အသည်းရောဂါတွေအတွက် အကောင်းဆုံး ဆူးပန်းပင်
myanmaplatform.com
|
2020-08-14

မြက်ခင်းပြင်ပေါ်မှာ လည်ပတ်ပြီးသွားလာဖူးတယ်ဆိုရင် ဒီဆူးပန်းလုံးပင်ကို မြင်ဖူးနိုင်ပါတယ်။ ဆူးပန်းလုံးပင်တွေကို ဥရောပနဲ့ မြောက်အမေရိကတစ်လျှောက်မှာ ရှိတတ်ပြီး စကော့တလန်ရဲ့ အမျိုးသားသင်္ကေတအဖြစ် တည်ရှိကြပါတယ်။ ဆူးပန်းလုံးပင်ရဲ့အစေ့တွေကို ရာစုနှစ်များစွာကတည်းက ဆေးဖက်ဝင်အပင်များအဖြစ် အသုံးပြုခဲ့ကြပါတယ်။ အစေ့များကို စားသုံးလို့ ရတဲ့အပြင် အမှုန့်လေးတွေအဖြစ်ပြောင်းလဲလိုက်ပြီး ကော်ဖီနဲ့ လက်ဖက်ရည်အဖြစ် သောက်သုံးကြရပါတယ်။ ဆူးပန်းလုံးပင်ရဲ့ အရွက်တွေကလည်းဆေးဖက်ဝင်သလို အစေ့တွေမှာလည်း ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ဆူးပန်းလုံးပင်က အသည်းရောဂါအပြင် ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူတွေဖြစ်စေနိုင်သလဲဆိုတာကိုပြောပြပေးလိုက်ပါတယ်နော်။




၁။ အသည်းကျန်းမာရေးကို ကာကွယ်ပေးခြင်း

အသည်းဆိုတာက ခန္ဓာကိုယ်ထဲမှာရှိတဲ့ organ တွေထဲကနေ ဆဲလ်အသစ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဟိုယခင်ကတည်းက အသည်းကျန်းမာရေးအတွက် အသုံးပြုနေတဲ့ဆေးဖက်ဝင်အပင်ဖြစ်ပါတယ်။ အသည်းရောင်အသားဝါရောဂါကြောင့်ဖြစ်စေ၊ အရက်သေစာတွေ သောက်သုံးခြင်းကြောင့်ဖြစ်တဲ့ အသည်းရောင်တဲ့ အခါ leukotrienes ဆိုတဲ့ဓာတ်တွေထွက်လေ့ရှိပါတယ်။ ဒီဓာတ်တွေကြောင့် အသည်းမှာရှိတဲ့ ဆဲလ်တွေ ပိုမိုရောင်ရမ်းစေပြီး ပျက်စီးစေပါတယ်။ ဆူးပန်းလုံးပင်တွေက leukotrienes ဓာတ်တွေကိုလျော့ပါးစေတဲ့အပြင် အသည်းရောင်ရမ်းခြင်းကိုသက်သာစေနိုင်ပါတယ်။ အသည်းခြောက်ရောဂါဖြစ်ရင် အသည်းရဲ့ ဆဲလ်တွေပျက်စီးသွားလို့ ကုသဖို ခက်ခဲပါတယ်။ ဒီလိုရောဂါသည်တွေအတွက် ဆူးပန်းလုံးပင်က အသည်းဆဲလ်အသစ်တွေကိုပြန်ပွားလာစေကာ သက်သာစေနိုင်ပါတယ်။




၂။ မကောင်းတဲ့ကိုလက်စထရောတွေကိုလျှော့ချပေးခြင်း

ကျန်းမာရေးစောင့်ရှောက်ရန်အတွက် သင့်ခန္ဓာကိုယ်မှာရှိတဲ့ ကိုလက်စထရောတွေကို စစ်ဆေးမှုတစ်ခုပြုလုပ်သင့်ပါတယ်။ ခန္ဓာကိုယ်မှာကိုလက်စထရောတွေဟာ လိုအပ်တာထက်ပိုနေရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာမကောင်းတဲ့ ကိုလက်စထရောတွေများလာရင် နှလုံးရောဂါ၊ လေဖြတ်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ ဒီဆူးပန်းလုံးပင်ဟာဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့ကိုလက်စထရောတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။




၃။ အရိုးကျန်းမာရေးကို ထောက်ပံ့ပေးနိုင်ခြင်း

ကျန်းမာကြံ့ခိုင်တဲ့ အရိုးကိုယ်ထည်မရှိရင် ခန္ဓာကိုယ်ဟာ အရေပြားနဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေထိပါ အကူအညီမဲသွားနိုင်ပါတယ်။ အရိုးကျန်းမာရေးကလည်း အရေးုကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝ်နေပါတယ်။ အရိုးကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရများနဲ့ သတ္တုဓာတ်တွေကို ဆူပန်းလုံးပင်ကနေ ရရှိနိုင်ပါတယ်။ အရိုးကျိုးလွယ်သော အရိုးပွခြင်း၊ နဲ့ အရိုးပွရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။




၄။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ခြင်း

ခန္ဓာကိုယ်က ပြင်ပရောဂါတွေမဝင်လာအောင် ကိုယ်ခံစွမ်းအားကောင်းနေဖို့လိုအပ်ပါတယ်။ ဆူးပန်းလုံးပင်ကသင့်ရဲ့ကိုယ်ခံစွမ်းအားစနစ်ကိုတိုးမြှင့်ပေးနိုင်တဲ့အပြင် ပြင်ပရောဂါတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။




Some text some message..