ဘိန်းစေ့ စားသုံးပေးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
myanmaplatform.com
|
2020-09-02

ဘိန်းစေ့က မြန်မာမုန့်မျိုးစုံမှာ အသုံးပြုကြသလို ဘိန်းမုန့်ဆိုပြီးတော့လည်း စားသုံးကြပါသေးတယ်။ ဘိန်းပင်အစေးကိုတော့ တားမြစ်ထားပေမယ့် ဘိန်းစေ့ကိုတော့ နိုင်ငံတိုင်းလိုလိုမှာ အလွယ်တကူဝယ်ယူလို့ရပါတယ်။ ဘိန်းမျိုးစေ့တွေမှာ အပြာ၊ အဖြူနဲ့ အရှေ့တိုင်းဆိုပြီးတော့ သုံးမျိုးရှိပါတယ်။ အပြာက အနောက်တိုင်းမုန့်များတွင်အဓိကပါဝင်နေပါတယ်။ အဖြူရောင်ဘိန်းစေ့များကို အာရှအစားအစာများတွင် အသုံးပြုကြပြီးအရှေ့တိုင်းအမျိုးအစားကိုတော့ စီးပွားဖြစ် ရည်ရွယ်ချက်များအတွက် အထူးစိုက်ပျိုးထားသည်။ ဒါကြောင့် အခုပြောပြချင်တာကတော့ ဘိန်းစေ့ကိုစားသုံးပေးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

ပဲဖြစ်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုတာကိုပြောပြပေးလိုက်ပါတယ်နော်။




၁။ နှစ်ခြိုက်စွာအိပ်မောကျစေနိုင်ခြင်း

ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှုတွေမြင့်တတ်လာခြင်းကြောင့် အိပ်မပျော်ခြင်း ပြဿနာကိုဖြစ်စေပါတယ်။ ဘိန်းစေ့မှာစိတ်ဖိစီးမှုတွေကိုလျှော့ချပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်တာကြောင့် ဦနှောက်ကို အကျိုးသက်ရောက်မှုဖြစ်စေပြီး နှစ်ခြိုက်စွာအိပ်မောကျစေနိုင်ပါတယ်။ ဆိုးရွားတဲ့ ဆိုးကျိုးများမှ ရှောင်ကြဉ်ရန်အတွက် ဆေးဝါးတွေ မရွေးချယ်မီ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။




၂။ ပါးစပ်အနာများကို သက်သာစေနိုင်ခြင်း

ဘိန်းစေ့မှာ တွေ့ရတဲ့ သတ္တုဓာတ်တွေကြောင့် ပါးစပ်အနာကိုလျင်မြန်စွာ သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် ပါးစပ်အနာအပေါ်ကိုလည်း ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိသေးလဲဆိုတာုကိ ဆက်လက်ပြီးလေ့လာနေကြပါတယ်။ ဘိန်းစေ့ကို ပုံမှန်စားသုံးပေးပါက အစာအိမ်မှ အစာဟောင်းများကိုလည်း လျင်မြန်စွာ လောင်ကျွမ်းစေနိုင်ပါတယ်။




၃။ ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးနိုင်ခြင်း

ဘိန်းစေ့သည် ခန္ဓာုကိယ်က စွမ်းအင်ပမာဏကို ထိန်းညှိရန် လိုအပ်သည့် ကာဘိုဟိုက်ဒရိတ်စွမ်အင်းတစ်မျိုးဖြစ်ပါတယ်။ ဘိန်းစေ့ကို ပုံမှန်စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်က အာဟာရများကို စုပ်ယူပြီး ခန္ဓာကိုယ်တစ်လျှောက်လိုအပ်တဲ့ အောက်စီဂျင်များကို လွှဲပြောင်းပေးပါတယ်။ ဒီနည်းလမ်းဖြင့် နာတာရှည်ပင်ပန်းနွမ်းနယ်ခြင်းမူဝေးခြင်း ပြဿနာများကိုဖြေရှင်းပေးပါတယ်။




၄။ ခန္ဓာကိုယ်နာကျင်ခြင်းကိုသက်သာစေနိုင်ခြင်း

အာဟာရပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ဘိန်းစေ့မှာ analgesic ဂုဏ်သတ္တိများပါဝင်တာကြောင့် ခန္ဓာကိုယ်က အမျိုးမျိုးသော နာကျင်မှုတွေကိုသက်သာစေနိုင်ပါတယ်။ ဘိန်းစေ့ကို ရေနွေးကြမ်းလိုမျိုးသောက်ပေးပါက နာကျင်မှုနဲ့ ဆက်စပ်နေတဲ့ ကိုက်ခဲတာတွေကိုလည်း သက်သာစေနိုင်ပါတယ။် အချို့က ဘိန်းစေ့ကို ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ရွေးချယ်သောက်သုံးကြပေမယ့် ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးသ်င့်ပါတယ်။




၅။ နှင်းခူနဲ့ ရောင်ရမ်းခြင်းကို ကုသပေးနိုင်ခြင်း

ဘိန်းစေ့တွင့်တွေ့ရသည့် linolenic acid ပါဝင်မှုမြင့်မားခြင်းကြောင့် အရေးပြာပြဿနာများဖြစ်သော နှင်းခူနဲ့ ရောင်ရမ်းခြင်းကို ကုသပေးနိုင်ပါတယ်။ ယာယံခြင်းကိုလည်း သက်သာစေနိုင်ပြီး အရေပြားကိုလည်း ကြည်လင်ဝင်းပစေနိုင်ပါတယ်။




Some text some message..