နာရီဝက်ပြေးတာထက် အများကြီးအထောက်အကူဖြစ်စေတဲ့ ကြိုးခုန်လေ့ကျင့်ခန်း
mystylemyanmar.com
|
2020-09-10

လေ့ကျင့်ခန်းလုပ်တာဝါသနာပါတယ်ဆိုရင် ကြိုးခုန်လေ့ကျင့်ခန်းကို လုပ်ပေးပါနော်။ ကြိုး ၁၀ မိနစ် ခုန်တာဟာ မိနစ် ၃၀ စာပြေးတာထက် ပိုပြီး ကယ်လိုရီလောင်ကျွမ်းစေပါတယ်။

ဘာလို့ကြိုးခုန်သင့်သလဲ




Source: Muscle & Fitness

လေ့လာတွေ့ရှိချက်အရ ကြိုးခုန်တာဟာ မိနစ် ၃၀ စာပြေးတာထက် ပိုပြီးကာ်လိုရီလောင်ကျွမ်းစေသလို အဆီတွေကိုလည်း လောင်ကျွမ်းစေကာ ကြွက်သားတွေကို တည်ဆောက်ပေးပါတယ်။

ကြိုးခုန်လေ့ကျင့်ခန်းဟာ နေရောခပ်ကျယ်ကျယ်မလိုဘဲ နေရာတိုင်းမှာလုပ်လု့အဆင်ပြေပါတယ်။ ၁၀ မိနစ်လောက်ပဲလုပ်ပေးပါ။

ခန္ဓာကိုယ်တစ်ခုလုံးက အဆီတွေကို ကျစေပြီး ကြွက်သားတွေ ကျစ်လျစ်စေလို့ သိပ်ကို ထိရောက်တဲ့ လေ့ကျင့်ခန်းပါ။

ကြိုးခုန်မယ်ဆိုရင်




Source: Body Innovation

ကြိုးခုန်ဖို့အတွက် ကြိုးကို သေချာရွေးဝယ်ပါ။

သက်သောင့်သက်သာရှိတဲ့ ရှုးဖိနပ်စီးပေးပါ။

ခေါင်းကို မတ်မတ်ထားပြီး ရှေ့ကို တန်းတန်းကြည့်ပြီး ခုန်ပါ။

တံတောင်ဆစ်ကို ခန္ဓာကိုယ်နဲ့ နီးနီးကပ်ကပ်ထားပါ။




Source: Elite Daily

ကြိုးကို လက်ဖဝါးနဲ့ မလွှဲဘဲ ချောင်းလေးတွေနဲ့ လွှဲပေးပါ။ ကြိုးလှည့်ဖို့ လက်မောင်းကိုမသုံးဘဲ လက်ကောက်ဝတ်ကိုသုံးပါ။

ခြေဖဝါးကို မြေကြီးနဲ့ထောက်ပါ။ ခြေဖနှောက်ကို မြောက်ထားပါ။

ခပ်မြင့်မြင့်ခုန်စရာမလိုပါဘူး။ အနေတော်လေး ခုန်ပေးရင်ရပါပြီ။


The post

နာရီဝက်ပြေးတာထက် အများကြီးအထောက်အကူဖြစ်စေတဲ့ ကြိုးခုန်လေ့ကျင့်ခန်း appeared first on

MyStyle Myanmar .




Some text some message..