သွားတိုက်ဆေးရဲ့ လူသိနည်းသေးတဲ့ တခြား အသုံးဝင်ပုံများ
auntymay.com
|
2020-09-19

သွားတိုက် ဆေးက တော့ လူတွေရဲ့ နေ့စဉ် ဘဝမှာ မရှိ မဖြစ် အ ရေးပါတဲ့ အရာ တစ်ခုပါ။သွားတိုက် ဆေးက သွားတိုက် ဖို့ တစ်ခုတည်း အတွက်ပဲ သုံးလို့ရတာ မဟုတ်ပါဘူး။သူ့ မှာ တခြား အသုံးဝင် ပုံတွေ လည်း အများကြီး ရှိပါတယ်။ဒီအ ကြောင်းကိုတော့ dentalblu မှာ ဖော်ပြထားပါတယ်။(gel type သွားတိုက် ဆေး မျိုး မဟုတ်ပဲ ရိုးရိုးဟာကို သုံးပေးဖို့ တော့ လိုပါတယ်)

လက်သည်း၊ခြေသည်းတွေကို သန့်ရှင်းနိုင်

Image:freepik.com/freepik

လက်သည်း၊ခြေသည်းတွေ ညစ်ပတ် နေတယ်၊ချေးတွေ ကပ် နေတယ်ဆိုရင်လည်း သွားတိုက် ဆေး ကို သုံး ပြီး သန့်ရှင်း အောင် ချေးချွတ်လို့ ရပါတယ်။သွားတိုက် ဆေး ကို ပုံ ပေးပြီး ပွတ်တိုက် ပေးမယ်ဆိုရင် တော့ ခြေ သည်း၊လက်သည်းလေးတွေ တောက်ပ ကြည့် ကောင်းသွားမှာပါ။

အပူလောင်ရင် သုံးနိုင်


ချက်ရင်းပြုတ်ရင်း ဆီ ပေါက်တာပဲ ဖြစ်ဖြစ်၊မီး ဟပ် ပြီး အပူလောင် တဲ့ အခါ မျိုးတွေမှာ ဆေး အဆင့်သင့် မရှိရင် သွားတိုက် ဆေးကို သုံးလို့ ရပါတယ်။မီးအပူ လောင် တဲ့ နေရာ ပေါ်ကို သွားတိုက် ဆေး လိမ်း ပေးလိုက်ပါ။အဲ့ဒါ ဆိုရင် တော့ လက် တ လောေ တာ့ အေး သွားပါလိမ့်မယ်။

အနံ့ ဆိုးတွေ ပျောက်စေ

Image:.freepik.com/tatianakim

အိမ်မှာ ဟင်းချက် နေရတဲ့ အိမ် ရှင် မ တွေ လက် မှာ အနံ့ တွေ စွဲ နေရင် သွားတိုက် ဆေး ကို သုံး လို့ ရပါတယ်။ငါးကိုင်တဲ့ အခါ မှာ လက်မှာ ငါးညှီနံ့ တွေ စွဲနေတာ၊ကြက်သွန်ဖြူနီ တွေ ကို ကိုင်တဲ့ အခါ အနံ့ စွဲ နေ ရင် ဆပ်ပြာ နဲ့ ဆေးလဲ တော်တော် နဲ့ မပျောက်တာ တွေ ရှိပါတယ်။အနံ့ ဘယ်လိုမှ မ ပျောက်ရင် သွားတိုက် ဆေး နဲ့ လက်ကို ပွတ် ပေးပါ။(ဆပ်ပြာနဲ့ ပွတ်သလို)။လက်မှာ စွဲ နေတဲ့ အနံ့ တွေ ပျောက် သွား ပါလိမ့်မယ်။

ငွေထည် တွေ ကို ချေးချွတ်


ငွေ ထည် ပစ္စည်းတွေ အ ရောင် မှိန် နေရင်လည်း ပြန်အ ရောင် တောက်လာ အောင် သွားတိုက် ဆေး ကို သုံး လို့ရပါတယ်။သွားတိုက် ဆေးကို ငွေ ထည် ပစ္စည်းပေါ်မှာ ပွတ် လိမ်း ပေးထားပါ။တစ်ည လောက် ထား ပေးပါ။ ပြီးရင် တော့ မနက် ကျရင် နူးညံ့ တဲ့ အဝတ် လေးနဲ့ သန့်ရှင်းပေးပါ။

