အာလူးကြော်စားရခြင်းရဲ့ ဆိုးကျိုးများ
trend.com.mm
|
2020-07-16

အာလူးကတော့ သဘာဝ ကောင်းကျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ ဆီများများနဲ့ ကြော်ထားတဲ့ အာလူးကြော်ကတော့ ကောင်းကျိုးပေးမယ့်အစား ဆိုးကျိုးတွေ များနေပါတယ်။ ကြိုက်လို့ပဲဖြစ်ဖြစ် အပျင်းပြေဖြစ်ဖြစ် စားနေမိတဲ့ အာလူးရဲ့ ဘေးထွက်ဆိုးကျိုးလေးကိုတော့ ဆက်ဖက်ကြည့်လိုက်ရအောင်နော်။




၁။ နှလုံးရောဂါနဲ့ ဆီးချို

ကင်ဆာရောဂါကို သယ်ဆောင်လာမယ့် ပြည့်ဝဆီရဲ့ အန္တရာယ်ရှိနေပါတယ်။ အာလူးကြော်တွေဟာ များသောအားဖြင့် အဆီခဲနဲ့ ပြည့်ဝဆီတွေကို အသုံးပြုကြတာပါ။ ပြည့်ဝဆီတွေကို စားသုံးခြင်းကြောင့် နှလုံးသွေးကြောပိတ်တာ၊ နှလုံးရောဂါတွေနဲ့ ဆီးချိုရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။

၂။ အသားအရည်ပျက်စီး

အသားအရည်က အဆီပြန်လာပြီး ဝက်ခြံတွေကို ဖြစ်စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

၃။ ကိုယ်အလေးချိန်တက်စေ

ရှိသင့်တာထက် ပိုပြီးဝနေလို့ ကိုယ်အလေးချိန်လျော့ချင်ရင်တော့ အာလူးကြော်စားနေတာကို ချက်ခြင်းရပ်တန့်လိုက်ပါ။ အဆီ၊ ကာဗိုဟိုက်ဒြိတ်နဲ့ ကယ်လိုရီတွေ များလွန်းတဲ့ အာလူးကြော်ကြောင့် လှပအချိုးကျတဲ့ ကိုယ်ခန္ဓာကို ဆုံးရှုံးသွားသူတွေ မနည်းပါဘူး။

၄။ သွေးတိုး

အာလူးကြော်တွေမှာ ပါဝင်တဲ့ ဆားပမာဏက များပါတယ်။ ဆား စားခြင်းက သွေးတိုးရောဂါကို ဖြစ်စေနိုင်ပါတယ်။




Ref;FOODIE




Some text some message..