သူမတူအောင် ချစ်တတ်လွန်းတဲ့ အချစ်တတ်ဆုံး ရာသီခွင် (၄) ခု
auntymay.com
|
2020-09-09

လူတိုင်းရဲ့ ရာသီခွင်က သူတို့ရဲ့ အကျင့်တွေ အကြိုက်တွေကိုပါ ပြောပြလေ့ ရှိပါတယ်။ သူတို့က အချစ်ရေးမှာ ဘယ်လို ဖြစ်နိုင်တယ်ဆိုတာမှာ ရာသီခွင်တွေမှာ ရှိနေတတ်ပါတယ်။ ရာသီခွင်တွေထဲမှာမှ အခုပြောပြမယ့် ရာသီခွင် (၄) ခု ပိုင်ရှင်တွေကတော့ လောကမှာ အချစ်တတ်ဆုံးသော သူတွေ ဖြစ်နေပါတယ်နော်။


(၁) Gemini ( မေလ ၂၁ ရက်နေ့မှ ဧပြီလ ၁၉ ရက်နေ့အထိ)

အချစ်တတ်ဆုံးလို့ ပြောရအောင် ထိပ်ဆုံးမှာ ရှိနေတဲ့ ရာသီခွင်ကတော့ Gemini တွေပဲ ဖြစ်ပါတယ်။ ဒီရာသီခွင်အနားမှာ ရှိနေတဲ့သူတွေကတော့ တကယ့်ကို ဘယ်တော့မှ အထီးကျန်တယ် ခံစားရမှာ မဟုတ်ပါဘူး။ Gemini တွေက တကယ့်ကို သူငယ်ချင်းကောင်းတွေလည်း ဖြစ်ပြီး အချစ်တတ်ဆုံး လူသားတွေလည်း ဖြစ်ပါတယ်။ အတ္တလည်း မကြီးတတ်လို့ စိတ်ဆိုးရင်တောင်မှ ကြာကြာ စိတ်မဆိုးတတ်သူတွေ ဖြစ်ပါတယ်။ ကိုယ့်အချစ်ရေးကို အကောင်းဆုံး ရည်ရွယ်ချက် ရှိရှိ ခိုင်မာအောင် တည်ဆောက်တတ်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။


Photo by Anastasiya Lobanovskaya from Pexels


(၂) Cancer (ဇွန်လ ၂၁ ရက် မှ ဇူလိုင်လ ၂၂ ရက်နေ့ အထိ)

သူတို့ရဲ့ စိတ်ခံစားချက်တွေ ထုတ်ပြဖို့ ခက်ခဲနေရင်တောင်မှ သူတို့က သူတို့ရဲ့ ဘဝကို မြင်နိုင်ဖို့ ခွင့်ပြုပေးတတ်ကြပါတယ်။ သူတို့တွေက အချစ်တွေကို ပေးတတ်သလို အချစ်တွေကို ရရှိတတ်ကြပါတယ်။ Cancer လေးတွေက ချစ်မိပြီဆိုရင် ရင်ဘတ်တစ်ခုလုံးနဲ့ ရင်းပြီး ချစ်တတ်ကြလို့ ဘယ်လို အခြေအနေမျိုးမှာမဆို ကိုယ့်ရဲ့ ချစ်သူကို လက်မလွှတ်မယ့်သူတွေလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ချစ်တတ်လွန်းတဲ့ စိတ်ကြောင့် သူတို့ရဲ့ ချစ်သူတွေကလည်း သူတို့ကို ရွေးကြတာ ဖြစ်ပါတယ်။ ဒီရာသီခွင်တွေကို ချစ်သူတော်မယ်ဆိုရင်တော့ ဘဝတစ်လျှောက်လုံး သင့်ကို နောင်တ ရစေမှာ မဟုတ်ပါဘူး။


Photo by Daria Shevtsova from Pexels


(၃) Libra (စက်တင်ဘာလ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်နေ့အထိ)

ချစ်တတ်လွန်းတဲ့ အတွေးတွေနဲ့ ပြီးပြည့်စုံအောင် ချစ်တတ်သူတွေကတော့ Libra တွေပဲ ဖြစ်ပါတယ်။ ကိုယ့်အနားမှာ ချစ်သူခင်သူတွေ အများကြီး ရှိနေတာကို သဘောကျသူတွေလည်း ဖြစ်ပါတယ်။ သူတို့က သူတို့ ချစ်တဲ့သူတွေကို ဂရုစိုက်တတ်သလို သူတို့ရဲ့ ခံစားချက်နဲ့ ပတ်သတ်ပြီး ကွယ်ဝှက်မထားသူတွေလည်း ဖြစ်ပါတယ်။ သူတို့ကတော့ ဘယ်လို ဘာကြောင့်မှန်း မသိခင်မှာပဲ တခြားသူတွေရဲ့ နှစ်သက်မှုကို ရတတ်ကြပါသေးတယ်။ သံလိုက်လို အစွမ်းပိုင်ရှင်လို့တောင် ပြောလို့ရပါတယ်။


Photo by Toa Heftiba Şinca from Pexels


(၄) Virgo (သြဂုတ်လ ၂၃ ရက်နေ့မှ စက်တင်ဘာ ၂၂ ရက်နေ့အထိ)

Virgo လေးတွေကတော့ ဂရုစိုက်တတ်တဲ့သူတွေ အဖြစ်ကို မွေးဖွားလာကြတာပါ။ တခြားသူတွေကို အကောင်းဆုံးပဲ မြင်ချင်ကြသလို သူတို့က တခြားသူတွေအတွက် မြှင့်တင်ပေးဖို့ ဆန္ဒ ရှိကြပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး အကောင်းဆုံး ဖြစ်လာအောင် တွန်းအားပေးတတ်တာကလည်း Virgo လေးတွေပါပဲ။ Virgo လေးတွေက အမှန်အတိုင်း အမြဲပြောတတ်တဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အကြောင်းကို သေချာမသိခင်မှာတော့ သူတို့ကို စိတ်ပျက်စရာသူတွေလို့ အထင်အမြင် လွဲခံရလေ့ ရှိပါတယ်။ သူတို့ရဲ့ အချစ်ကို ပြတတ်တဲ့ နည်းလမ်းတွေကတော့ အကောင်းဆုံး ဖြစ်အောင် ပံ့ပိုးပေးခြင်းပဲ ဖြစ်ပါတယ်။

Kham




Some text some message..