အချဉ်ဖောက်ထားတဲ့ အစားအစာတွေကိုစားသုံးပေးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
myanmaplatform.com
|
2020-07-14

အချဉ်ဓာတ်ပါတဲ့ အစာအစာတွေမှာ အာဟာရအမျိုးမျိုးပါဝင်ပြီး သဘာဝအရင်းအမြစ်ကနေ ရရှိနိုင်ပါတယ်။ အချဉ်ဓာတ်ပါတဲ့ အစားအစာတွေမှာ probiotics၊ ဗီတာမင်ဘီနဲ့ ဖိုင်ဘာများစွာ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေနိုင်ပါတယ်။ ဥပမာ- သခွားသီအချဉ်ဖောက်ခြင်း၊ မုန်ညှင်းအချဉ်ဖောက်ခြင်းမုန်လာဥနီ၊ စတဲ့ အသီးအရွက်တွေကို အချဉ်ဖောက်တာတွေက များစွာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေကို ရရှိနိုင်မလဲဆိုတာကို ဆက်ပြောပြပေးသွားမှာမို့ အဆုံးထိ ကြည့်ပေးပါနော်။




၁။ ကိုယ်ခံစွမ်းအားစနစ်ကိုမြှင့်တင်ပေးနိုင်ခြင်း

အချဉ်ဖောက်ထားတဲ့ အသီးအနှံတွေက သဘာဝအရင်းအမြစ်ဖြစ်တာကြောင့် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်ပါတယ်။ အချဉ်ဖောက်ထားတဲ့ အသီးအနှံတွေမှာ ပါတဲ့ antioxidants ဓာတ်တွေက ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် အချဉ်ဖောက်ထားတဲ့အသီးအနှံတွေက ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပါတယ်။




၂။ အူကို ကျန်းမာအောင် ထိန်းသိမ်းပေးနိုင်ခြင်း

အချဉ်ဖောက်ထားတဲ့ အစားအစာတွေကို စားသုံးခြင်းက ခန္ဓာကိုယ်တစ်ခုလုံး၏ probiotics ရရှိရန်အတွက် အကောင်းဆုံးအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ probiotics များသည် အူအတွင်းရှိ E. coli and salmonella များကို ကာကွယ်ပေးတဲ့ အဓိက နံရံတစ်ခုဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အချဉ်ဖောက်ထားတဲ့ အသီးအနှံတွေမှာ အစာခြေဖျက်ပေးနိုင်တဲ့ ဖိုင်ဘာဓာတ်တွေများစွာပါဝင်တာကြောင့် အူကိုကျန်းမာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။




၃။ အရိုးကိုသန်မာစေနိုင်ခြင်း

အချဉ်ဖောက်ထားတဲ့ အသီးအနှံတွေမှာ ကယ်လ်ဆီယမ်ဓာတ်များစွာ ကြွယ်ဝစွာပါဝင်ပါတယ်။ အချဉ်ဖောက်ထားသောထောပတ်၊ ဒိန်ခဲကုန်ကြမ်းတွေမှာ ကယ်လ်ဆီယမ်ဓာတ်တွေက အရိုးသိပ်သည်းဆတွေကို မြှင့်တင်ပေးရုံသာမက အရိုးပွရောဂါဖြစ်ပွားခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။




၄။ ကိုယ်အလေးချိန်လျော့ချပေးနိုင်ခြင်း

အချဉ်ဖောက်ထားတဲ့ အစားအစာတွေက အဝလွန်တဲ့သူတွေအတွက် အဓိကရွေးချယ်ရမယ့် အရာတစ်ခုဖြစ်ပါတယ်။ အချဉ်ဖောက်ထားတဲ့ အစားအစာတွေမှာ သကြားဓာတ်နဲ့ ကိုယ်လက်စထရောပါဝင်မှု နည်းပါးခြင်းကြောင့်ဝိတ်လျော့စေနိုင်တဲ့အပြင် ကောင်းမွန်စွာအစာခြေဖျက်ပေးနိုင်ပါတယ်။




၅။ probiotics ကြွယ်ဝခြင်း

အချဉ်ဖောက်ထားသောအစားအစာတွေကိုစားသုံးပေးခြင်းက အန္တရာယ်ကင်းပြီး အူမကြီးနှင့် အူလမ်းကြောင်းကျန်းမာရေးကို မြှင်တင်ပေးနိုင်ပါတယ်။ အူအတွင်းရှိ မကောင်းတဲ့ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပြီးအူလမ်းကြောင်းကို ကာကွယ်ပေးတဲ့ ဘက်တီးရီးယားတွေကိုလည်း တိုးပွားလာစေနိုင်ပါတယ်။ ဒါကြောင့် အချဉ်ဖောက်ထားတဲ့ အစားအစာတွေမှာ probiotics ကြွယ်ဝခြင်းက သင့်ရဲ့ အူလမ်းကြောင်းကောင်းစွာကာကွယ်ပေးနိုင်ပါတယ်။




၆။ အစားအစာစုပ်ယူမှုပိုမိုအားကောင်းလာခြင်း

အာဟာရပညာရှင်တွေက လေ့လာမှုအရ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တဲ့အချိန်တွေမှာ အစားအာဟာရများစွာစုပ်ယူနိုင်တယ်လို့ အကြံပြုထားပါတယ်။ လေ့ကျင့်ခန်းမလုပ်ဘဲ ခန္ဓာကိုယ်မှာရှိတဲ့ အစားအစာတွေကို စုပ်ယူပေးနိုင်တာကတော့ အချဉ်ဖောက်ထားတဲ့ အသီးအနှံတွေပဲဖြစ်ပါတယ်။ ဒါအပြင် အချဉ်ဖောက်ထားတဲ့ အစားအစာတွေက သတ္တုဓာတ်နဲ့ ဗီတာမင်များကို စုပ်ယူပေးနိုင်ပါတယ်။




Some text some message..