
ကမာတွေက လွန်ခဲ့သော နှစ်နှစ်မှ သုံးနှစ်အတွင်းသိသိသာသာမြင့်တတ်လာခဲ့ပါတယ်။ ကျောရိုးမဲ့သတ္တဝါဆိုပေမယ့် အခွံပါခြင်းကြောင့် အံ့သြဖွယ်အရသာဖြစ်နေပါတယ်။ ကမာကို မွေးမြူကြတဲ့ ပင်လာစာတွေထဲက တစ်ခုဖြစ်ပါတယ်။ ကမာက မျိုးစိတ်အမျိုးမျိုးရှိပါတယ်။ ဒါ့အပြင် ဆိုးကျိုးတွေလည်း ရှိတဲ့အပြင် ကျန်းမာရေးအတွက်ကောင်းကျိုးတွေလည်းများစွာ ရှိကြပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ပြောပြလိုက်ပါတယ်နော်။
၁။ အဆီပါဝင်မှုနည်းပါးခြင်းကြောင့် ကိုယ်အလေးချိန်လျော့ကျစေနိုင်ခြင်း
ကမာမှာ ကိုယ်အလေးချိန်လျော့ကျအောင် လုပ်ပေးနိုင်ပါတယ်။ ကမမှာ ကယ်လိုရီနဲ့ အဆီပါဝင်မှုနည်းပါးသော်လည်း ပရိုတင်းပါဝင်မှု မြင့်မားပါတယ်။ ကိုယ်အလေးချိန် လျော့ချလိုသူများ အနေဖြင့် စားသုံးပေးသင့်ပြီး လိုအပ်တဲ့အာဟာများကို ကမာကောင်ကနေ ရရှိနိုင်ပါတယ်။
၂။ အနာရောဂါများကို သက်သာစေနိုင်ခြင်း
ကမာက ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်အောင် ဖြည့်ဆည်းပေးနိုင်တဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ။် ကမာမှာ ဇင့်ဓာတ်ပါဝင်ခြင်းကြောင့် ရောဂါပိုးမွှားများကို ကူးစက်မှုနှုန်းကို လျော့နည်းစေနိုင်ပါတယ်။ ကမာစားသုံးခြင်းက ကလေးနဲ့ လူကြီးများအတွက် လုံလောက်တဲ့ ဖွံ့ဖြိုးမှုနဲ့ ကြီးထွားစေနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများကို သက်သာစေနိုင်ပါတယ်။
၃။ အရိုးများကို သန်မာစေနိုင်ခြင်း
အသက်အရွယ်ရလာတာနဲ့အမျှ အရိုးသိပ်သည်းဆတွေက လျော့နည်းလာတတ်ကြပါတယ်။ ကမာကဲ့သို့သောကယ်လဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးမယ်ဆိုရင် ကာကွယ်ပေးနိုင်ပါတယ်။ ပျက်စီးလွယ်တဲ့အရိုးနှင့်သွားတွေက ကယ်လ်ဆီယမ်ပမာဏနည်းပါးသောကြောင့် အဖြစ်များကြတာဖြစ်ပါတယ်။ ဒါကြောင့် အရိုးနဲ့ အရိုးထုထည်ကို ထိန်းသိမ်းရန်အတွက် ကယ်လ်ဆီယမ်ဓာတ်ဖြည့်တင်းပေးနိုင်တဲ့ ကမာကို နေ့စဉ်၏
စားသုံးပေးသင့်ပါတယ်။ ကမာကိုနေ့စဉ်စားသုံးပေးခြင်းကြောင့် အရိုးနှင့် ဆက်စပ်နေတဲ့ ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။
၄။ ကိုယ်ခံစွမ်းအားကိုတိုးမြှင့်ပေးနိုင်ခြင်း
ခန္ဓာကိုယ်ကောင်းမွန်အောင်လည်ပတ်စေနိုင်တဲ့ အာဟာရမရှိဘဲကျွန်တော်တို့ရဲ့ကိုယ်ခံစွမ်းအားကိုကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ ကမာကို စားသုံးပေးသင့်ပါတယ်။ ကမာမှာ vitamins နှင့် minerals များပါဝင်မှုကြောင့် ပင်ပန်းနွမ်းနယ်မှုကို ဖယ်ရှားပေးနိုင်ပါတယ်။ ရလဒ်အနေနဲ့ ဆဲလ်အဟောင်းတွေကို၏လည်ပတ်မှုနဲ့ဆဲလ်အသစ်ဖြစ်ပေါ်လာခြင်းသည် မြန်ဆန်ပြီး တိုးလာတဲ့စွမ်းအင်အဆင့်ကိုတိုးမြှင့်ပေးနိုင်ပါတယ်။
၅။ အမြင်အာရုံကို တိုးမြှင်ပေးနိုင်ခြင်း
မျက်လုံးသည် ကမ္ဘာကို ဆက်သွယ်ရမယ့် တစ်ခုတည်းသော တံခါးပေါက်ဖြစ်ပါတယ်။ အမြင်အာရုံတာချို့ယွင်းသွားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ နေ့စဉ်နေထိုင်မှု ပုံစံကိုသက်ရောက်မှုရှိလာစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းတွေလုပ်သင့်သလို ကျန်းမာစွာနေဖိုင်နိုင်စေဖို့ စားသောက်မှုပုံစံကိုလည်း ပြုပြင်ပေးသင့်ပါတယ်။ ဒီလိုအစားအစာတွေထဲမှာ အမြင်အာရုံကို တိုးမြှင့်ပေးနိုင်တဲ့ ကမာကို ထည့်သွင်းစားသုံးပေးသင့်ပါတယ်။ ကမာက အမြင်အာရုံကိုတိုးတက်စေရုံသာမက ဝက်ခြံထွက်ခြင်း၊ အရေးအကြောင်းတွေပေါ်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ ကမာကိုပုံမှန်စားသုံးပေးခြင်းက မျက်စိလည်ပတ်မှုကို အားကောင်းစေတဲ့အပြင် မျက်စိအတွင်းတိမ်ဖွံ့ဖြိုးမှုကိုလည်း တားဆီးပေးနိုင်ပါတယ်။