
|
2018-12-07




သင်မျက်လုံးဘယ်လောက်လျင်သလဲ


တစ်ခါတစ်ရံမှာ ကိုယ့်မျက်လုံးကိုတောင် ကိုယ်မယုံနိုင်လောက်အောင် လှည့်စားနိုင်တဲ့အရာဝတ္ထုတွေ ရှိတတ်ပါတယ်။ ပြီးတော့ ရုတ်တရက်ကြည့်လို့ မမြင်မိတဲ့အရာတွေလည်း ရှိနေတတ်ပါသေးတယ်။ ဒီလိုလှည့်စားတတ်တဲ့အရာတွေကိုအမှန်မြင်ပြီး ရုတ်တရက်မြင်ရတတ်တဲ့အရာတွေကိုလည်း မလွတ်တမ်း မြင်လေ့ရှိတယ်ဆိုရင်တော့ သင်ဟာ မျက်စိလျင်သူတစ်ဦးပါပဲ၊အမြင်အာရုံစူးရှသူတွေက ဉာဏ်လည်းပိုကောင်းတတ်ကြပါတယ်တဲ့။ ဒီတော့ ဖော်ပြထားတဲ့ ပုံလေးတွေမှာ လိုအပ်နေတာလေးတွေဖြည့်ပြီး သင့်မျက်လုံး ဘယ်လောက်လျင်တယ်ဆိုတာကို လေ့လာဆန်းစစ်ကြည့်ရအောင်ပါနော်။ ကဲအခုကစပြီးအဖြေမှန်ရဖို့အတွက် မျက်စိကိုသေချာလျင်လျင်ထားပြီး ပုံလေးတွေကိုလည်း သေချာဂရုတစိုက်ကြည့်ပေးပါဦး။ ပြီးရင်အဖြေမှန်ဘယ်နှစ်ခုလောက် ရတယ်ဆိုတာကိုလည်း ကွန်မန့်မှာ ပြောပြပေးသွားပါဦးနော်။


ပုံ ၁ - ပုံမှာဖော်ပြထားတဲ့ စက်ဝိုင်းတွေရဲ့အလယ်မှာ တြိဂံလေးတစ်ခု ရှိနေပါတယ်။ ဒီတြိဂံလေးတွေထဲက ဘယ်တြိဂံလေးကအလယ်တည့်တည့်မှာ ရှိနေတာပါလဲ၊ ဖြေကြည့်လိုက်ပါဦး။





ပုံ ၂ -အောက်ကဇယားကွက်ထဲမှာအရောင်ဖြည့်ထားတဲ့အကွက်လေး ၈ ခုရှိနေပါတယ်။ ဒီကာလာအကွက်လေး ၈ ခုထဲမှာ ဘယ်အကွက်လေးက ဇယားကွက်ကြီးတစ်ခုလုံးရဲ့အလယ်တည့်တည့်မှာ ရှိနေတယ်ဆိုတာ ဖြေကြည့်ပေးပါဦး။





ပုံ ၃ - ကဲ ဒီမှာလည်း ဒီလိုပါပဲ၊ ကာလာကွက်လေး ၈ခုထဲက ဘယ်အကွက်လေးကများ ဇယားကွက်ကြီးတစ်ခုလုံးရဲ့အလယ်တည့်တည့်မှာ ရှိနေတယ်လို့ ယူဆပါသလဲ။





ပုံ ၄ -အောက်မှာ ဖော်ပြထားတဲ့ ထောပတ်သီးပုံလေးတွေထဲကအလယ်တည့်တည့်မှာ ရှိနေတယ်လို့ ယူဆရတဲ့ ထောပတ်သီးလေးကို ရွေးပေးပါဦး။




ပုံ ၅ - ပုံမှာဖော်ပြထားတဲ့ စက်ဝိုင်းတွေထဲကအသေးဆုံးကို ရွေးကြည့်ပါဦး။




ပုံ ၆ -အောက်မှာဖော်ပြထားတဲ့ ပုံထဲမှာ ကျန်တဲ့ နှစ်ခုနဲ့မတူပဲ ကွဲပြားနေတဲ့ တစ်ခုကို ရွေးပေးပါဦး။




ပုံ ၇ - ဖော်ပြထားတဲ့ မြားပစ်ကွင်းတွေထဲမှာ မတူတဲ့တစ်ခုကို ရွေးပေးပါဦး။




ပုံ ၈ - ဖော်ပြထားတဲ့ လေးထောင့်ပုံလေးတွေထဲမှာ ဘယ်လေးထောင့်ပုံလေးကအကြီးဆုံးဖြစ်မယ်လို့ ထင်ပါသလဲ။




