မြေပဲစာခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
myanmaplatform.com
|
2020-07-30

မြေပဲက အလွန်ကိုအရသာရှိလှပါတယ်။ မြေပဲသည် အခွံာမာသီးသည် ကမ္ဘာပေါ်ရှိ လူကြိုက်များလှတဲ့ အခွံမာသီးတစ်မျိုးဖြစ်ပါတယ်။ မြေပဲကို လှော်ပြီးစားလို့ရသလို မြေပဲပင်ပေါက်အနေနဲ့လည်း အပင်ဖောက်စားလို့ရပါတယ်။ မြေပဲကို မြေပဲပြုတ်၊ ပဲဆီ၊ မြေပဲထောပတ်နှင့် ဂျုံမှုန့်များထုတ်လုပ်ရာတွင် အသုံးပြုကြပါတယ်။ မြေပဲမှာ ကယ်လိုရီများက သိသာစွာပါဝင်နေပါတယ်။ မြေပဲကိုနေ့စဉ်စားသုံးပေးမယ်ဆိုရင် မှတ်ဉာဏ်တိုးမြှင့်ခြင်း၊ စိတ်ကျရောဂါကာကွယ်ပေးနိုင်ခြင်း၊ အသားအရေကောင်းမွန်ခြင်း၊ နှလုံး အခြားသောကျန်းမာရေးတွေကို ဘယ်လိုစောင့်ရှောက်ပေးနိုင်လဲဆိုတာကိုပြောပြပေးလိုက်ပါတယ်နော်။




၁။ ကိုယ်အလေးချိန်လျော့ချပေးနိုင်ခြင်း

မြေပဲမှာ ကယ်လိုရီများစွာပါဝင်သော်လည်း အလယ်အလတ်လောက်သာစားသုံးပေးမယ်ဆိုရင် အမှန်တကယ် ကိုယ်အလေးချန်လျော့ကျစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြေပဲမှာ ပရိုတင်းနဲ့ အမျှင်ဓာတ်များစွာ ပါဝင်နေတာကြောင့် မကြာခဏ အစာစားချင်စိတ်ကို နှိမ်နင်းနိုင်ပါတယ်။ ဒါကြောင့် မြေပဲကို သင့်တင့်ရုံသာ စားသုံးပေးမယ်ဆိုရင် အကျိုးများစွာရှိလှပါတယ်။




၂။ အရေပြားကျန်းမာရေးကို မြှင့်တင်ပေးနိုင်ခြင်း

မြေပဲတွင် ဗီတာမင်အီးနှင့် ဘီ အပြင် အခြားသော ဗီတာမင်ဓာတ်တွေ များစွာပါဝင်တာကြောင့် အရေပြား ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင်မြေပဲတွင်ပါတဲ့အဆီက အရေပြားဆဲလ်များနှင့် ဆဲလ်အမြှေးပါးများကို ခိုင်မာစေရန် ကူညီပေးပါတယ်။ ဒါအပြင် ရေဓာတ်ဆုံးရှုံးမှုကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် မြေပဲကို နေ့စဉ်စားသုံးပေးသင့်ပါတယ်။




၃။ ကိုယ်ဝန်ဆောင်စဉ်ကျန်းမာစေနိုင်ခြင်း

ကိုယ်ဝန်ဆောင်စဉ်မှာ မြေပဲကိုစားသုံးပေးမယ်ဆိုရင် အထွေထွေလိုအပ်တဲ့အာဟာရတွေကို တိုးလာစေနိုင်ပါတယ်။ မြေပဲမှာ ဖောလစ်အက်ဆစ်ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အခြားသောအစားအစာတွေမှ ဖောလစ်ဓာတ်ကိုရနိုင်ပေမယ့် မြေပဲမှာပါတဲ့ ဖောလစ်ဓာတ်ကတော့ ထူးခြားလှပါတယ်။ ဒါ့အပြင် မြေပဲ ဓာတ်မတည့်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အမိဝမ်းမှာကတည်းက မိတ်ဆက်ပေးခြင်းကြောင့် မြေပဲနှင့် ဓာတ်မတည့်မှုဖြစ်နိုင်ခြေကို သိသိသာသာလျော့နည်းသွားစေပါတယ်။




၄။ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ခြင်း

မြေပဲသည် နှလုံးကျန်းမာရေးကို များစွာအထောက်အကူပြုစေနိုင်အကျိုးများစွာရရှိစေနိုင်ပါတယ်။ မြေပဲတွင် ပါဝင်တဲ့အဆီများပါဝင်ခြင်းအပြင်နှလုံးကိုအကောင်းဆုံးလည်ပတ်ပေးနိုင်တဲ့ သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဒါ့အပြင် သွေးကြောအတားအဆီဖြစ်စေနိုင်တဲ့ မကောင်းတဲ့ကိုလက်စထရောတွေကိုသန့်ရှင်းစေခြင်းကနှလုံးကျန်းမာရေးကို များစွာအထောက်အကူဖြစ်စေနိုင်ပါတယ်။




၅။ စိတ်ကျရောဂါဖြစ်ခြင်းကိုကာကွယ်ပေးနိုင်ခြင်း

စိတ်ကျရောဂါသည် မျိုးရိုးဗီဇနဲ့ ဆက်စပ်နေသလို နေ့စဉ်ဖြတ်သန်းရတဲ့ နေထိုင်မှုတွေနဲ့လည်း သက်ဆိုင်နေပါတယ်။ မြေပဲမှာ serotonin နှင့် ပေါင်းစပ်ရန်လိုအပ်နေတဲ့ အမိုင်နိုအက်ဆစ် tryptophan တို့ပါရှိပါတယ်။ Serotonin သည် စိတ်ဓာတ်ကိုမြှင့်တင်ပေးနိုင်ပါတယ်။




Some text some message..