ရိုစေးရှား (Rosacea)အကြောင်းတစေ့တစောင်း
hellosayarwon.com
|
2018-12-12

ရိုစေးရှား (Rosacea) ဆိုတာအန္တရာယ်တော့မများတဲ့ နာတာရှည်အရေပြားရောဂါအခြေအနေတစ်ခုပါ။အန္တရာယ်မများဘူးဆိုပေမယ့် မိမိပုံပန်းသဏ္ဍာန်အပေါ် ယုံကြည်ချက်ပြန်ရှိလာဖို့အတွက်အလျင်အမြန်ကုသတာကောင်းပါလိမ့်မယ်။

ရိုစေးရှား (Rosacea) လက္ခဏာတွေနဲ့အမျိုးအစား
Rosacea ရှိတဲ့လူတွေဟာ သူတို့အသားအရေက တခြားလူတွေထက်ပိုပြီးလွယ်လွယ်နဲ့ ခဏခဏနီရဲလာတတ်တာကို သတိထားမိပါလိမ့်မယ်။ မျက်နှာမှာသွေးကြောတွေမြင်နေရတာ၊ ဒါမှမဟုတ် ပြည်တွေစုနေတဲ့အဖုတွေပေါ်လာတာမျိုးတွေ ကြုံဖူးကြပါလိမ့်မယ်။ ထိုအရာတွေက မျက်နှာမှ နားတွေ၊ ရင်ဘက်နဲ့ နောက်ကျောဘက်ဆီထိပျံ့သွားနိုင်ပါတယ်။ ထိုကဲ့သို့အရေပြားနုတာကြောင့် သူတို့အသားအရေဟာအလှကုန်ပစ္စည်းတွေကို လိုတာထက်ပိုပြီးတုံ့ပြန်ပါလိမ့်မယ်။ ရိုစေးရှား (Rosacea) လေးမျိုးရှိပါတယ်။ တစ်မျိုးဆီမှာ လက္ခဏာတွေ ကုသမှုတွေ ကွဲပြားကြတယ်။ ဘယ်အမျိုးအစားလဲသိဖို့အတွက်ကအရေပြားဆရာဝန်နဲ့တွေ့ပြီး သင့်တော်တဲ့ကုသမှုမျိုးရှာဖို့ကအရေးကြီးပါတယ်။

ဘယ်လိုလူမျိုးတွေမှာဖြစ်တတ်လဲ
လူတိုင်းမှာရတတ်ပေမယ့်အသက် ၃၀ နဲ့ ၅၀ ကြားအသားဖြူတဲ့လူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒါ့အပြင်အမျိုးသမီးတွေကအမျိုးသားတွေထက် ပိုအဖြစ်များပြီး လက္ခဏာတွေကတော့အမျိုးသားတွေမှာ ပိုဆိုးတတ်ပါတယ်။ ဒီရောဂါမှာ မျိုးရိုးဗီဇကလည်း နေရာတစ်ခုကနေ ပါဝင်နေပါသေးတယ်။ Rosacea ဟာ နေလောင်ရာတွေ၊ ဝက်ခြံတွေနဲ့ဆင်တတ်တာကြောင့်အရေပြားဆရာဝန်ဆီသွားပြီး သေချာကုသမှုခံယူဖို့ကအရေးကြီးပါတယ်။

ရိုစေးရှား (Rosacea) ဖြစ်စေတဲ့အချက်တွေ
အကြောင်းအရင်းကိုတော့ တိတိကျကျမသိရသေးပါဘူး။အပူဒဏ်၊ နေ၊ လေ နဲ့အပူချိန်အစွန်းရောက်မှုတွေလို သာမန်ပတ်ဝန်းကျင်အချက်တွေကြောင့်လို့အကြမ်းဖျင်းတော့ယူဆထားလို့ရပါတယ်။ ပြင်းပြင်းထန်ထန်လှုပ်ရှားမှုတွေ၊အရက်သေစာသောက်စားတာ၊ စိတ်ပိုင်းဆိုင်ရာဖိအားတွေက လက္ခဏာတွေကိုပိုဆိုးစေပါတယ်။ တချို့လူတွေကတော့ ဘတ်တီးရီးယားတွေကြောင့် ဝက်ခြံတွေပေါက်လာတာလို့ ထင်ကြပါတယ်။

မကုသဘဲထားပါကပိုဆိုးလာနိုင်ပါတယ်
အချိန်ကြာလာရင် ရိုစေးရှား (Rosacea) ကြောင့် မျက်နှာအလယ်တည့်တည့်မှာအနီရောင်အကွက်ကြီးစွဲသွားတတ်ပါတယ်။ သေချာမကုသရင် ပျံ့နှံ့သွားပြီးပိုဆိုးလာနိုင်ပါတယ်။ ထိုအသားအရေကြောင့် တချို့ကစိတ်ဓာတ်ကြပြီး စိတ်ညစ်ရပါတယ်။ ရိုစေးရှား (Rosacea) ကိုလုံးဝပျောက်ကင်းအောင် ကုသဖို့နည်းမရှိသေးပေမယ့် လက္ခဏာတွေကိုကုသပြီးထိန်းချုပ်ပြီးအသားအရေပြန်ကောင်းမွန်လာအောင် လုပ်ဖို့နည်းတွေတော့ရှိပါတယ်။ သေချာကုသပါက တဖြည်းဖြည်းပြန်ကောင်းလာနိုင်ပါတယ်။

သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ




Some text some message..