
နွယ်မြက်သစ်ပင်ဆေးဖက်ဝင်၏ ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ မြန်မာနိုင်ငံမှာရှိတဲ့ အသီးအနှံတွေ တော်တော်များများမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အာဟာရဓာတ်တွေအပြင် ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုပေးနိုင်ပါတယ်။ အခုပြောပြမှာကတော့ ဖန်ခါးသီးအကြောင်းပဲဖြစ်ပါတယ်။ ဖန်ခါးသီး ဆိုတဲ့နာမည်အတိုင်း စကိုက်လိုက်တဲ့အချိန်မှာ ဖန်ပြီးခါးတဲ့အရသာကို ရရှိစေနိုင်ပါတယ်။ ရေအနည်းငယ်သောက်လိုက်တဲ့အချိန်မှာတော့ ပါးစပ်မှာ ချိုနေတဲ့အရသာကို ရရှိစေနိုင်ပါတယ်။ ဖန်ခါးသီးမှာ ပါဝင်တဲ့အာဟာရဓာတ်တွေက ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူဖြစ်စေနိုင်လဲဆိုတာကို ပြောပြပေးလိုက်ပါတယ်နော်။
၁။ အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးကိုစောင့်ရှောက်ပေးခြင်း
ဖန်ခါးသီးကို ပုံမှန်စားသုံးပေးခြင်းကြောင့် အစာခြေလမ်းကြောင်း၏ လုပ်ဆောင်မှုများကို မြှင့်တင်ပေးပြီး အူသိမ်အူမ ကို ပံ့ပိုးပေးကာ စားထားတဲ့ အစာအာဟာရများကို စုပ်ယူနိုင်ပါတယ်။ အစာအိမ်ရောင်တဲ့အခါဖြစ်တတ်တဲ့ အစာမကြေခြင်း၊ ရင်ပူခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် အစာအိမ်အချဉ်ပေါက်ခြင်းကိုလျော့နည်းစေခြင်း၊ အစာအိမ်အနာဖြစ်ခြင်းကို ကာကွယ်ပေးခြင်း၊ အစာအိမ်ရောင်ခြင်းနဲ့ အစာအိမ်ရောဂါများကို ကာကွယ်ပေးပါတယ်။
၂။ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်ခြင်း
ဖန်းခါးသီးက သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်ပါတယ်။ ဖန်ခါးသီးမှာ chedulic ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကိုလည်း လျော့နည်းစေနိုင်ပါတယ်။
၃။ ပါးချိတ်ရောင်ခြင်း
ဖန်ခါးသီးက ပါးချိတ်ရောင်ခြင်း ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ ဖန်ခါးသီးက ရောင်ရမ်းခြင်းကိုလည်း ကုသပေးနိုင်တာကြောင့် စားသုံးပေးသင့်ပါတယ်။ လျင်မြန်စွာလည်း သက်သာစေနိုင်ပါတယ်။
၄။ ပါးစပ်အနာဖြစ်ခြင်း
ဖန်ခါးသီးအမှုန့်က ဒိန်ချဉ်(သို့) ထောပတ် တို့နဲ့ ရောပြီး အနာပေါ်ကို လိမ်းပေးပါက အနာပျောက်ကင်းစေနိုင်ပါတယ်။ ပါးစပ်ရောင်ခြင်း၊ ပါးစပ်နာခြင်း တို့အတွက် ရောစပ်ပြီး သုံးနိုင်ပါတယ်။ ဒါ့အပြင် သွားကိုက်ခြင်း (သို့) သွားဖုံးပြဿနာကြောင့် ခံစားနေရတဲ့ ဝေဒနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
၅။ နာကျင်ခြင်းကို သက်သာစေနိုင်ခြင်း
ဖန်ခါးသီးက ရောင်ရမ်းခြင်းကို ဆန့်ကျင်သော ဂုဏ်သတ္တိများ ပါဝင်တာကြောင့် အဆစ်ရောင်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။