၀က်ခြံ အတွက် သုံးနိုင်

Image:freepik.com/user18526052

နောက်တစ်နေ့မှာ ပွဲလမ်း သွားစရာရှိတယ်။ဝက်ခြံဖုကြီး ကလည်း အရမ်းကြီး နေတယ်ဆိုရင် သွားတိုက် ဆေး နဲ့ အလွယ်နည်း သုံး ဖြေရှင်းလို့ ရပါတယ်။အိပ်ယာ မဝင် ခင် သွားတိုက် ဆေး အုံ ပေးလိုက်ပါ။နောက် တစ်နေ့ မနက် မိုးလင်း ရင် ဝက်ခြံဖု က သိသိသာသာကို ချပ် သွားပါလိမ့်မယ်။

အကောင်ကိုက်တဲ့ အခါ ဆေး အဖြစ် သုံးနိုင်


အ ကောင် တွေ ကိုက်လို့ ယားယံတဲ့ အခါ မျိုးတွေ မှာ သွားတိုက် ဆေးလဲ အသင့်မရှိရင် သွားတိုက် ဆေး ကို သွားလို့ ရပါတယ်။ပိုးကောင် မွှားကောင် အကိုက်ခံရတဲ့ နေရာကို သွားတိုက် ဆေး အုံ ပေး၊လိမ်း ပေးလိုက် ပါ။အဲ့ဒီအ ခါမှာတော့ ယားယံတာ ၊ရောင်ရမ်းတာတွေ ချက် ချင်း သက်သာ သွားပါလိမ့်မယ်။

ကလေးနို့ ဘူးဆေး


က လေးနို့ ဘူးတွေ နု့ိ နံ့ တွေ အရမ်းနံ နေရင် လည်း သွားတိုက် ဆေးကို သုံး လို့ရပါတယ်။ဘူးမှာ ဆိုး နေတဲ့ အနံ့ တွေ ကို ပျောက်ကင်းအောင် လုပ် ပေးနိုင်ပါတယ်။

မျက်နှာ ချေးချွတ်

Image:freepik.com/tatianakim

Gel Type မဟုတ်တဲ့ သွားတိုက် ဆေး ကို သုံးပါ။သွားတိုက် ဆေး လက်ဖက်ရည် ဇွန်းတစ် ဇွန်းကို ညှစ် ထည့်ပါ။ပြီးရင်တော့ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ယူပါ။ပြီးရင် တော့ နှစ်ခုကို ရော မွှေပါ။ပြီး ရင် တော့ မျက်နှာ ပေါ်မှာ လိမ်းပေးပါ။(မျက်လုံးထဲ မဝင် အောင် ဂရုစိုက်ပါ)။မျက်နှာ ပေါ်မှာ ငါးမိနစ် လောက် လိမ်း ထားပေးပြီး ရေနဲ့ ပြန် ဆေးချပါ။

အစွန်းတွေ ချွတ် ပေးနိုင်


သွားတိုက် ဆေးကို အစွန်းချွတ် တဲ့ နေရာမှာလည်း သုံး လို့ရပါတယ်။အဝတ်အစားတွေ ပေါ်မှာ စွန်း ထင်း နေရင် တော့ ဒီနည်းကို သုံးလို့ ရပါတယ်။သွားတိုက် ဆေးကို အစွန်း ပေါ်မှာ တင် လိုက်ပါ။ပြီးရင် တော့ Brush နဲ့ ပွတ် ဆေးချ လိုက်ပါ။ဖိနပ် တွေ ညစ်ပတ် နေရင် လည်း သွားတိုက် ဆေးကို သုံးလို့ ရပါတယ်။

နံရံ ပေါ်က ဟာတွေကို ဖျက် နိုင်

Image:freepik.com/yanalya

နံရံ ပေါ်မှာ က လေးတွေ က ရောင်စုံ ခဲတံ တွေနဲ့ ပုံတွေ လျှောက် ဆွဲထား တာ မျိုး တွေကိုလည်း သွားတိုက် ဆေး ကို သုံးလို့ရပါတယ်။

#AUNTYMAY




Some text some message..