
မီးသွေးကို ဟိုအရင်ကတည်းက သဘာဝသွားတိုက်ဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ မီးသွေးမှာ အဆိပ်အတောက်တွေနဲ့ ဓာတုပစ္စည်များကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါအပြင် မီးသွေးက ဘယ်လိုကောင်းကျိုးတွေ ပေးနိုင်လဲဆိုတာကိုပြောပြပေးချင်ပါတယ်။
၁။ သွားများကိုဖြူဖွေးစေခြင်း
လူတော်တော်များများက အသုံးပြုတဲ့ အကောင်းဆုံးသွားတိုက်ဆေးတစ်လက်ဖြစ်ပါတယ်။ အခြားသောအရာဓာတုဗေဒဆေးဝါးတွေထက် အစွမ်းထက်ပါတယ်။ ပါးစပ်အတွင်းရှိ pH ကိုပြောင်းလဲစေနိုင်ပါတယ်။ ဒါအပြင် gingivitis ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတိုးပွားလာခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ မီးသွေးခဲနဲ့ တိုက်ပေးလို့ရသလို မီးသွေးအမှုန့်ကို သွားတိုက်တံနဲ့လည်း တိုက်ပေးလို့ ရပါတယ်။ တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ်တိုက်ပေးခြင်းက သွားများကို ဖြူဖွေးစေတဲ့အပြင် သွားပဲ့ခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၂။ အရက်အဆိပ်သင့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း
မီးသွေးသည် အရက်အုပ်စုအရည်တွေကို မစုပ်ယူနိုင်ပါဘူး။ ဒါပေမယ့် အရက်အမူးလွန်ခြင်းကို လျှော့ချပေးနိုင်တဲ့ဂုဏ်သတ္တိတွေ ပါဝင်နေပါတယ်။ အရက်အလွန်အကျွံသောက်ခြင်းကြောင့် အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ်activated မီးသွေးက အသည်းထိခိုက်မှုတွေကိုလျော့နည်းအောင်ကူညီပေးနိုင်ပါတယ်။ အရက်သောက်ခြင်းကြောင့်ဖြစ်တတ်တဲ့ အရက်အဆိပ်သင့်ခြင်းကိုလည်း activated မီးသွေးက ကာကွယ်ပေးနိုင်ပါတယ။်
၃။ အရေပြားရောင်ရမ်းခြင်း မှိုစွဲခြင်းတွေကို သက်သာစေနိုင်ခြင်း
ပိုးမွှားကိုက်လို့ ဖြစ်စေ၊ ကိုယ်ခံစွမ်းအားကြောင့်ဖြစ်စေ အရေပြားပေးသို့ ဖြစ်ပေါ်လာတဲ့ အနီစက်နဲ့ ရောင်ရမ်းခြင်း၊ ယားယံခြင်းများကို သက်သာစေနိုင်ပါတယ်။ မြွေကိုက်ခြင်း၊ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့မှိုနဲ့ ထိတွေ့ခြင်း၊ ဖန်းဂတ်စ်မှိုကူးစက်ခြင်းများကိုပင်ခံနိုင်ရည်ရှိစေနိုင်ပါတယ်။ activated မီးသွေးအမှုန့်နဲ့ အုန်းဆီကိုပေါင်းစပ်ပြီး လိမ်းပေးပြီးမိနစ်သုံးဆယ်လောက်ထားပေးပြီး ရေဆေးချနိုင်ပါတယ်။
၄။ ရေသန့်စင်ပေးနိုင်ခြင်း
မီးသွေးသည် ရေစစ်ကဲ့သို့ ရေများကို သန့်စင်ပေးနိုင်တဲ့ အကြီးစားအနေနဲ့လည်းအသုံးပြုနိုင်ပါတယ်။ ၎င်းသည် ဓာတုပစ္စည်းများနျင့် အဆိပ်များကို စုပ်ယူနိုင်စွးရှိခြင်းကြောင့် မီးသွေးနဲ့ ကာဗွန်စစ်ထုတ်ခြင်းလို့တောင်ခေါ်နိုင်ပါတယ်။ အဓိကကတော့ ရေသန့်စင်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။
၅။ အရေးပေါ် အဆိပ်ပြေစေနိုင်ခြင်း
မတော်တဆဆေးဝါးများကိုအလွန်အကျွံသုံးစွဲခြင်း၊ ဆေးညွှန်းများကိုမှားသောက်ခြင်းတို့ကို အသက်ကယ်ပေးနိုင်ပါတယ်။ activated မီးသွေးတွင် metabolites များကို ချည်နှောင်ခြင်းမပြုဘဲ အသည်းနှင့် ကျောက်ကပ်ပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ မီးသွေးကို အရေးပေါ် ရှေးဦးသူနာပြုကိရိယာများတွင် တွေ့နိုင်ပါတယ်။