အသည်းမှာ ဒဏ်ရာများစွာရပြီး အမာရွတ်တစ်သျှူ းတွေ စုပုံလာရင် အသည်းကြွပ် ရောဂါ ရတတ်ပါသည်။ နာတာရှည် အသည်းရောဂါရှိသူတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ နာတာရှည်အသည်းရောင် ဗိုင်းရပ်စ်ပိုးဝင်တာ၊ အရက် အလွန်အကျွံသောက်တာ၊ အဝလွန်တာကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးရောဂါလိုမျိုး အသည်းမှာ ဒဏ်ရာ ရတာတွေကြောင့် အသည်းမှာ အမာရွတ်တွေ ဖုံးလာတတ်ပါတယ်။ ယခုလေ့လာမှုအသစ်အရ Calcipotriol ခေါ်တဲ့ ဗီတာမင် D အမျိုးအစားဟာ ကြွက်တွေရဲ့ အသည်းဆဲလ်မှာ အမာရွတ်ဖြစ်စေတဲ့ တုန့်ပြန်မှုကို တားမြစ်နိုင်တယ်လို့ သိရှိရတဲ့အတွက် လူတွေမှာဖြစ်တဲ့ အမာရွတ်ကြောင့် ဖြစ်ရတဲ့ရောဂါတွေအတွက် ကုထုံးအသစ်ဖြစ်ပေါ်လာတော့မယ်လို့ အကြံပေးထားပါတယ်။ လက်ရှိအခြေအနေမှာ အသည်းကြွပ်ရောဂါအတွက် ထိရောက်တဲ့ကုထုံး မရှိသေးဘူးလို့ ဆိုပါတယ်။ လေ့လာသူတွေက အသည်းကို ပျက်စီးမှုဖြစ်စေတဲ့ အသည်းအတွင်းက ကြယ်ပုံသဏ္ဍာန် စတဲလိတ်ဆဲလ် တွေကို အထူးအာရုံစိုက်ပြီး လေ့လာခဲ့ပါတယ်။ စတဲဆဲလ်တွေဟာ ဒဏ်ရာကျက်စေတဲ့ အမာရွတ်ပရိုတင်းတွေ ထုတ်လုပ်ပေးပါတယ်။ တစ်နေရာတည်းမှာ ဒဏ်ရာတွေ ခဏခဏဖြစ်လာရင် အမာရွတ်ပရိုတင်းတွေ စုပုံလာတဲ့အတွက် အသည်းကြွပ်ရောဂါ ဖြစ်ပေါ်လာကာ အသည်းကင်ဆာဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။ အသည်းရောဂါရှိသူတွေမှာ ရောဂါဖြစ်စေတဲ့ အဓိကအကြောင်းရင်းကို မကုသနိုင် ရင် အသည်းရောဂါ မပျောက်ကင်းနိုင်ပါဘူး။ Calcipotriol လိုမျိုး လူလုပ် ဗီတာမင် D တွေ ဟာ အမာရွတ်ဖြစ်စဉ်ကို ဖြိုခွဲနိုင်တယ်လို့ သိရပါတယ်။ လူလုပ်ဗီတာမင် D တွေဟာ သဘာဝဗီတာမင် D ထက် ပိုမိုကောင်းမွန်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ သဘာဝဗီတာမင် D တွေဟာ အစားအစာမှာ အနည်းငယ် ပါဝင်တဲ့အပြင် နေရောင်ခြည်နဲ့ ထိတွေ့ရမှ ခန္ဓာကိုယ်က ထုတ်လုပ်ပေးပါတယ်။ ဒါပေမဲ့ ပြိုကွဲနှုန်းမြန် တယ်လို့ သိရပါတယ်။ လူလုပ်ဗီတာမင် D မှာမူ ပြိုကွဲနှုန်း နည်းတယ်လို့ ဆိုပါတယ်။ သဘာဝဗီတာမင် D ကို ရရှိတာ များလွန်းရင် သွေးတွင်းကယ်လ်စီယမ်ဓာတ်တွေ မြင့်တက်လာပြီး ပျို့တာ၊ အန်တာ၊ မကြာခဏ ဆီးသွားတာ၊ ကြွက်သားအားနည်းတာနဲ့ အဆစ်ကိုက်တာတွေ ဖြစ်တတ်ပါတယ်။ လူလုပ် ဗီတာမင် D မှာမူ သွေးတွင်း ကယ်လ်ဆီယမ်ဓာတ် မြင့်တက်ခြင်း မရှိဘူးဟုဆိုပါတယ်။ ဗီတာမင် D ဟာ အသည်းကြွပ်ရောဂါ အတွက် ကုထုံးအသစ်ဖြစ်နိုင်သဖြင့် အဆုတ်၊ ကျောက်ကပ်နဲ့ မုန့်ချိုအိတ်အပါအဝင် ကိုယ်တွင်းကလီစာတွေမှာ အမာရွတ်ကြောင့် ဖြစ်တဲ့ ရောဂါတွေ ကိုလည်း ကုသနိုင်တော့မယ်လို့ ဆိုပါတယ်။ Credit : Latest Health News Updateသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။