
မုန့်ချိုအိတ်သည် ဝမ်းဗိုက်အတွင်းအစာအိမ်နောက်ပိုင်းတွင်ရှိသောအင်္ဂါတစ်ခုဖြစ်ပြီးအစာချေရန်နှင့် သွေးတွင်းသကြားဓာတ်များကို ထိန်းညှိရန်အင်ဇိုင်းများထုတ်ပေးသည်။ မုန့်ချိုအိတ်ကင်ဆာမှာ လျင်မြန်စွာ ပျံ့နှံ့တတ်သည်။လက္ခဏာများ မုန့်ချိုအိတ်ကင်ဆာ၏ လက္ခဏာများမှာ ရောဂါပြင်းထန်လာချိန်မှသာ ပေါ်ပေါက်လာတတ်သည်။ ရောဂါလက္ခဏာများအနေဖြင့်· ဝမ်းဗိုက်အထက်ပိုင်းအောင့်ခြင်း၊ ကျောဘက်ထိအောင် ပျံ့နှံ့၍အောင့်ခြင်း· အသားအရေနှင့် မျက်လုံးများ ဝါခြင်း· အစားအသောက်ပျက်ခြင်း· ကိုယ်အလေးချိန် သိသိသာသာ လျော့ကျသွားခြင်း· စိတ်ဓာတ်ကျခြင်း· သွေးခဲများ ဖြစ်ပေါ်ခြင်း (အများအားဖြင့် ခြေထောက်ရှိ သွေးပြန်ကြောများတွင်အဖြစ်များသည်။)ဖြစ်ပွားရသောအကြောင်းရင်းများမျိုးရိုးဗီဇဆိုင်ရာပစ္စည်း ( DNA ) မူမမှန် ပြောင်းလဲမှုကြောင့် မုန့်ချိုအိတ်အတွင်းရှိ ဆဲလ်များမထိန်းနိုင် မသိမ်းနိုင် ပွားလာသည်။ ထိုမူမမှန်ဆဲလ်များသည် မုန့်ချိုအိတ်ရှိ ပုံမှန်ဆဲလ်များသေဆုံးသွားသော်လည်း မပျက်စီးဘဲ ဆက်လက်ကျန်ရှိနေတတ်သည်။ ထိုဆဲလ်များ စုပုံလာရာမှ မုန့်ချိုအိတ်အတွင်းအလုံးတည်ခြင်း မုန့်ချိုအိတ်ကင်ဆာဖြစ်ပွားလာရသည်။ မုန့်ချိုအိတ်ကင်ဆာအများစုသည် မုန့်ချိုအိတ်အတွင်းပြွန်ရှိဆဲလ်များမှ စတင်လေ့ရှိသည်။အဖြစ်များသူများ· အာဖရိကန် -အမေရိကန်လူမျိုးများ· အလွန်ဝသူများ· နာတာရှည် မုန့်ချိုအိတ်ရောင်ရမ်းသူများ· ဆီးချိုသွေးချိုရှိသူများ· မိသားစုတွင်း မျိုးရိုးဗီဇဆိုင်ရာ ရောဂါရှိသူများ (Genetic Syndrome)· မျိုးရိုးတွင် မုန့်ချိုအိတ်ကင်ဆာရှိသူများ· ဆေးလိပ်သောက်သူများတွင်အဖြစ်များသည်။ နောက်ဆက်တွဲ ပြဿနာများမုန့်ချိုအိတ်ကင်ဆာ၏ နောက်ဆက်တွဲ ပြဿနာများအနေဖြင့် · မျက်လုံးနှင့်အသားများဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း· မုန့်ချိုအိတ်ကင်ဆာအလုံးမှာအူသိမ်အတွင်းသို ပျံ့နှံ့သွားခြင်း၊အူသိမ်အပေါ်တွင် ဖိမိခြင်းတို့ကြောင့်အူလမ်းကြောင်း ပိတ်ခြင်း· ကိုယ်အလေးချိန် သိသိသာသာ လျော့ကျသွားခြင်း တို့ဖြစ်ပွားနိုင်ပါသည်။စစ်ဆေးခြင်းရောဂါလက္ခဏာများအရ မုန့်ချိုအိတ်ကင်ဆာဟု သံသယရှိပါက· ကိုယ်တွင်းအင်္ဂါများကို မြင်တွေ့နိုင်သော ကွန်ပြူတာ ဓာတ်မှန်ရိုက်ခြင်း ( CT) ၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း ( MRI ) တို့ကို ပြုလုပ်နိုင်သည်။ · မုန့်ချိုအိတ်ပြွန်အတွင်းသို့ ရောင်ခြယ်အရည်များထိုးသွင်းပြီး မှန်ပြောင်းဖြင့် စစ်ဆေးခြင်း ( Endoscopic retrograde cholangiopancreatography )· မုန့်ချိုအိတ်မှအသားစယူ၍ စစ်ဆေးခြင်း · သွေးစစ်ခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။ကုသခြင်းမုန့်ချိုအိတ်ကင်ဆာသည် ဖြစ်ပွားသော နေရာနှင့်အဆင့်ကို လိုက်၍ ကုသပုံများ ကွာခြားနိုင်သည်။ · မုန့်ချိုအိတ်ဦးပိုင်းရှိ ကင်ဆာအလုံးအကျိတ်ကို ဖြတ်ထုတ်ခြင်း· မုန့်ချိုအိတ်အမြီးပိုင်းနှင့် ခန္ဓာကိုယ်ပိုင်းရှိအကျိတ်ကို ဖြတ်ထုတ်ခြင်း· ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း· ကင်ဆာဆေးများသွင်း၍ ကုသခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ ကာကွယ်ခြင်းကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်နိုင်ရန်· ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်ခြင်း· အဝမလွန်စေရန် ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း· ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများကိုသာ စားသောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ LeiHealthcare.com.mmRef; Mayo Clinic သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။