မြင်းခွါရွက်ဟာ သဘာဝကပေးထားတဲ့ ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါတယ်။
မြင်းခွါရွက်၏ ဆေးဖက်ဝင်ပုံတွေက…
(၁) ဉာဏ်ကောင်းစေခြင်း၊ မျက်စိအမြင်အာရုံအားကောင်းစေခြင်း၊ အာရုံကြောများ အားကောင်းစေခြင်း၊ ကျား၊မ ဟော်မုန်းဓါတ်မြင့်တက်စေခြင်း၊ အစာကြေလွယ်စေခြင်း၊ နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း၊
နှလုံးအားကောင်းစေခြင်း၊ ခွန်အားကို တိုးပွါးစေခြင် စသည်တို့ဖြစ်ပါတယ်။
သဘာဝမြင်းခွါရွက်ဖျော်ရည် လုပ်နည်း
(၁) ပုံပါအတိုင်း မြင်းခွါရွက်ကို ရေစင်ဆေး၊ အနည်းငယ်လှီးဖြတ်၊ ဘရန်ဒါကြိတ်စက်နဲ့ ကြိတ်။ ကြိတ်စက်မရှိက ထု၊ ထောင်းပါ။
(၂) ကြိတ်ဖတ်ကို အဝတ်သန့်သန့်ထဲထည့်၍ အရည်ညစ်ယူပါ။
(၃) မြင်းခွါရွက်ရည်ထဲကို ပျားရည်ထမင်းစားဇွန်း ၁ ဇွန်းခန့်ထည့်၊ သဘာဝသကြားညို လက်ဖက်စားဇွန်း ၂ ဇွန်းခန့်ထည့်မွှေထားပါ။
(၄) ရေခဲသေတ္တာထဲ နာရီဝက်ခန့် အေးအောင်ထည့်ထားပြီး သောက်ပါ။
( အေးနေပါက သောက်ရတာ အရသာပိုကောင်းပါတယ်)
(၅) ညဖက် ထမင်းစားပြီး အိပ်ယာမဝင်ခင် သောက်ပါက ပို၍ ဆေးဖက်ဝင်စေပါတယ်။
(၆) ကျန်နေတဲ့ ကြိတ်ဖတ်များကို နေရိပ်ထဲ အခြောက်လှမ်းထားပြီး လက်ဖက်ခြောက်ကဲ့သို့ ရေနွေးထဲခတ်သောက်ပါ။
လွယ်ကူရိုးရှင်းသော သဘာဝမြင်းခွါရွက်ဖျော်ရည်ကို သောက်သုံးခြင်းဖြင့် ဉာဏ်ရည်ဖွံ့ဖြိုး အမြင်အာရုံတိုး၍ နှလုံးအားကောင်းပြီး အမောခံနိုင်ကာ ကျန်းမာဖွံဖြိုးနိုင်ကြပါစေ။
[ Unicode ]

Ref; asianfood