ပုံ ၉ - ပုံထဲက ပျောက်ဆုံးနေတဲ့အပိုင်းကို ရှာပေးပါဦး။




ပုံ ၁၀ - ကဲ ဒီပုံလေးမှာရော ပျောက်နေတဲ့အပိုင်းလေးကိုအမှန်ရွေးပေးပါဦး၊ ဘယ်နံပါတ်လေးက ပျောက်နေတဲ့အပိုင်းဖြစ်မယ်လို့ ထင်ပါသလဲ။





အဖြေမှန်များ


အပေါ်ကပုံလေးတွေရဲ့အဖြေမှန်ကိုဖော်ပြထားတဲ့ ပုံလေးတွေကိုကြည့်ပြီး သင့်အဖြေ ဘယ်လောက် မှန်တယ်ဆိုတာ တိုက်ကြည့်ပါဦး၊ ပြီးရင်အမှတ်တွက်ပြီးအောက်ကို ဆက်ဖတ်ရအောင်ပါနော်။


Answer ပုံ ၁ မှ ၁၀


အဖြေမှန်တဲ့အရေအတွက်ပေါ်မူတည်တဲ့ သင့်ရဲ့ မျက်စိအမြင်စွမ်းအား


၀ ကနေ ၃ ခုအထိအဖြေမှန်ရင် -အပေါ်ကအဖြေ ၁၀ ခုမှာ တစ်ခုမှ မမှန်တာ၊ ၁ခုမှန်တာ၊ ၂ခုမှန်တာ၊ ၃ခုမှန်တဲ့ သူတွေအနေနဲ့ သင့်မျက်လုံးကို သင်မယုံဖို့ သတိပေးပါရစေ။ ဒါပေမယ့် ဒါက သင့်ရဲ့ မျက်လုံးအမြင်စွမ်းအားတစ်ခုတည်းနဲ့ပဲဆိုင်တာဖြစ်လို့ တစ်ခြားစွမ်းရည်တွေအပေါ်မှာတော့ စိုးရိမ်စရာမရှိပါဘူး။ သင့်မှာ တစ်ခြားသောအရည်အသွေးတွေ ရှိကောင်းရှိနေနိုင်ပါတယ်။ ဒါပေမယ့်အမြင်အာရုံပိုင်းမှာတော့အာရုံစူးစိုက်မှုအားနည်းနေသေးတယ်လို့ ပြောရမှာပါ။


၄ခုကနေ ၇ ခုအတွင်းအဖြေမှန်ရင် - ဒါကတော့ ကောင်းတဲ့ ရလဒ်ပါပဲ၊ သင်ဟာ လှည့်စားထားတဲ့ ပုံတွေကိုအဖြေထုတ်နိုင်စွမ်းရှိသူလို့ ပြောရမှာပါ။


၈ခုကနေ ၉ ခုအတွင်းအဖြေမှန်ရင် - ဒါဆိုရင်တော့ လုံးဝပြီးပြည့်စုံတဲ့ ရလဒ်လို့ ပြောရမှာပါ။ သင့်ရဲ့ မျက်လုံးအမြင်အာရုံကို လှည့်စားဖို့ တော်တော်လေးကို ခက်ခဲမှာပါ။ သင်ဟာ ပြီးပြည့်စုံတဲ့အမြင်အာရုံပိုင်ရှင်တစ်ဦးပါပဲ။


အဖြေ ၁၀ ခုလုံး မှန်ရင် -အိုးအံ့သြစရာပါပဲ၊ သင်ဟာ AI စနစ်တစ်ခုလို့ တောင် ထင်မှတ်ရအောင် တော်လွန်းတဲ့သူူပါပဲ။ စက်ကိုမှတ်သားခိုင်းထားသလို သင့်ရဲ့အမြင်အာရုံစွမ်းရည်တွေက ထက်မြက်လွန်းသူဖြစ်နေတာပါ။


ကဲ လိုတရ ပရိသတ်ကြီးရော ဒီအဖြေတွေထဲက ဘယ်နှစ်ခုလောက် မှန်ကန်တယ်ဆိုတာကို ကွန်မန့်မှာ ပြောပြသွားပေးပါဦး။

Ref : brightside.me




Some text some message..