
အာသီး - ပါးစပ်ရဲ့အနောက်မှာ တဖက်တချက်စီမှာ ရှိတဲ့ ပျော့စိစိအလုံး ၂ခုဖြစ်ပါတယ်။ ဒီပုံထဲကအာသီးဟာ မယောင်နေပါဘူး။ ဒါပေမယ့် သာမန်ထက်တော့ ကြီးနေပါတယ်။ (အာသီး ခဏခဏယောင် တဲ့သူတွေမှာ ပုံမှန်ထက် ကြီးလာတတ်ပါတယ်။)အာသီးယောင်ခြင်း။ ရောဂါပိုးကြောင့်အာသီးယောင်ရပါတယ်။ လည်ချောင်းနာတာကတော့အဒိကလက္ခဏာပါ။ ချောင်းဆိုး၊ ဖျား၊ ခေါင်းကိုက်၊အန်ချင်၊ နွမ်းနယ်၊အစာ^ရေ မျိုရခက်ပြီးတော့ လည်ပင်းအကြိတ်တွေလည်း ကြီးလာတတ်ပါတယ်။အာသီး၂လုံးကတော့ နီပြီးယောင်လာမှာပါ။အဖြူ^အဝါ ပြည်စလေးတွေလည်းအာသီးမှာကပ်နေနိုင်ပါတယ်။ ဖြစ်စကနေ ၂ -၃ ရက်အတွင်းမှာအခံစားရဆုံးဖြစ်ပြီး တပါတ်အကြာမှာ တဖြည်းဖြည်း သက်သာသွားမှာပါ။ ဘယ်လိုကုမလဲ။ ၁။ ဘာမှမလုပ်ပဲထားခြင်း - များသောအားဖြင့်အနုစားအာသီးယောင်တာတွေက သူ့အလိုလို သက်သာသွားမှာပါ။ ၂။ ရေများများသောက်ခြင်း -အာသီးယောင်နေရင် ရေမျိုရခက်လို့ ရေသိပ်မသောက်ဖြစ်ကြပါဘူး။ ကိုယ်ပူဖျားကလည်းဖျားနေဦးမယ်ဆိုရင် ရေခန်းခြောက်ခြင်း ပိုမိုဖြစ်နိုင်ပါတယ်။ ရေခန်းခြောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်းနဲ့ နုံးခြင်း ပိုဆိုးလာနိုင်ပါတယ်။ ၃။ Paracetamol or Ibuprofen -အကိုက်အခဲပျောက်ဆေးတွေဟာ နာ၊ ဖျား၊ ခေါင်းကိုက်တို့ကို သက်သာစေမှာပါ။ မခံမရပ်နိုင်အောင်နာမှ ဆေးထထသောက်ခြင်းမျိုးအစား ဆေးအညွှန်းအတိုင်း ပုံမှန်လေးသောက်နေတာက ပိုကောင်းပါတယ်။ ဥပမာ - Paracetamol တရက်လေးကြိမ် (၆နာရီခြား) ၄။ Asprinအာလုတ်ကျင်းခြင်း - ဗျစမငည ရေဆူဆေးပြား (Disprin ဟုလာသည်) ကိုရေနဲ့ပျော်အောင်စိမ်ပြီး ရေကိုအာလုတ်ကျင်းပေးပါ။ တစ်ခါလုပ်လျှင် ၃-၄မိနစ်လုပ်ပါ။ တရက်ကို ၃-၄ ခါလုပ်ပါ။ ၅။ ငုံဆေးပြားများ - ဈေးကွက်ထဲမှ ရှိသော ငုံဆေးပြားများကိုလည်း စမ်းကြည့်နိုင်ပါတယ်။ ပိုးသတ်ဆေးသောက်ဖို့လိုလား။ (eg. Amoxil)မလိုပါ။ မိမိကိုယ်ခံအားကအလိုလို ပြန်လှန်တိုက်သွားမှာပါ။ သာမန်လူများအဖို့ ပိုးသတ်ဆေးသောက်ခြင်းကြောင့် ဘာမှ ထူးထူးခြားခြား မသက်သာစေပါဘူး။ ကိုယ်ခံအားကျဆင်းနေသူများ၊ ကင်ဆာဆေးသောက်နေသူများ၊ ဘေလုံးထုတ်ထားသူများ နဲ့အရမ်းကိုဆိုးဆိုးဝါးဝါးအာသီးယောင်နေသူများဆိုရင်တော့ ပိုးသတ်ဆေးသုံးသင့်ပါသည်။အာသီးယောင်ရင် သတိထားရမယ့်အချက်များ။အာသီးယောင်ပိုးဟာ နား၊ နှခေါင်း၊အဆုတ်တို့ကိုလည်း ဝင်ရောက်ကူးစက်နိုင်ပါတယ်။အာသီးဘေးတဝိုက်မှာ ပြည်စုတတ်ပါတယ်။အရမ်းနာပါတယ်။ တဖက်ထဲအဖြစ်များပါတယ်။ ဆရာဝန်ပြရပါမယ်။ ပိုးသတ်ဆေးလိုပါတယ်။ လိုအပ်ရင် ပြည်ဖေါက်ထုတ်ရမှာပါ။အာသီးယောင်ခြင်းကြောင့်မဟုတ်ပဲအာသီးနာတတ်ပါတယ်။အရေးအကြီးဆုံးကတော့အာသီးကင်ဆာပါ။ဒီတော့ ကိုယ့်ရဲ့အာသီးယောင်ခြင်းဟာ သာမန်လောက်မကပဲ ဆိုးဆိုးဝါးဝါးယောင်ခြင်း၊ ၃-၄ ရက်နဲ့မသက်သာလျှင်တော့ ဆရာဝန်ဆီပြေးပါ။အာသီးခွဲထုတ်လိုက်ဖို့လိုလား။ကိုယ်ရေးကိုယ်တာကိစ္စများ ထိခိုက်လောက်အောင် တစ်နှစ်ကို ၅ ကြိမ်အထက် ယောင်တယ်ဆိုရင်တော့အာသီးခွဲထုတ်ပစ်ဖို့ စဉ်းစားပါ။အာသီးကိုယ်တိုင်က ကိုယ်ခန္ဓာရဲ့ ခုခံအားယူနစ် ဆိုတော့အာသီးမရှိတော့တဲ့အခါ လည်ချောင်းရောဂါပိုးဝင်ခြင်း ကို ကာကွယ်မှုလျှော့နည်းသွားတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့်လည်းအများအားဖြင့်တောအာသီးထုတ်အပြီးမှာ လည်ချောင်းနာတဲ့အကြိမ်ရေ လျှော့ကျသွားကြပါတယ်။အာသီးခွဲထုတ်တာဟာအသေးစားခွဲစိတ်မှုပါပဲ။ နေ့ချင်းပြီးပါတယ်။အသေးစိတ်သိချင်ရင်တော့ ဆရာဝန်တယောက်ယောက်ကိုမေးပါ။ Credit : မြန်မာကျူးပစ်ဖိုရမ်သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။