နဂါးမောက်သီးကို ပုံမှန် စားပေးသင့်တဲ့ အကြောင်းအရင်း (၅) ချက်
auntymay.com
|
2020-09-25

နဂါးရဲ့ အမောက်လို ပုံစံမျိုးလေးနဲ့ အနီရောင် အခွံနဲ့ နဂါးမောက်သီးက လူတွေအတွက် သိပ်ကို အကျိုးပြုနေတဲ့ အသီးတစ်မျိုးပါပဲ။ အခွံခွာရတာလည်း လွယ်ကူသလို ဆိမ့်ဆိမ့်ချိုချိုလေးနဲ့ စားလို့ သိပ်ကောင်းတာမို့ သရေစာ အဖြစ်လည်း စားလို့ သင့်တော်သလို ဖျော်ရည်အဖြစ်လည်း လိုက်ဖက်နေပါသေးတယ်။ နဂါးမောက်သီးကတော့ သုံးမျိုး ရှိပါတယ်။ ဒါပေမယ့် အတွေ့များတာကတော့ အနီရောင်အသားနဲ့ အဖြူရောင်အသား ဖြစ်နေတဲ့ အသီးတွေပါပဲ။ နောက်တစ်မျိုးကတော့ အဝါရောင်နဲ့ အဖြူရောင် တွဲဖက်နေတဲ့ အသီးပါပဲ။ ဘာပဲဖြစ်ဖြစ် နဂါးမောက်သီးကတော့ အခုလို အာနိသင်တွေနဲ့ လူတွေကို အကျိုးပြုနေပါတယ်နော်။


(၁) အာဟာရ ပြည့်ဝပါတယ်

နဂါးမောက်သီးကတော့ တကယ့်ကို ဗီတာမင်တွေနဲ့ အာဟာရတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ နဂါးမောက်သီးမှာ ပရိုတိန်း၊ ကာဗွန်ဟိုက်ဒြိတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် စီ၊ ဗီတာမင် E တွေ ပါဝင်နေပါတယ်။ ဒါတွေက တကယ့်ကို ကောင်းမွန်တဲ့ အချက်ပါပဲ။


Photo by Lovefood Art from Pexels


(၂) ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်

ရောဂါပိုးတွေ ဘက်ပေါင်းစုံကနေ ဝင်ရောက်မလာစေဖို့ဆိုရင် ကိုယ့်ရဲ့ ကိုယ်ခံအား စနစ်က ကောင်းမွန်နေမှ ဖြစ်မှာပါ။ နဂါးမောက်သီးမှာ ဗီတာမင် စီနဲ့ ကရိုတန်နွိုက်တွေ ပါဝင်လို့ ကိုယ်ခံအား စနစ်ကို မြှင့်တင်ပေးပြီး သွေးဖြူဥတွေကို မပျက်စီးအောင် ကာကွယ်ပေးနိုင်ကြပါတယ်။


snapwire/pexels


(၃) အစာခြေစနစ်ကို ကောင်းမွန်စေတယ်

နဂါးမောက်သီးမှာ အမျှင်ဓာတ်တွေလည်း ပါဝင်လို့ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ လူတစ်ယောက်က တစ်နေ့ကို ၂၅ ဂရမ်ကနေ ၃၈ ဂရမ်အထိ စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် နဂါးမောက်သီးကို နေ့စဉ် စားသုံးပေးမယ်ဆိုရင်တော့ သင့်အတွက် အစာခြေစနစ်ကို ဂရုစိုက်ပေးရာ ရောက်ပါတယ်နော်။


Photo by Md. Momtaz Ali from Pexels


(၄) အဆီမတက်စေပါဘူး

နဂါးမောက်သီးက အဆီပါဝင်မှု လုံးဝ မရှိတာကြောင့် သင့်ကို ဝိတ်အများကြီး မတက်စေတဲ့ အသီးအနှံတစ်မျိုး ဖြစ်ပါတယ်။ အသီးလည်း စားချင်တယ်။ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ ခန္ဓာကိုယ်ကိုလည်း ထိန်းသိမ်းမယ်ဆိုရင် နဂါးမောက်သီးက သင့်တော်ပါတယ်။


pixabay/pexels


(၅) ကျန်းမာစေပါတယ်

ခန္ဓာကိုယ်ထဲကို ပြင်ပရောဂါပိုးတွေ ဝင်ရောက်လာပြီး ဆဲလ်တွေကို ပျက်စီးစေတာမျိုးက ရောဂါနဲ့ တုတ်ကွေး စတာတွေကို ဖြစ်စေနိုင်ပါတယ်။ နဂါးမောက်သီးက antioxidant တွေ ကြွယ်ဝစွာ ပါဝင်လို့ ဆဲလ်တွေ ပျက်စီးတာမျိုးနဲ့ ရောင်ရမ်းတာမျိုးတွေကိုပါ လျှော့ကျစေနိုင်လို့ ကိုယ့်ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

Kham




Some text some message..