ဦးနှောက်အမြှေးရောင်ခြင်း ဆိုသည်မှာ ဦးနှောက် Brain နှင့် အာရုံကြောမကြီး Spinal cord ကိုအုပ်ထားသော အမြှေးပါးနှင့်တကွ ဦးနှောက်အတွင်းရှိ အရည်များထဲသို့ ပိုးဝင်ရောက်ခြင်းကြောင့် ရောင်ရမ်းခြင်းကို ဆိုလိုပါသည်။ လက္ခဏာများ - ရုတ်တရက် အဖျားကြီးခြင်း - လည်ပင်းတောင့်ခိုင်ခြင်း - အလွန်အမင်း မခံနိုင်အောင် ခေါင်းကိုက်ခြင်း - ပျို့အန်ခြင်း - တောင့်ခြင်း၊ တက်ခြင်း - မှိန်းခြင်း၊ နှိုးရခက်ခြင်း - အလင်းရောင် မခံနိုင်ခြင်း - အစားချင်၊ မသောက်ချင် ဖြစ်ခြင်း - အနီကွက်ထခြင်း( in case of meningococcal meningitis) အသက်၂လအောက် ကလေးများတွင် တွေ့ရနိုင်သော လက္ခဏာများ - အဖျားကြီးခြင်း - အဆက်မပြတ်ငိုခြင်း - အလွန်အိပ်ခြင်း၊ ချော့မရအောင် ဂနာမငြိမ်ဖြစ်ခြင်း - မှိန်းခြင်း - လည်ပင်း (သို့) တကိုယ်လုံးတောင့်ခြင်း ဖြစ်ပွားစေသော အကြောင်းရင်းများ Viral meningitis- ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားခြင်းသည် အများဆုံးဖြစ်သည်။ Bacterial meningitis - ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပါက နောက်ဆက်တွဲ ဆိုးရွားနိုင်ပြီး အသက်အန္တရာယ်အထိ ထိခိုက်နိုင်သည်။ ဖြစ်ပွားစေနိုင်သော ဘက်တီးရီးယားပိုး အမျိုးအစားများမှာ- Streptococcus pneumonia Neisseria meningitidis Haemophilus influenza Listeria monocytogenes Fungal meningitis- မှိုရောဂါပိုးကြောင့်ဖြစ်ခြင်း Others - အချို့ sarcoidosis ရောဂါမျိုးကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။ အဖြစ်များသော လူအုပ်စုများမှာ- ကာကွယ်ဆေး ပြည့်စုံအောင် မထိုးရသေးသူများ အသက်ကြီးလွန်း ငယ်လွန်းခြင်း လူထူထပ်စွာ နေထိုင်ရသူများ ကိုယ်ဝန်ဆောင် အမျိုးသမီးများ ခုခံအားကျဆင်းနေသူများ ဆရာဝန်နှင့် သွားရောက်ပြသင့်သော အချက်များ - ဖျားခြင်း - အလွန်အမင်း ခေါင်းကိုက်ခြင်း - ကယောင်ကတမ်းဖြစ်ခြင်း - အန်ခြင်း - လည်ပင်းတောင့်ခြင်း နောက်ဆက်တွဲ ပြဿနာများ အကြားအာရုံ ချို့တဲ့ခြင်း မှတ်ဉာဏ် ချို့ယွင်းခြင်း သင်ကြားမှု ခက်ခဲခြင်း ဦးနှောက် ပျက်စီးခြင်း လှုပ်ရှားမှုအနေအထား ပြောင်းလဲခြင်း တက်ခြင်း ကျောက်ကပ် ပျက်စီးခြင်း Shock ရခြင်း အသက်ဆုံးရှုံးခြင်း -အထိဖြစ်ပေါ်နိုင်ပါသည်။ စစ်ဆေးမှုများ ဆရာဝန်မှ ရောဂါဖြစ်စေမည့် ဇစ်မြစ်ကို ရှာဖွေခြင်း သွေးစစ်ခြင်း၊ သွေးထဲရှိအကောင် ပေါက်မပေါက်မွေးခြင်း ဓာတ်မှန်ရိုက်ခြင်း- ကွန်ပျုတာဓာတ်မှန်ရိုက်ခြင်း သံလိုက်ဓာတ်မှန်ရိုက်ခြင်း ခါးဆစ်ရိုးအတွင်းမှ ဦးနှောက်အတွင်းအရည်ယူ၍ ပိုးရှိမရှိစစ်ဆေးခြင်း၊ ပိုးအမျိုးအစားခွဲခြားခြင်း။ ကုသခြင်း ကုသခြင်းတွင် ဖြစ်စေသည့် အခြေခံ အကြောင်းရင်းကို နှိမ်နင်းခြင်းသည် အဓိက ကျသည်။ ဥပမာ- ဘက်တီးရီးယားပိုးကြောင့်ဖြစ်လျှင် ပိုးသတ်ဆေးသောက်ခြင်း။ သို့သော် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်လျှင် ပိုးသတ်ဆေးနှင့် ကုသ၍မရသဖြင့် ကုသနည်းတွင် ကောင်းမွန်စွာအနားယူခြင်း၊ အရည်များများသောက်ပေးခြင်း၊ နာကျင်ခြင်း အတွက်ဆေးသောက်ခြင်းများ ပြုလုပ်ပေးလျှင် ရက်သတ္တပတ် အနည်းငယ် အကြာတွင် ကောင်းမွန်သွားတတ်ပါသည်။ ကာကွယ်ခြင်း ဦးနှောက်အမြှေးရောင်ရောဂါ မဖြစ်ပွားရန် ကြိုတင်ထိုးနှံနိုင်သော ကာကွယ်ဆေးများမှာ- MMR vaccine - ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိုတ်ရောင် ရောဂါကာကွယ်ဆေး။ Meningitis C vaccine Meningitis W vaccine Haemophilus influenza vaccine Pneumococcal vaccine Dr.hp Credit : NHS choicesသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။