အိမ်ထောင်မပြုခင် လေ့လာကျင့်သုံးသင့်တဲ့ အမူအကျင့် (၄) ခု
mystylemyanmar.com
|
2020-09-22

ကားမောင်းလိုင်စင်မရခင် စာမေးပွဲဖြေရပါတယ်။ တကယ့်လက်တွေ့ အပြင်မှာ မောင်းတဲ့အချိန် ဘာအန္တရာယ်မှ မဖြစ်ရအောင် ညွှန်ကြားချက်တွေကို သေချာလိုက်နာရပါတယ်။ အိမ်ထောင်ပြုခြင်းမှာလည်း ဒီလိုပါပဲ။ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်ဖို့ သိသင့်တဲ့အရာတွေကို ကြိုလေ့လာထားသင့် ပါတယ်။ သင်က အိမ်ထောင်မပြုခင် ဒီစိတ်နေစိတ်ထား အပြုအမူတွေကို လေ့လာကျင့်သုံးသင့်ပါတယ်။

၁။ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ခြင်း




သင်က စိတ်ဆတ်လွယ်တယ်၊ စိတ်ဆိုးစရာတစ်ခုခုတွေ့တာနဲ့ ဝုန်းဒိုင်းကျဲတယ်ဆိုရင် အိမ်ထောင်ပြုတဲ့အချိန် ဒီအပြုအမူက အဆိုးဘက်ပဲ ဦးတည်စေနိုင်ပါတယ်။ ကိုယ့်စိတ်ကို အတက်နိုင်ဆုံးတည်ငြိမ်အောင်ကြိုးစားသင့်ပါတယ်။ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်းက အိမ်ထောင်မပြုခင် လေ့ကျင့်ထားသင့်တဲ့အရာတစ်ခုပါ။

၂။ ဆက်ဆံရေး




ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့ Skill ကလည်း အိမ်ထောင်မပြုခင် ရှိထားသင့်ပါတယ်။ လူတစ်ယောက်ပြောတဲ့စကားကို အဖျက်သဘောဘက်ပဲ စဉ်းစားတတ်တဲ့အကျင့်ရှိရင် ပြန်ပြင်သင့်ပါတယ်။ သင့်လက်တွဲဖော်ပြောတဲ့စကားက စိတ်ညစ်စရာဆိုရင်တောင် သင့်ဘက်က အကောင်းမြင်စိတ်၊ စိတ်အားထက်သန်မှု အပြည့်နဲ့ နားထောင်ပေးဖို့ လေ့ကျင့်သင့်ပါတယ်။

၃။ ညှိနှိုင်းခြင်း




ကျန်း်မာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသူတွေက “နင့်အကြံ” “ငါ့စိတ်ကူး” စသဖြင့် စကားများတတ်ပေမယ့် နောက်ဆုံးမှာတော့ “ငါတို့ နည်းလမ်း” အဖြစ်ကို ဦးတည်သွားတတ်ကြပါတယ်။ နှစ်ယောက်အတူ ဖြေရှင်းနိုင်မယ့် နှစ်ယောက်လုံး လက်ခံနိုင်မယ့် နည်းလမ်းတွေကို ညှိနှိုင်းတတ်ဖို့ လေ့ကျင့်သင့်ပါတယ်။

၄။ အကောင်းမြင်စိတ်




ကိုယ့်မှာရှိတဲ့အရာကို အကောင်းမြင်စိတ်နဲ့ တန်ဖိုးထားသင့်ပါတယ်။ သင့်ချစ်သူရဲ့ ဟာသတွေကို သဘောတကျ ရယ်မောပေးတာ၊ သူပြောတာကို ထောက်ခံတာ၊ သူ့ကို တန်ဖိုးထားကြောင်း ပြသခြင်း အပြုအမူတွေဟာ အကောင်းမြင်စိတ်ရင့်သန်သူတွေမှာ တွေ့ရတတ်ပါတယ်။ ကိုယ့်အကောင်းမြင် စိတ်ပိုများလေ အိမ်ထောင်ရေးက ပိုပျော်ရွှင်ရလေပါပဲ။

Photo Source: Pinterest

By MyStyle Myanmar


The post

အိမ်ထောင်မပြုခင် လေ့လာကျင့်သုံးသင့်တဲ့ အမူအကျင့် (၄) ခု appeared first on

MyStyle Myanmar .




Some text some message..