စိမ်းစားဥနဲ့ ရှောင်ရန်၊ ဆောင်ရန်များ
trend.com.mm
|
2020-08-10

ရှောင်ရန်များ
(၁) စိမ်းစားဥ နှင့်နို့/ချောကလက်/ချိုချဉ်/သပွတ်သီး/ရှောက်သီး တို့ဖြင့်တွဲ၍မစားသင့်ပါ၊ အော့အန်တတ်ပါသည်။

(၂) စိမ်းစားဥသည် ရေခဲချောင်းနှင့်မတည့်ပါ။ ရင်ကြပ်စေပါသည်။

(၃) စိမ်းစားဥကို လိုအပ်သည်ထက် ပိုစားမိပါက၊ လေပွစေနိုင်သောကြောင့် ဝမ်းမီးညံ့သူများနှင့် သက်ကြီးရွယ်အိုတို့ မျှတရုံသာစားပေးသင့်ပါသည်။

(၄) မြေကြီးထဲတွင်ဥဥသော အသီးဖြစ်သဖြင့်၊ ကပ်ပါးပိုးမွှားများအန္တရာယ်မှ ကင်းဝေးစေအောင် အခွံနွှာရုံသာမက၊ ရေစင်စင် ဆေးပြီးမှသာ စားသုံးသင့်ပါသည်။

ဆောင်ရန်များ။
( ၁ ) စိမ်းစားဥကို သင့်တင့်မျှတသောပမာဏ စားသုံးပေးခြင်းဖြင့် ဆီးချို/ သွေးချိုရောဂါသည်များကို ဘေးဥပါသ်မဖြစ်စေနိုင်ဘဲ အာသာပြေနှုတ်မြိန်စေပါသည်။

( ၂ )ဗီတာမင်စီလုံလောက်စွာပါရှိသဖြင့် အအေးမိ၊ နှာစေး၊ ချောင်းဆိုးစသော ကူးစက်နာရာသီဖျားများအပြင်၊ အထူးသဖြင့် ကလေး ငယ်များ ပန်းနာရင်ကြပ်ရောဂါကို လျော့ပါးသက်သာလာစေနိုင်ပါသည်။

( ၃ )စိမ်းစားဥထဲတွင်ပါရှိသော ဗီတာမင်စီက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်အစွမ်းထက်စေကာ၊ ခန္ဓာကိုယ်ထဲရှိ အန္တရာယ်ဖြစ်စေ သော ဖရီးရယ်ဒီကယ်လ်များကို တိုက်ထုတ်ပေးနိုင်သောကြောင့် ကင်ဆာရောဂါမှ ကာကွယ်ပေးပါသည်။

( ၄ )ကယ်လိုရီလုံးဝမပါရှိသောကြောင့် စိမ်းစားဥကိုစားပေးခြင်းဖြင့်၊ ကိုလက်စထရောပမာဏကိုမျှတစေကာ၊ နှလုံးရောဂါများအပြင်၊ နှလုံးရောဂါနှင့်စပ်လျဉ်းသည့် သွေးတိုးရောဂါတို့ကိုလဲ မဖြစ်စေပါ။

( ၅ )ဗီတာမင်နှင့်သတ္တုဓာတ်များပါရှိသည့်ပြင်၊ ပြင်ပရောဂါကူစက်ခြင်းမှ ကာကွယ်ပေးသော စိမ်းစားဥကိုစားပေးခြင်းဖြင့် ကိုယ်ခံစွမ်း အားကို တိုးတက်မြင့်မားစေသည်။

( ၆ ) စိမ်းစားဥထဲတွင် ရေဓာတ် ၈၆% မှ ၉၀% ထိ ကြွယ်ဝစွာပါရှိသောကြောင့်၊ ရေငတ်ပြေစေကာ၊ ခန္ဓာကိုယ်တွင်း အပူရှိန်ကို လျော့ပါးသက်သာစေနိုင်ပါသည်။ ဆီးလဲ ရွှင်စေပါသည်။

( ၇ ) စိမ်းစားဥ၏ အလွန်ကြွပ်ဆပ်သောအသားများက သွားများတွင် အစွန်းအထင်းဖြစ်စေသောမော်လီကျူးများကိုကောင်းစွာ ချေဖျက်ပေးသဖြင့်၊ သွားများဖြူဖွေးသန့်စင်စေရုံသာမက၊ သွားကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်ပါသည်။

( ၈ ) ကိုယ်တွင်းကျန်းမာရေးအတွက်သာမက၊ ခန္ဓာကိုယ်အသားအရေကိုပါကောင်းကျိုးပြုစေနိုင်၏။ စိမ်းစာဥကိုပါးပါးလှီးပြီး မျက်နှာ အနှံ့ကပ်ပါ။ စိမ်းစားဥ၏ အအေးဓာတ်ပျောက်သွားသောအခါ မျက်နှာမှခွာပြီး၊ ရေင်စင်ဆေးပေးရုံမျှဖြင့် မျက်နှာပေါ်ရှိဆဲလ် အသေများကို ဖယ်ရှားပေးပြီး၊ ချွေးပေါက်များကိုပွင့်စေကာ၊ အသားအရေ ကြည်လင်သန့်စင်လာပါလိမ့်မည်။

[ Unicode ]

Ref; goodhealth

Some text some message..