ခံတွင်းရေယုန်သည် ငယ်စဉ်ကလေးဘဝကပင် ကူးစက်ခံရပြီး ရေယုန်ရောဂါပိုး (Herpes Simplex Virus) သည် ခံတွင်းအတွင်း၌ နေရာယူထားကာ အခြေအနေပေးပါက ပြန်လည်ဖြစ်တတ်ပါသည်။ ပထမဦးစွာ အရည်ကြည်ဖုလေးများ သွားဖုံး၊ ပါးစောင်နှင့် အာခေါင်များတွင် ပေါ်လာပြီး ထိုအဖုကလေးများ ပေါက်သွားသောအခါ Ulcers ခေါ် အနာခွက်ကလေးများအဖြစ် ပြောင်းသွားပါသည်။ ကိုယ်အပူချိန်တက်ပြီး လည်ပင်းဘေးရှိအကျိတ်များ ရောင်တတ်ပါသည်။ အနာများက ပြင်းထန်စွာ နာကျင်စေပါသည်။ အခြားရောဂါပိုးများ မဝင်နိုင်စေရန် ပဋိဇီဝပိုးဆေးနှင့် အနာသက်သာဆေးများသောက်သုံးရန် လိုအပ်ပါသည်။ တစ်ပတ်မှ ၁၀ ရက်အတွင်း သက်သာလာနိုင်ပါသည်။ ဤရောဂါ စတင်ဖြစ်ခါစတွင် Acyclovir (Zovirax) ခေါ် ဗိုင်ရပ်စ်ပိုးသတ်ဆေးကို လိမ်းပေးလျှင် သိသိသာသာသက်သာတတ်ပြီး ရောဂါပိုမိုဆိုးရွားလာပြီးမှ လိမ်းလျှင်ဆေးအာနိသင် မထိရောက်တော့ပါ။ ထိုအခြေအနေတွင် Acyclovir (Zovirax) သောက်ဆေးကို မှီဝဲမှသာ ထိရောက်စွာ ကုသနိုင်ပါမည်။ Credit : ဒေါက်တာတင်လတ် သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။