ကိုယ့်ရဲ့ relationship က အခြေအနေ ဆိုးရွားနေတယ်ဆိုတာကို သက်သေပြနေတဲ့အချက် (၆) ချက်
lifestylemyanmar.com
|
2020-07-06



Relationship တိုင်းက သာယာလှပနေတာမျိုးတော့မဟုတ်ပါဘူး။ ယောက်ျားလေးဘက်ကရော မိန်းကလေးဘက်ကပါ ပျော်ရွှင်နေတဲ့ relationship မျိုးရှိသလို နှစ်ဦးနှစ်ဖက်လုံးက စိတ်ကုန်နေတဲ့ relationship တွေလည်းရှိတာကြောင့် ကိုယ့်ရဲ့ relationship အခြေအနေဆိုးရွားနေပြီဆိုတာ သက်သေပြနေတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ရပါတယ်။



၁။ တစ်ချိန်ကအမှားတွေကို အမြဲတမ်းနောက်ကြောင်းပြန် ဝေဖန်နေခြင်း
Relationship တိုင်းအတွက် ဒီအချက်က အဆိုးရွားဆုံးအချက်လို့တောင် ပြောလို့ရပါတယ်။ နှစ်ယောက်သား ပြဿနာတက်တိုင်း အတိတ်တုန်းကဘယ်လိုဖြစ်ခဲ့တယ်၊ ဘာတွေမှားယွင်းခဲ့တယ်ဆိုတာကို အမြဲလိုလို နောက်ကြောင်းပြန်ပြစ်တင်ပြောဆိုနေတာတွေက အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ရဲ့ relationship ကို စိတ်ကုန်လာစေတဲ့အချက်ပါ။ ဒီလိုပြစ်တင်ပြောဆိုနေရင်းက တစ်ယောက်နဲ့တစ်ယောက် စိတ်ဒဏ်ရာရအောင် ပြောဆိုမိခဲ့မယ်ဆိုရင်တော့ လုံးဝကိုပြတ်စဲသွားတဲ့အထိ အခြေအနေဆိုးရွားသွားနိုင်ပါတယ်။



၂။ ခံစားချက်တွေကို မျိုသိပ်ထားခြင်း
တစ်ယောက်နဲ့တစ်ယောက်အကြား ဖြေရှင်းစရြာပဿနာတွေရှိနေသည့်တိုင် ပွင့်ပွင့်လင်းလင်းနဲ့ရှင်းရှင်းလင်းလင်း မဖြေရှင်းဘဲ ခံစားချက်တွေကို မျိုသိပ်ထားတာကလည်း ကိုယ့်ရဲ့ relationship ကို စိတ်ပျက်နေရမယ့် အကြောင်းအရာတစ်ခုပါပဲ။ ဒီလိုမျိုးမျိုသိပ်ထားတာတွေက ခံစားချက်တွေပွင့်ထွက်လာတဲ့တစ်နေ့မှာ တစ်ယောက်နဲ့တစ်ယောက် အဝေးဆုံးကိုရောက်ရှိသွားတဲ့နေ့ဖြစ်လာပါလိမ့်မယ်။



၃။ ဒရမ်မာအလွန်အမင်းခင်းခြင်း
ကိစ္စတစ်ခုဖြစ်တိုင်း လက်တွေ့ကျကျမဖြေရှင်းဘဲ ဒရမ်မာတွေခင်းနေတာက relationship မှာတင်မကဘဲ အခြားသောလူမှုအဖွဲ့အစည်းတွေမှာပါ မလုပ်သင့်တဲ့လုပ်ရပ်ပါ။ Relationship မှာတော့ တစ်ချိန်လုံး ဒရမ်မာတွေခင်းနေတာက ကိုယ့်ရဲ့လက်တွဲဖော်ကို စိတ်ပျက်စေပြီး တစ်ဖက်ကလည်း ဖွင့်မပြောသည့်တိုင် ဒီလိုအနေအထားမျိုးကို သေချာပေါက်စိတ်ပျက်လက်ပျက်ဖြစ်နေပါလိမ့်မယ်။



