
စွယ်တော်ပန်းပင် အလတ်စား ပေ ၅၀ မှ ၆၀ အထိကို မြင့်တတ်ကြပါတယ်။ အိန္ဒိယ၊ ပါကစ္စတန်နှင့် တရုတ်ပြည်တောင်ပိုင်းတို့တွင်အများဆုံးတွေ့ရတဲ့အပြင် အရှေ့တောင်အာရှနိုင်ငံတွေမှာ အများဆုံးရှိတတ်ကြ ပါတယ်။ စွယ်တော်ပန်းက ဒီတိုင်းဆိုရင် အနည်းငယ်ခါးသက်သက်နိုင်ပါတယ်။ စွယ်တော်ပန်း၏ အဓိက ဒြပ်ပေါင်းတွေမှာ ဗီတာင်မင်စိအပြင် အခြားသော မရှိမဖြစ်ဒြပ်ပေါင်းတွေများစွာ ပါရှိပါတယ်။ စွယ်တော်ပန်း ပွင့်လည်းစားသုံးလို့ ရသလို၊ စွယ်တော်ရွက်တွေလည်း စားသုံးပေးလို့ ရပါတယ်။ ဒါကြောင့် အခုပြောပြချင်တာကတော့ စွယ်တော်ပန်းပွင့်ကို စားသုံးပေးမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲဆို တာကိုပြောပြပေးလိုက်ပါတယ်နော်။
၁။ သွေးလိပ်ခေါင်းရောဂါကိုကုသပေးနိုင်ခြင်း
စွယ်တော်ပန်းသည် မနှစ်မြို့ဖွယ်ကောင်းတဲ့ သွေးလိပ်ခေါင်းရောဂါကို ကုသရာမှာ များစွာ အကျိုးရှိလှပါတယ်။ အလွန်ကို မနှစ်မြို့ဖွယ်ကောင်းတဲ့ သွေးလိပ်ခေါင်းရောဂါဖြစ်ချိန်မှာ စအိုမှာ ရောင်ရမ်းလာပြီး သွေး ကြောများပေါ်ပေါက်လာတတ်ပါတယ်။ သွေးလိပ်ခေါင်းဖြစ်နေတဲ့အချိန် ထိုင်ခုံမှာ ထိုင်တဲ့အခါ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရပါတယ်။ တကယ်လို့သာ စွယ်တော်ပန်းပွင့်ကို စားသုံးပေးမယ်ဆိုရင် ထိရောက်ကုသပေးနိုင်ပါတယ်။ ပြင်းထန်တဲ့ နာကျင်မှုအပြင် သွေးလိပ်ခေါင်းကို ပျောက်ကင်းတဲ့အထိ ကုသပေးနိုင်ပါ တယ်။
၂။ ကင်ဆာဆန့်ကျင်ဂုဏ်သတ္တိများပါဝင်ခြင်း
စွယ်တော်ပန်းပင်သည် ကင်ဆာဆဲလ်များကြီးထွားမှုကို နှေးကွေးစေပါတယ်။ ၎င်းသည် ကင်ဆာဆဲလ်များကို ကျုံစေပြီး apoptosis ဖြစ်စေပါတယ်။ ပန်းပွင့်နှင့် ပင်စည်ပြုတ်ရည်ကို ၃ခွက် တစ်ခွက်ကျိုသောက်ပါက အရောင်နှစ်မျိုး ဆေးဖက်ဝင်ပါတယ်။
၃။ အစာကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကို သက်သာစေနိုင်ခြင်း
စွယ်တော်ပန်းပင်အခေါက်မှ ထုတ်ယူထားတဲ့ အမှုန့်က အစာခြေစနစ်ကို တည်ငြိမ်အောင်ကူညီပေးနိုင် ပါတယ်။ အစာခြေစနစ်ကိုလည်း ပြန်လည်ကောင်းမွန်စေပီး အစာစားချင်စိတ်ကိုလည်းတိုးပွားစေနိုင်ပါတယ်။ ရောဂါပိုးကူးစက်ခြင်း (သို့) ကျန်းမာရေးမကောင်ခြင်းကြောင့် ဝမ်းဗိုက်ပြဿနာများကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။
၄။ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ခြင်း
စွယ်တော်ပန်းမှာ အင်ဆူလင်ကဲ့သို့သော ဂုဏ်သတ္တိများပါဝင်နေပါတယ်။ စွယ်တော်ပန်းက သွေးတွင်းသကြားဓာတ်ကိုလျှောချပေးနိုင်တဲ့အပြင် သကြားဓာတ်အဆင့်ဆင့်ကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။
၅။ သွေးများကိုသန့်စင်စေနိုင်ခြင်း
စွယ်တော်ပန်းများကို ကြီးကျယ်ခမ်းနားတဲ့ဆေးရည်အဖြစ် ယူဆကြပါတယ်။ စွယ်တော်ပန်းက သွေးအဆိပ်တတ်ခြင်း၊ သွေးထဲရှိအဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။ ခန္ဓာကိုယ်ရှိအသည်းနဲ့ အခြားသော အင်္ဂါအစိတ်အပိုင်းတွေအတွက်လည်း အလွန်ကိုအရေးပါလှတဲ့ ကုထုံးတစ်မျိုးဖြစ်ပါတယ်။
၆။ ပါးစပ်ရောဂါများကို ကုသပေးနိုင်ခြင်း
စွယ်တော်ပန်းပင်အခေါက်အမှုန့်က ပါးစပ်အတွင်းရှိ ဘက်တီးရီးယားပိုးများကိုတိုက်ထုတ်ပေးနိုင်ပါတယ်။ စွယ်တော်ပန်းပင်အခေါက်က ဓာတုဗေဒပစ္စည်းရှိ ဘက်တီးရီးယားပိုးမွှားများကို သေစေနိုင်ပြီး ပါးစပ်အတွင်းရှိ PHကိုလည်း မျှတအောင် ကူညီပေးနိုင်ပါတယ်။ ပါးစပ်အနံ့ထွက်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်။
၇။ ရာသီလာတဲ့အချိန် အလွန်အမင်းများခြင်းကိုထိန်းညှိပေးနိုင်ခြင်း
ရာသီလာချိန်မှာဖြစ်တတ်တဲ့ အလွန်အမင်းများခြင်းကြောင့် မူးဝေတာမျိုးဖြစ်တတ်ပါတယ်။ စွယ်တော်ပန်းကို ဟင်းအဖြစ်စားသုံးပေးမယ်ဆိုရင် အလွန်အမင်းများခြင်းကိုလည်း လျှော့ချပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်တွင်းမှာ မကျန်အောင်လဲ ကူညီပေးနိုင်ပါတယ်။ စွယ်တော်ပန်းက ရာသီလာချိန် တစ်လျှောက်လုံးသွေး လည်ပတ်မှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။