၄။ စိတ်ခံစားချက်ကို ဦးစားပေးလွန်းခြင်း
အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့စကားရှိပေမယ့် ဒါက တစ်ခါတလေပဲကောင်းတဲ့ကိစ္စပါ။ တချို့က ဒီအပေါ်မှာဂုဏ်ယူနေတတ်ကြပေမယ့် ရေရှည်မှာတော့ ကောင်းမွန်တဲ့ရလဒ်တစ်ခုဖြစ်စေမှာ မဟုတ်ပါဘူး။ အမျက်ဒေါသကြီးလာတာနဲ့အမျှ အလွန်အကျူးအော်ဟစ်ပြောဆိုမိတာတွေ၊ ဒီ့ထက်အခြေအနေပိုဆိုးလာရင် ကိုယ်ထိလက်ရောက်ကျူးလွန်မိတာတွေအထိ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဲ့ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် တစ်ဖက်နဲ့တစ်ဖက် မျက်နှာပျက်စရာတွေဖြစ်လာနိုင်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေကိုပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။



၅။ မနာလိုဖြစ်လွန်းအားကြီးခြင်း
ကိုယ့်ရဲ့ချစ်ခြင်းတရားကို မနာလိုမှုတွေနဲ့ ဖော်ပြနေတာမျိုးက relationship တစ်ခုမှာ မလုပ်သင့်တဲ့ကိစ္စတစ်ခုပါ။ ချစ်ခြင်းမေတ္တာတရားဆိုတာက တစ်ဖက်သားကို အေးချမ်းစေရမယ့်အရာဖြစ်ပြီး မနာလိုမှုတွေနဲ့ ပေါင်းစပ်ထားတဲ့ ကိုယ့်ရဲ့ချစ်ခြင်းတရားတွေက တစ်ဖက်သားကို ပူလောင်စေမယ်၊ ပိတ်လှောင်မှုတွေနဲ့ ကြုံတွေ့စေမယ်ဆိုရင်လည်း ကိုယ့်ရဲ့ relationship က သေချာပေါက်စိတ်ပျက်စရာကောင်းနေပါလိမ့်မယ်။



၆။ ပြဿနာတစ်ခုကို လက်ဆောင်ပစ္စည်းတွေနဲ့ပဲ ဖြေရှင်းနေခြင်း
Relationship တစ်ခုမှာ ပြဿနာဖြစ်ပြီးသွားတိုင်း တစ်ယောက်နဲ့တစ်ယောက် စိတ်ပျော်ရွှင်စေဖို့ လက်ဆောင်ပေးတာမျိုး ဒါမှမဟုတ် အမှတ်တရတစ်ခုခု ဖန်တီးပေးတာမျိုးတွေ လုပ်လေ့လုပ်ထရှိပေမယ့် ပြဿနာကိုလက်ဆောင်နဲ့ဖြေရှင်းတာမျိုးက အမြဲတမ်းလုပ်သင့်တဲ့ကိစ္စမဟုတ်ပါဘူး။ ရန်ဖြစ်လိုက်တိုင်း လက်ဆောင်ပစ္စည်းပေးပြီး ဖြေရှင်းလိုက်တာမျိုးက ကိုယ့်ရဲ့လက်တွဲဖော်ကိုလည်း အထင်အမြင်သေးရာရောက်ပြီး ပိုက်ဆံရှိတိုင်းအရာရာပြီးမြောက်တယ်ဆိုတဲ့စိတ်မျိုးက ကိုယ့်ရဲ့ relationship ကို အစွန်းအထင်းဖြစ်စေနိုင်တဲ့ ကိစ္စရပ်တစ်ခုလို့ပဲ ဆိုရမှာဖြစ်ပါတယ်။



#HM
#LifeStyleMyanmar
Source: Markmanson




Some text some message..